Thursday, September 27, 2018

Fanaa (2006) မြန်မာစာတန်းထိုး

IMDb…7.2
ကဲ … အခုလိုအေးချမ်းလှတဲ့ မိုးရာသီလေးမှာ ဆွတ်ပျံကြည်နူးစရာ
အချစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေဗျာ..
ဘောလီဝုဒ်ရဲ့ ခန်း(မ်) ၃ ခန်း(မ်)ထဲက နာမည်ကြီး တစ်ယောက်ဖြစ်တဲ့ အမီးရ်ခန်း(မ်)နဲ့ အခုချိန်ထိ ချောဆဲ လှဆဲ
မင်းသမီးတစ်လက်ဖြစ်တဲ့ ကာဂျိုလ်တို့က ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းတကားလည်း ဖြစ်ပါတယ်..
သူ့ခေတ်သူ့အခါမှာ နာမည်ကြီး အောင်မြင်မှုတွေရခဲ့တဲ့အပြင်
အခုထိလည်း လူကြိုက်များဆဲ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်…
ဇာတ်ဝင်တေးချိုချိုလေးတွေ၊မှိန့်မေားစရာ နောက်ခံတေးဂီတ ၊
ရိုက်ကွင်းရှု့ခင်း ခပ်လှလှလေးတွေနဲ့ ဆွေးစရာ၊ လွမ်းမောစရာ
ကြည်နူးစရာ အချစ်ဇာတ်ကားကောင်းလေး တစ်ကားလည်း ဖြစ်ပါတယ်…
ဆုတွေအနေနဲ့လည်း ဘောလီဝုဒ်ရဲ့ အကြီးမားဆုံးဆုပေးပွဲတစ်ခုဖြစ်တဲ့
Filmfare Awards မှာ
Best Actor (female) အဖြစ် ကာဂျိုလ်
Best Playback Singer (Male) အဖြစ် Shaan
Best Lyrics အဖြစ် Parsoon Joshi
Zee Cine Awards မှာလည်း
Best Actor (female) အဖြစ် ကာဂျိုလ်
Best Playback Singer အဖြစ် Shaan တို့နဲ့
Screen Awards (2006) မှာ
Best Playback Singer အဖြစ် Shaan
စသဖြင့် ဆုပေါင်းများစွာရရှိခဲ့ပါတယ်…
ရိုမှရိုချင်တဲ့သူတွေ ကြည့်လိုက်ကြပါဗျာ …. အကြိုက်တွေ့စေရမယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်
========================================
ဇူနီဆိုတဲ့မျက်မမြင်မလေးဟာ သူငယ်ချင်းတွေနဲ့အတူ ကရှ်မီးကိုယ်စားပြု
လွပ်လပ်ရေးနေ့အခမ်းအနားအတွက် ကပြဖျော်ဖြေဖို့ ဒေလီကို သွားခဲ့ပါတယ်…
ဒေလီရောက်တော့ ရီဟန်ဆိုတဲ့ ဧည့်လမ်းညွှန်တစ်ယောက်နဲ့ ဆုံခဲ့ပါတယ်
မျက်မမြင် ဇူနီအတွက်  ရီဟန် ရဲ့ပုံသဏ္ဍန်ကို သူငယ်ချင်းတွေဆီမေးခဲ့တယ်…
 သူငယ်ချင်းတွေ ပြောပြသလောက် ရုပ်ရည်ချောမောပြီး
ကဗျာတွေစာတွေဖွဲ့နွဲ့တတ်တဲ့ မိန်းကလေးတိုင်းကြွေဆင်းလောက်သူ…
ရှေရှည်မှာ အဆင်မပြေဘူးထင်ပြီး သူငယ်ချင်းတွေက ဇူနီရဲ့ ယိုင်နဲ့နေတဲ့ခံစားချက်ကိုသိလို့
တားခဲ့ကြတယ်…သူငယ်ချင်းတွေတားတဲ့ကြားထဲက ရီဟန်ကိုချစ်မိသွားခဲ့ပါတယ်…
“မိန်းကလေးဆိုတာ ငါ့အတွက်မြို့တွေလိုပဲ
မြို့တမြို့ကိုသွားလိုက်တယ် အကျွမ်းတဝင်ဖြစ်သွားရင်
နောက်တမြို့ကို ပြောင်းသွားလိုက်တယ်
ငါ့အနားကိုမလာပါနဲ့ ဇူနီ … ဒီမုန်တိုင်းက မင်းဘဝကိုဖျက်စီးပစ်လိုက်လိမ့်မယ်”
ဒါကတော့ အချစ်ကိုအယုံအကြည်မရှိ တဲ့ ရီဟန်ရဲ့ အယူအဆတွေပါဝင်တဲ့ ပြောစကားပါပဲ..ကိုင်း
သူတို့ အဆင်ပြေမလား…ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦးဗျို့
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko Zaw Htoo ပဲဖြစ်ပါတယ်….
File Size : (1GB) and (400 MB)
Quality : Blu-Ray 720p
Format…mp4
Duration…02:48:00
Genre : Crime Drama Romance 
Subtitle : Myanmar Subtitle (Hard Sub)
Translated by Zaw Htoo
Encoded by Phyo Pyae

