Sunday, April 26, 2020

Shopping King Louis (2016) မြန်မာစာတန်းထိုး Complete

❣️ အချစ်​အဝယ်​​တော်​❣️
----------------------------------------

Director: Lee Sang-Yeob
Writer: Oh Ji-Young
 Network: MBC
 Episodes: 16

သူဌေးသားလေး လူဝီ ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ပြီး မိဘမဲ့ဖြစ်ခဲ့ရလို့ အဘွားဖြစ်သူကအရိပ်တကြည့်ကြည့်နဲ့လိုအပ်တာမှန်သမျှကိုဖြည့်စည်းပေးခဲ့ပြီး မျက်စိအောက်ကအပျောက်မခံတဲ့အတွက် လောကကြီး အကြောင်း ကို ဘာမှမသိဘဲကြီးပြင်းခဲ့ပါတယ်။ တစ်နေ့ အဘွားဖြစ်သူ ရုတ်တရက် လဲသွားတဲ့အတွက် နိုင်ငံခြားမှ ပြန်အလာရောက်ရောက်ချင်းမတော်တဆမှုတစ်ခုကြောင့်အတိတ်မေ့သွားပြီးအခြေနေမဲ့ဘဝကိုရောက်သွားခဲ့ပါတော့တယ်။အဲဒီအချိန်မှာပဲဘို့ရှီးလို့ခေါ်တဲ့တောသူမလေး တစ်ယောက်ဟာအဘွားဖြစ်သူဆုံးသွားလို့ပျောက်ဆုံးနေတဲ့မောင်ဖြစ်သူကိုရှာဖို့မြို့ပေါ်ကိုတက်အလာလမ်းခရီးမှာအိတ်အခိုးခံလိုက်ရပြီးယောင်လည်လည်ဖြစ်နေခဲ့ပါတော့တယ်မာင်ဖြစ်သူကိုရှာနေရင်းနဲ့မထင်မှတ်ဘဲလူဝီနဲ့တွေ့ဆုံခဲ့ပါတယ်။တိုက်ဆိုင်စွာပဲလူဝီဝတ်ထားတဲ့အကျႌမှာမောင်ဖြစ်သူရဲ့အကျႌဖြစ်နေသဖြင့်မောင်လေးအကြောင်းစုံစမ်း ရန်အတိတ်မေ့နေတဲ့ လူဝီကို ဘို့ရှီးတစ်ယောက် ခေါ်ထားလိုက်ပါတော့တယ်။

KnKstore-Online မှ ပြန်လည်တင်ဆက်ပေးပါသည်။

Translated & Encoded By FIV Channel
Uploaded By KnKstore-Online


Download Link
----------------------
Episode 1 (Zippyshare) 260MB

Episode 2 (Zippyshare) 260MB 

Episode 3 (Zippyshare) 260MB

Episode 4 (Zippyshare) 260MB

Episode 5 (Zippyshare) 335MB

Episode 6 (Mediafire) 340MB / Episode 6 (Zippyshare)

Episode 7 (Zippyshare) 360MB

Episode 8 (Mega) 690MB

Episode 9 (Zippyshare) 250MB

Episode 10 (Zippyshare) 350MB

Episode 11 (Zippyshare) 340MB

Episode 12 (Mega) 540MB

Episode 13 (Zippyshare) 240MB

Episode 14 (Zippyshare) 230MB

Episode 15 (Mediafire) 230MB

Episode 16 END (Zippyshare) 240MB

Friday, February 28, 2020

Chief Kim (2017) မြန်မာစာတန်းထိုး

Good Manager (ထက်မြတ်သောဂျာကြီး😝)

