Thursday, September 6, 2018

A Girl At My Door (2014) မြန်​မာစာတန်းထိုး

Synopsis

A girl at my door (2014) မြန်​မာစာတန်းထိုး
Name: A girl at my door
Casts: Bae Doona, Kim Sae Ron
IMDb: 7/10
2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ ကိုးရီးယားရုပ်ရှင်ပါ။ သဘာဝမင်းသမီး Bae Doona နဲ့ နာမည်ကြီးကလေးသရုပ်ဆောင် Kim Sae Ron (အခုတော့ ကလေးမဟုတ်တော့ပါဘူးနော် 😍) တို့ပါဝင်သရုပ်ဆောင်ပြီး ရုပ်ရှင်ဆုပေါင်း ဇကာတင် ၁၄ခုမှာ ၈ဆုထိရခဲ့တဲ့ ဇာတ်ကားလေးပါ။ အမြင့်ဆုံးဆု Blue Dragon’s award မှာ Kim Sae Ron လေး Best New Actress ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
ဇာတ်လမ်းလေးကတော့ ရဲအုပ်လီယောင်နမ် ( Bae Doona) ဟာ လူမှုရေးပြစ်ချက်တစ်ခုကြောင့် ပင်လယ်ကမ်းစပ်မြို့လေးက ရဲစခန်းမှာ ပြောင်းရွှေ့တာဝန်ပေးခံရပါတယ် ။ အဲ့ဒီမြို့လေးမှာ အတန်းဖော်တွေ အနိုင်ကျင့်တာ ခံနေရတဲ့ ဆွန်းဒိုဟီး (Kim Sae Ron) ဆိုတဲ့ ၁၄နှစ်အရွယ် ကလေးမလေးနဲ့ ဆုံတွေ့ခဲ့တယ်။ နောက်ထပ် သိရတာက အဲ့ကလေးမလေးဟာ အမေဖြစ်သူရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရပြီး သူ့ကိုစောင့်ရှောက်ထားတဲ့ မွေးစားအဖေ ပတ်ယောင်းဟ နဲ့ ပတ်ဟောင်းဟရဲ့အမေဖြစ်သူ အဘွားတို့ရဲ့ အမြဲရိုက်နှက်နှိပ်စက်တာကို ခံနေရပါတယ်။ ပတ်ဟောင်းဟ ဟာ အဲ့ဒီမြို့လေးရဲ့ အလုပ်သမားပွဲစားဖြစ်ပြီး မြို့ရဲ့ဝင်ငွေကသူ့ကိုမှီခိုနေရတာကြောင့် ရွာသားတွေက သူ့ကိုဘာမှမပြောကြပါဘူး။
တစ်ရက်မှာ ပတ်ဟောင်းဟရဲ့အမေ မတော်တဆမှုနဲ့ ပင်လယ်ထဲကျသေဆုံးခဲ့ပြီးနောက် ပတ်ယောင်းဟက ဒိုဟီးကို ပိုပြီးနှိပ်စက်လာခဲ့ပါတယ်။ နှိပ်စက်ခံရတိုင်း ဒိုဟီးက စခန်းမှူးလီရောင်နမ်ဆီ ပြေးလာလေ့ရှိပါတယ်။ ကလေးကိုသနားပြီး သံယောဇဉ်ဖြစ်နေတဲ့ လီရောင်နမ်ဟာ ဒိုဟီးကိုတစ်လလောက် သူ့အိမ်မှာခေါ်ပြီး စောင့်ရှောက်ထားပါတယ်။ ကလေးကိုနှိပ်စက်မှုနဲ့ ပတ်ဟောင်းဟကို ရောင်နမ်ကခဏခဏခေါ်သတိပေးတဲ့အတွက် ပတ်ဟောင်းဟကမကျေနပ်ခဲ့ပါဘူး။
အဲ့ဒီအချိန်မှာဘဲ တရားမဝင်အလုပ်သမားပြဿနာနဲ့ ပတ်ယောင်းဟကိုလီရောင်နမ်က ဖမ်းဆီးခဲ့ပါတယ်။ နဂိုကမှမကျေနပ်နေတဲ့ ပတ်ယောင်းဟဟာ လီရောင်နမ်ရဲ့ဒိမြို့ကိုအပြောင်းရွှေ့ခံခဲ့ရတဲ့ ပြစ်ချက်ကို သိရှိသွားတဲ့အခါမှာတော့….
ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုကြောင့် ကလေးမှာသွားနိုင်တဲ့ စိတ်ရောဂါတစ်မျိုး ခံရပါများတော့ တတ်နိုင်သ၍ ပြန်လည်တုန့်ပြန်မှုတွေကို ဒီဇာတ်ကားမှာစိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ အခုဘဲဒေါင်းပြီးကြည့်လို့ရပါပြီနော် ။
Reviewed And Translated By – Yuzana Nyi
Encoded by Win Kyaw Thu

Download Openload Link (860MB) 

No comments:

Post a Comment

Shopping King Louis (2016) မြန်မာစာတန်းထိုး Complete

❣️ အချစ်​အဝယ်​​တော်​❣️ ---------------------------------------- Director: Lee Sang-Yeob Writer: Oh Ji-Young  Network: MBC  Episodes...