===========================

ပရိသတ်ကြီးတော့ မသိဘူး .. ကျွန်တော်ကတော့ ကိုရီးယား Drama တွေဆိုရင် Fancy ဆန်ဆန် ဇာတ်လမ်းလေးတွေဆို အသေကြိုက် .. နောက်ပိုင်း Korean Drama တွေက ဇာတ်အိမ်တွေ အရမ်းကို မာလာတာကို ပရိသတ်တွေ တွေ့မြင်ရမှာ ဖြစ်ပါတယ် .. ဇာတ်လမ်းတွေဆိုလည်း အရမ်းကို မိုက်လာတယ် .. ကိုရီးယားက ကွီးတွေ ခေးတွေကလည်း သေအောင်ကို ပိုးစက်ပက်စက်ကို လှတယ် .. ချောတယ် .. ခန့်တယ် .. ဟုတ်တယ်ဟုတ် .. ကြည့်ရတာ စိတ်ချမ်းသာတာပေါ့ .. ဇာတ််ပို့တွေဆို လည်း အပြင်မှာတွေ့ရင် ဓားနဲ့ထိုးသတ်ချင်လောက်အောင်ကို သရုပ်ဆောင်တာတွေက တော်ကြတယ် .. Korea က Drama တွေ Movie တွေကတော့ အဘက်ဘက်က Perfect ဖြစ်နေကြပြီ .. သိစေချင်တယ် .. ကြည့်စေချင်တယ် .. ဟက်ဟက် 😛 .. အခုလည်း Korean Drama တွေကိုမှာ ကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် ပေါ့ပေါ့ပါးပါးလေးနဲ့ ဇာတ်လမ်း အရမ်းကို ကောင်းတဲ့ Drama လေးတစ်ခုကို ညွှန်းပေးချင်တယ် .............

Drama ရဲ့ နာမည်ကတော့ Chief Kim တဲ့့ Good Manager လို့လည်း လူသိများတဲ့ Drama လေးပါ … Director ကတော့ နာမည်ကြီး တစ်ယောက်ဖြစ်တဲ့ Lee Jae Hoon , ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ KBS2 မှာ 2017 , January 25 ရက်နေ့ကနေ March လ 30 အထိ ပြသခဲ့တဲ့ Drama လည်းဖြစ်ပါတယ် … အဓိက ပါဝင်ထားတဲ့ မင်းသားကတော့ Namgung Min >> ပရိသတ်ကြီးက သူ့ကို Part Time Spy တို့ Bad Guy တို့ Doctors တို့ တကယ်ကို နာမည်ကြီးခဲ့တဲ့ Drama တွေ Movie တွေမှာ တွေ့မြင်ခဲ့ဖူးပြီးပါပြီ , အဓိကမင်းသမီးကတော့ Nam Sang Mi ( ကိုရီးယား Spy ဇာတ်လမ်းတော်တော်များများနဲ့ နာမည်ကြီးတဲ့ မင်းသမီးတစ်ယောက် ) , သူတို့အပြင်် Lee Joon Ho , Jung Hye Seong , Kim Won Hae စတဲ့နာမည်ကြီး သရုပ်ဆောင်တွေကလည်း Supporting Role မှာပါဝင်ထားတယ် .. အပိုင်း 20 တိတိ ရှိတယ်...........

Rating ကလည်း တော််တော်ကောင်းတယ်လို့ ပြောလို့ရတယ် … 8.3/10 ဆိုတော့ကား .. TNS Media Korea နဲ့ AGB Nielson တို့ရဲ့ ထုတ်ပြန်ချက်အရ Chief Kim ရဲ့ တစ်ပိုင်း တစ်ပိုင်း ပြပြီးတိုင်း Top 3 အမြဲဝင်တဲ့ Drama တစ်ကား … Chief Kim Drama မရိုက်ကူးမီ အဓိကမင်းသားကို ရည်ရွယ်ထားတာက နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ Cha Tae Hyun … ဒါပေမယ့် Cha Tae Hyun က လက်မခံခဲ့လို့ Namgung Min ကို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ် .. Chief Kim ရဲ့ First Script Reading ကိုတော့ December 15,2016 မှာ KBS Annex Broadcasting Station မှာကျင်းပခဲ့တာလည်း ဖြစ်ပါတယ် ( First Script Reading ဆိုတာ ပထမဆုံးအကြိမ် မိမိက ဘယ် Role မှာ သရုပ်ဆောင်ရမယ် .. ဘယ် အခန်းမှာ မိမိပါတယ် မပါဘူး … ဇာတ်လမ်းရဲ့ Script အသေးစိတ် .. အဲနေ့မှာပဲ သရုပ်ဆောင်တွေ .. Production သမားတွေ သိရတဲ့နေ့ ) .. ဇာတ်လမ်းလေးကတော့ Chief Kim ဆိုတဲ့ အတိုင်းပဲ .. Kim Sung Ryong ( အဓိကမင်းသား Namgung Min ရဲ့ Character နာမည် ) ရဲ့ အကြောင်းပေါ့ .. မင််းသား အစပိုင်းမှာ တကယ့် အဆိုးအသွမ်း လူမိုက််ခေါင်းဆောင်တွေရဲ့ စာရင်းကိုင်အလုပ်ကို လုပ်ကိုင်တယ် .. ဒါပေမယ့် လူမိုက်တွေနဲ့ ကွိုင်တက်ပြီး ထွက်ပြေးလာခဲ့ရတယ် .. အရမ်းလည်း ရီရတယ်ဗျ .. နောက်တော့ မင်းသားက သူ့ဘဝမှာ တစ်ခါပဲ ရတဲ့ အခွင့််အရေးတစ်ခုကို ရခဲ့တယ် .. အဲဒီ အခွင့်အရေးကတော့ သူ့အတွက် လုံးဝအကြီးကြီး … TC Company ရဲ့ Accounting ပိုင်းမှာ Chief အဖြစ်တာဝန်ယူရမယ့် အလုပ် .. သူ့အရမး်ကိုပျော်တာပေ့ါ .. ဟဲဟဲ အဲ့အပျော်တွေ ကြာရှည်မခံပါဘူး .. Company ကနာမည်သာ ကြီးတာ .. တကယ်က ဝန်ထမ်းတွေရဲ့ အကျင့်ပျက်မှုတွေ အထက်လူကြီးတွေရဲ့ ချစားမှုတွေ ၊ အလွှဲသုံးစားလုပ်မှုတွေကြောင့် ယိုရွှဲနေတဲ့ Company ဖြစ်နေမှန်း သူ့အလုပ်ဝင်ပြီး နောက်မှ သိခဲ့ရတယ် .. မင်းသား မှာမျှော်လင့်ချက်ဆိုလို့လဲ ဒီအလုပ်ပဲရှိတော့တယ်လေ .. အဲ့တော့ မင်းသားက အရူးကွက်နင်းပြီး Company ပြန်ရပ်တည်နိုင်ဖို့အတွက် ကြိုးစားတယ် ၊ ဖော်ထုတ်တယ် အရမ််းလည်းရီရတယ် … သုံးသွားတဲ့ အကွက်တွေကလည်း စွန်းလန်းတယ် .. သေချာပြောနိုင်တာတစ်ခုက
ဒီ Chief Kim ဆိုတဲ့ Drama လေးက ပရိသတ်တွေကို အမောပြေစေမှာ သေချာပါတယ်ဗျ .......

KnKstore-Online မှ တင်ဆက်ပါသည်။

Review By Movie Bank Online Movie Store


Download Link
------------------
Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11

Episode 12

Episode 13

Episode 14

Episode 15

Episode 16

Episode 17

Episode 18

Episode 19

Episode 20 END




Friday, May 10, 2019

Mrs. Cop Season 2 (2016) မြန်မာစာတန်းထိုး Complete

ဘဝအားမာန် (Season 2)
=======================
KnKstore-Online မှာ season 1 တင်ဆက်ပေးခဲ့ပြီး အခုတခါ season 2 ကို ထပ်မံတင်ဆက်လိုက်ပါတယ်။
ဘဝအားမာန် (Season 1) ချွဲယောင်ဂျင်း အလုပ်မှ အနားယူသွားပြီးနောက် နယူးယောက်ခ် F.B.I Science မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂိုယွန်းဂျောင်းဟာ တောင်ကိုရီးယားကို ပြန်ရောက်လာပြီး ချွဲယောင်းဂျင်းရဲ့နေရာကို တာဝန်ယူဖို့ ရောက်လာခဲ့ပါတယ်။ နယူးယောက်ခ်မှ ကိုရီးယားသို့ပြန်လာလာချင်း မထင်မှတ်ဘဲ တရားခံနဲ့ တိုက်မိပြီး အဲဒီတရားခံကို မရရအောင် နောက်ကလိုက်ပြီး ဖမ်းခဲ့တဲ့ ဂိုယွန်းဂျောင်း။ သူမ အမျိုးသား အရှိန်အဝါနဲ့ အဖွဲ့မှူးဖြစ်လာတယ်လို့ ထင်မှတ်နေကြတဲ့ လုပ်ဖော်ကိုင်ဖက် စုံထောက်တွေ၊ တခြားဌာနက ဝန်ထမ်းတွေကတော့ သူမကို သဘောမကျကြပါဘူး။ အဖွဲ့အသစ်တစ်ခု ဖွဲ့ဖို့ အဖွဲ့ဝင်တွေ လိုအပ်နေတဲ့ သူမအတွက်တော့ အခက်တွေ့စရာပါ။
နောက်ပိုင်းမှာ တကယ်အားကိုးရတဲ့ သူမတူတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ အဖွဲ့သားတွေ ဘယ်လို ရောက်လာပြီး သူတို့အတူ ပူးပေါင်းပြီးတော့ ရာဇဝတ်မှုတွေကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

Review By - Credit:Original Writer


Download Link
------------------
Episode 1 (OP) 

Episode 2 (OP)

Episode 3 (OP)

Episode 4 (OP)

Episode 5 (OP)

Episode 6 (OP)

Episode 7 (OP)

Episode 8 (OP)

Episode 9 (OP)

Episode 10 (OP)

Episode 11 (OP)

Episode 12 (OP)

Episode 13 (OP)

Episode 14 (OP)

Episode 15 (OP)

Episode 16 (OP)

Episode 17 (OP)

Episode 18 (OP)

Episode 19 (OP)

Episode 20 END (OP)



Sunday, April 14, 2019

A Gentleman’s Dignity ( 2012 ) မြန်မာစာတန်းထိုး Complete

 (လေးဆယ်ကျော်အချစ်)
====================
ဆယ်ကျော်သက် လူငယ်အချစ်ဇာတ်လမ်းတွေချည်းပဲ ရိုးအီလာကြတယ့် ပရိသတ်တွေအတွက် အသက် 40 အရွယ် လူပျိုကြီးတို့ရဲ့ အချစ်ဟာသဇာတ်လမ်းလေးကို ရသအသစ်တစ်ခုအနေနဲ့ ခံစားလို့ရအောင် တင်ဆက်ပေးလိုက်ရပါတယ် … ဒီဇာတ်ကားလေးကတော့ 2012 ခုနှစ်ထဲက ထွက်ရှိခဲ့တဲ့ နာမည်ကျော် Korean Comedy Series လေးတစ်ခုပဲ ဖြစ်ပါတယ် …
Main Cast တွေအနေနဲ့ Jang Dong-Gun, Kim Su-Ro, Kim Min-Jong, Lee Jong-Hyuk တို့နှင့်အတူ Kim Ha-Neul, Yoon Se-Ah တို့က ပါဝင်ထားပါတယ် ….
Kim Do-jin ၊ Im Tae-san ၊ Choi Yoon နဲ့ Lee Jung-rok တို့ ၄ ယောက်ဟာ ငယ်ငယ်ထဲကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပါတယ် … တစ်စုံတစ်ယောက်ကို လက်ထပ်ဖို့စိတ်ကူးမရှိတဲ့ ဆွဲဆောင်မှုရှိတဲ့ Architect တစ်ယောက်ဖြစ်တဲ့ Kim Do-jin နဲ့ ရိုးသားပြီး ချစ်စရာကောင်းတဲ့ ကျောင်းဆရာမလေး Seo Yi-soo တို့ အပျော်တမ်း baseball ပြိုင်ပွဲမှာ တွေ့ဆုံမိရာက သူတို့ 2 ယောက်ကြားမှာ romantic ဆန်တဲ့ ဇာတ်လမ်းလေး ဖြစ်ပေါ်လာပါတော့တယ် …
Seo Yi-soo က သူငယ်ချင်းရဲ့ရည်းစားကို တစ်ဖက်သတ်ကြိုက်နေတာကို Kim Do-jin သိသွားတဲ့အခါ ဘာတွေဖြစ်လာမှာလဲ? Seo Yi-soo ကရော သူ့ကို တစ်ဖက်သတ်ချစ်နေတဲ့ Kim Do-jin ကို ပြန်ချစ်နိုင်မှာလား?
သက်လတ်ပိုင်းယောကျာ်းလေးယောက်ရဲ့ အချစ်နဲ့ဘ၀အကြောင်းတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာတော့ တစ်ခေတ်တစ်ခါက ပျိုမေတို့ရဲ့ အသည်းစွဲဖြစ်တဲ့ ဒါရိုက်တာရင်လို့ခေါ်တဲ့ ဂျန်ဒေါင်ဂန်က ကင်ဒိုဂျင်းအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် …
တကယ်ကို ရီမောပျော်ရွှင်စေနိုင်တဲ့ ဇာတ်ကားအမျိုးအစားလေး ဖြစ်တဲ့အတွက် romantic comedy ကြိုက်သူတိုင်းအတွက် တင်ဆက်ပေးလိုက်ပါတယ်နော် … Rating အရ IMDb မှာ 8.1/10 နှင့် MyDramaList မှာ 8.4/10 အသီးသီးရရှိထားပါတယ် …
( ဇာတ်လမ်းအညွှန်းကိုတော့ Mee Nge မှ ရေးသားပေးထားပါတယ် )

Translator : Poe Thiri Swe
Encoder : Ziven
Quality : 720p WEB-DL
File Size : 510 MB

Myanmar Asia TV Channel မှ ကူးယူဖော်ပြပါသည်။

Download Link
-----------------
Episode 1 (Openload)

Episode 2 (Openload)

Episode 3 (Openload)

Episode 4 (Openload)

Episode 5 (Openload)

Episode 6 (Openload)

Episode 7 (Openload)

Episode 8 (Openload)

Episode 9 (Openload)

Episode 10 (Openload)

Episode 111 (Openload)

Episode 12 (Openload)

Episode 13 (Openload)

Episode 14 (openload)

Episode 15 (Openload)

Episode 16 (Openload)

Episode 17 (Openload)

Episode 18 (Openload)

Episode 19 (Openload)

Episode 20 (Openload) END








Sunday, March 31, 2019

Eulachacha Waikiki (2018) မြန်မာစာတန်းထိုး Complete

တနေ့တာ အလွဲများ
==============
  စုံထောက်ကားတွေ ဆက်နေတယ်ပေါ့ 😜😜
ဒီတစ်ခါတော့ ရယ်စရာလေးဘက်ကို မြှားဦးလှည့်လိုက်မယ်နော်😁😁
မရယ်ရမှာတော့ မပူနဲ့ တစ်ကားလုံး ပါးစပ်အဟောင်းသား ဖြစ်အောင် ရယ်ရမှာ 😂😂
ဒီကားလေးကတော့ JTBCက ထုတ်လွှင့်တဲ့ကားလေးပါ တနင်္လာ အင်္ဂါ မှာ ပြသနေတဲ့ ဟာသကားလေးပါရှင့် ရယ်မောချင်တယ်ဆိုရင်တော့ မြန်မြန်ပြေးကြည့်ထားမှ ဖြစ်မယ်နော်💃💃💃
ဇာတ်လမ်းအကျဉ်း
Kang Dong Gu (Kim Jung-Hyun သူကတော့ school 2017ကားက ပရိတ်သတ် အချစ်တော် 'X'ပါ)သူဟာ အောင်မြင် ဒါရိုက်တာဖြစ်ဖို့ ရည်ရွယ်ထားပီး ဇာတ်ကားရိုက်ဖို့ ငွေစုနေသူပါ ဒေါသကြီးပေမယ့် အမြဲခံနေရသူပါ
Cheon Jun Ki( Lee Yi-Kyung)ကတော့ သူ့အဖေအတိုင်း အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားအားထုတ်နေသူပါ ဇာတ်ကားတွေမှာ အရံသရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်
Bong Du Shik(Son Seung-Won သူ့ကိုတော့ Age of Youth ထဲမှာ သတင်းထောက် ပုံစံနဲ့ တွေ့ဖူးမှာပါ)
သူကတော့ ဇာတ်ညွှန်းရေးဆရာဖြစ်ချင်သူ ဖြစ်ပီး အချိန်ပိုင်းအလုပ်တွေပဲ လုပ်နေရသူပါ
သူတို့ ၃ယောက်ဟာ guesthouseတစ်လုံး ထူထောင်ထားကြပီး အောင်မြင်ရင် ဇာတ်ကားရိုက်ကာ ရုပ်ရှင်ပွဲတော် တက်ဖို့က သူတို့ရည်ရွယ်ချက်ပါ
ဒါပေမယ့်… သူတို့ guesthouseမှာ တည်းခိုသူမရှိပဲ အကြွေးတွေပဲတင်နေပါတယ်
တစ်နေ့တော့…သူတို့ဆီကို ကလေးတစ်ယောက်နဲ့ single mother ရောက်လာတဲ့အခါ…
-
-
-
-
-
ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုပါဦးနော်
ရယ်ရမယ်လို့ ၁၀၀% အာမခံပါသည်😉😉

KnKstore-Online မှ ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါသည်။

Translated & ReviewBy TYMMtvcom

Download Link
----------------------




















=====END====






Sunday, January 27, 2019

Night Light (2016) မြန်မာစာတန်းထိုး Complete

Illumination White Nights - (ညမီးအိမ်)
========================= 
🌟 အသက်အရွယ်နဲ့ မလိုက်အောင် ထက်မြက် ပြတ်သားသော မိန်းမသား ဆောလီယောင်း...ငယ်စဉ်ကတည်းက ဖခင်၏ ပုံသွင်း ထိန်းကျောင်းခံခဲ့ရသောကြောင့် ငွေကြေးနှင့် ပတ်သက်လျှင် သွေးအေးပြီး လောဘရမ္မက်ကြီးမားခဲ့ပါတယ် ..အရာရာကို ငွေကြေးနဲ့ပဲ တိုင်းတာ တန်ဖိုးဖြတ် ဆုံးဖြတ်တတ်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်လာခဲ့ပါတယ်..ကိုယ့်ဒူးကိုယ်ချွန်ကာ နိုင်ငံခြားသို့ သွားရောက်ပြီး မိန်းမသား တစ်ယောက်တည်း စီးပွားရေး အခြေချ လုပ်ကိုင်ခဲ့ပါတယ် ..
🌟 ရုပ်ရည်အရရော အရည်အချင်းပါ အားလုံး ပြီးပြည့်စုံစွာ ပိုင်ဆိုင်ထားပေမယ့် ဆင်းဆင်းရဲရဲ မွေးဖွားလာမှုကြောင့် ကိုယ့် အစွမ်းအစများကို မထုတ်ဖော် မပြသနိုင်ပဲ အချိန်ပိုင်း အလုပ်သမားလေး ဘ၀နဲ့ လုပ်ကိုင်နေရတဲ့ လီဆယ်ဂျင်း..တစ်ဖက်မှာလည်း မိသားစုအရေးအတွက် အနစ်နာခံကာ ကြိုးစားရုန်ကန်ရင်း ထောက်ပံပေးနေရပါတယ် ..ဒီလို အရည်အချင်းရှိပြီးတော့ စိတ်အားထက်သန်ပြီး လောဘကြီးတဲ့ ဆယ်ဂျင်း တစ်ယောက် သူ့ကံကြမ္မာကို ပြောင်းလဲပေးမယ့် လီယောင်းနဲ့ ဆုံတွေ့ဖြစ်ခဲ့ပါတော့တယ်..အစပိုင်းမှာ အဆင်မပြေမှုများစွာ ရှိခဲ့ပေမယ့်လည်း လီယောင်း၏ ထက်မြက်မှုများ လုပ်ရည်ကိုင်ရည် ရှိမှုများ ပြတ်သားမှုများ စိတ်အား ထက်သန်မှု များကြောင့် လေးစားအားကျနေခဲ့ပါတယ် ..
🌟 ဘ၀မှာ အစစအရာရာ ပြည့်စုံပြီး လိုလေသေး မရှိသော မူဂျင်း လုပ်ငန်းစုက သူဋ္ဌေးသားလေး ဆုန်းဂွန်းဝူ .. သို့သော်လည်း ဥစ္စာဓနကို မမက်မော မခင်တွယ်ပဲ လွတ်လပ်မှုကိုသာ ခုံမင်ပြီး ဂီတကို ချစ်မြတ်နိုးတဲ့ ကောင်လေး .. ဆန့်ကျင်ဖက် အကျင့် စရိုက်ရှိတဲ့ ဂွန်းဝူ နှင့် လီယောင်းတို့ ရေစက်ဆုံ ဖြစ်ခဲ့ပါတော့တယ် ..
🌟 ထက်မြက်တဲ့ အမျိုးသမီး ၂ ယောက်ကြား ပြင်းထန်သော မာန ယှဉ်ပြိုင်မှုများ..အတောမသတ်နိုင်တဲ့ လောဘ မောဟတွေကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများနှင့် ထိပ်ဆုံးကို ရောက်ရှိဖို့ အာဏာပိုင်ဆိုင်ရရေး အားပြိုင်ကြပုံများကို စိတ်ဝင်စားဖွယ် ဇာတ်ရှိန် အတက်အကျ များစွာဖြင့် ဇာတ်အိမ် ဖွဲ့ ရိုက်ကူးထားသော ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်.....အပိုင်း(၂၀) ပါပင်ပါပီး
ဒီဇာတ်လမ်းတွဲကို KnKstore-Online မှ တနင်္ဂနွေ တစ်ရက်တည်း တစ်ပတ် (၂) ပိုင်းတင်ဆက်ပေးပါမယ်။


Translated By Gold Channel


Download Link
------------------
Episode 1 (380MB)

Episode 2 (380MB)

Episode 3 (360MB)

Episode 4 (360MB)

Episode 5 (380MB)

Episode 6 (380MB) 

Episode 7 (380MB)

Episode 8 (380MB)

Episode 9 (370MB)

Episode 10 (370MB)

Episode 11 (370MB)

Episode 12 (370MB)

Episode 13 (390MB)

Episode 14 (390MB)

Episode 15 (380MB)

Episode 16 (390MB)

Episode 17 (380MB)

Episode 18 (380MB)

Episode 19 (380MB)

Episode 20 END (380MB)

Wednesday, January 23, 2019

Dating Agency: Cyrano (2013) မြန်မာစာတန်းထိုး

(အောင်သွယ်တော်/မြှားနတ်မောင်)
------------------------------- 
ဒီတခါမှာတော့ KnK ကနေ ပေါ့ပေါ့ပါးပါးလေးကြည့်ရမဲ့  အချစ်ဟာသကားလေးတခုနဲ့  မိတ်ဆက်လိုက်ပါတယ်။ဒီကားလေးက၂၀၁၀ ထွက်ခဲ့  Cyrano Agency ဇာတ်ကားကို အခြေခံပီး
ဇာတ်လမ်းတွဲပြန်ရိုက်ထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့  Lee Jong-hyuk,Choi Sooyoung
Lee Chun-hee တို့ အဓိက ပါဝင်ထားပီး အပိုင်း (၁၆) ပိုင်း ရှိပါတယ်။ 
ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော်.........

- ဆိုးဗြောင်ဟွန်း - သူ့ ရဲ့  အချစ်ဆုံးသူငယ်ချင်းတစ်ယောက် အက်စီးဒင့်ဖြစ်ပီးဆုံးရှုံးသွားနောက်မှာ စုံတွေကို အောင်သွယ်တော်လုပ်ပေးတဲ့  အဖွဲ့ တခုဖွဲ့ ခဲ့ တယ်၊ ဒါပေမဲ့  အချစ်ထက် လက်တွေ့ ဆန်ဆန်၊ နည်းပညာအကူညီတွေ၊ ကြိုတင်စုံစမ်းမှုတွေနဲ့  ချဉ်းကပ်ပီး အောင်သွယ်တော်လုပ်ပေးတယ်သူတစ်ယောက် (အချစ်ကို မယုံကြည် လက်မခံသူပေါ့)
- ဂုန်မင်ယောင်း- သူကတော့ အောင်သွယ်တော်ကုမ္ပဏီတခုမှာ အလုပ်လုပ်ကိုင်နေပီး သူ့က အချစ်ကို ယုံကြည်ကိုးစားတ့ဲသူတယောက်ပေါ့ ၊ နောက်ပီး အဆင့်မတူတဲ့ သူတွေကို အောင်သွယ်လဲ လုပ်ပေးရသေးတယ်၊ အချစ်နဲ့  ဆိုရင် အရာရာအောင်မြင်နိုင်တယ်လို့ ယုံကြည်သူပေါ့
- ချာဆန်ဖြိုး - သူက တခြားသူတွေနဲ့ လုံးဝမတူဘူး စားဖိုမှူးတယောက်ဖြစ်ပီး လျှို့ ဝှက်တတ်တဲ့ လူတယောက်၊ ဗြောင်ဟွန်းအလုပ်ရုံးခန်းနားမှာပဲ စားသောက်ဆိုင်လေး တစ်ဆိုင်ဖွင့်ထားတယ်။

မင်ယောင် နဲ့  ဗြောင်ဟွန်း တစ်ယောက်နဲ့ တစ်ယောက်မသိကြပဲ ပြိုင်ပီးအောင်သွယ်ပေးရာကနေ မင်ယောင်တစ်ယောက် မအောင်မြင်ဖြစ်ပီး အလုပ်ထုတ်ခံရမဲ့ အရေုးကြုံလာခဲ့တယ်၊ ဒီလိုနဲ့  အမှတ်မထင် ဗြောင်ဟွန်းရဲ့  အလုပ်နေရာကို တွေ့ သွားခဲ့တယ်နောက် သူမကို အတူလုပ်လုပ်ဖို့ ကမ်းလှမ်းတဲ့  အခါ ဘာတွေဆက်ဖြစ်မလဲ.သူတို့သုံးယောက်ကြားက ဆက်ဆံရေးကရော ဘယ်လိုပတ်သတ်လာမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြပါဦးနော်.........

ဒီဇာတ်လမ်းတွဲကို KnKstore-Online မှ အပတ်စဉ် အင်္ဂါနေ့ နဲ့  သောကြာနေ့ များတွင် တစ်ပတ် (၂)ပိုင်းနှုန်းဖြင့် တင်ဆက်သွားပါမည်။


Download Link
------------------
Episode 1 - Openload Link (460MB) / Mediafire Link (460MB)

Episode 2 - Openload Link (600MB)

Episode 3 - Openload Link (600MB)  

Episode 4 - Openload Link (600MB)Nofile.io Link (600MB)

Episode 5 - Openload Link (600MB) /  


Shopping King Louis (2016) မြန်မာစာတန်းထိုး Complete

❣️ အချစ်​အဝယ်​​တော်​❣️ ---------------------------------------- Director: Lee Sang-Yeob Writer: Oh Ji-Young  Network: MBC  Episodes...