Download Link
==============




Wednesday, September 26, 2018

Googly (2016) မြန်မာစာတန်းထိုး

Synopsis

ကဲ ပရိတ်သတ်ကြီးရေ
ဖိုက်တင်တွေလည်း ပါရမယ်
အချစ်ဇာတ်လမ်းလေးလည်း ပါရမယ်
Update လည်း ဖြစ်နေရမယ်ဆိုပြီး
မျှော်နေတယ်ဆိုရင်ဖြင့်….
ဒီနေ့ အတွက် ပွဲထုတ်ပေးလိုက်တာက
Googly ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်…
ဒီကားလေးက မင်းသားချောချောလေးနဲ့ မင်းသမီးချောချောလေးတို့ရဲ့ အချစ်၊အကြမ်းကားလေး…
စာအရမ်းတော်တဲ့ မင်းသားပေါ့။ ဆော်လည်းရှုပ်၊ ပွေလည်းပွေ၊ တချို့မိန်းကလေးတွေဆို တစ်ဖက်သတ်ကြိတ်ခွက်ရှ်ကြတယ်။
(ကျနော့်လိုပဲ :3)
တနေ့မှာတော့ ဘယ်မိန်းကလေးကိုမှ အတည်မချစ်ဘဲ တွဲလာခဲ့သမျှ
မင်းသမီးဖြစ်တဲ့ အချောလေးကို ကြွေသွားရော (ကိုယ်တွေလို တူပြန်ပြီ)
မာနကြီးတဲ့ကောင်မို့ ဖွင့်မပြောချင်၊
အကြိမ်ကြိမ် ပြန်ဆန်းစစ်၊ ဒါပေမဲ့ သူဟာ တကယ်ချစ်တာပေါ့။
ဒီလိုနဲ့ သူတို့တွေအချင်းချင်း ရင်ဘတ်ထဲက ချစ်နေကြပေမဲ့ ဖွင့်မပြောတော့ ရည်းစားမမည်ဘူးပေါ့။
တနေ့မှာ ကောင်မလေး ဆေးရုံတင်ထားရတော့
မင်းသား သတင်းလာ အမေးမှာ တခြားတစ်ယောက်နဲ့ တွေ့လိုက်ရတယ်။
ရန်ငြိုးတွေဖြစ်ပြီး ဖိုက်ကြရော။
ကောင်မလေး စိတ်ဆိုးပြီး မင်းသားကို ပါးရိုက်လိုက်တယ်။
မာနတွေ အချင်းချင်းနဲ့မို့က တစ်ကြောင်း၊
ရည်းစားမမည်တာက တစ်ကြောင်းရယ်နဲ့..
အဆက်အသွယ် ဖြတ်သွားကြတယ်။
သူတို့နှစ်ယောက် ပြတ်နေလိုက်ကြတာ
မိန်းကလေးက ဆရာဝန်ဖြစ်ပြီး
မင်းသားကတော့ ကမ္ဘာကျော်လုပ်ငန်းရှင် ဖြစ်နေကြပြီ။
မထင်မှတ်ဘဲ မင်းသားဟာ အိန္ဒိယကို အပြန်မှာ
ရိုက်ခံလိုက်ရတယ်။
ဘာကြောင့်ရိုက်ခံရတာလဲ? ရန်ငြိုးတွေလား?
ဘယ်တုန်းက ရန်ငြိုးတွေလဲ?
သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းနဲ့အတူ
အချစ်၊အလွမ်း၊ အက၊ အကြမ်းတွေကို ခံစားရမှာ ဖြစ်ပါတယ်လို့ ပြောရင်း….
Translator And Reviewed Nyi Nyi Koe
Encoded By John Burgoyne

Download Link
===============


Saturday, September 22, 2018

Back to the 90s (2015) မြန်မာစာတန်းထိုး

Crazy Little Thing Called Love ဇာတ်ကားထဲမှာ မင်းသားမာရီယိုနဲ့ လိုက်ဖက်လွန်းစွာ သရုပ်ဆောင်ခဲ့တဲ့ ထိုင်းမင်းသမီးချောလေး
Pimchanok Luevisadpaibul (Baifern) ကို အားလုံးသိကြမယ်ထင်ပါတယ်..
ဟုတ်ပါတယ်…Back to the 90s (2015) ဒီဇာတ်ကားဟာလဲ သူလေး အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားမှာလဲ သူလေးရဲ့ လှပသေသပ်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုသူတိုင်းကို စွဲဆောင်သွားဦးမှာပါ။
မင်းသားတွေလဲ ဇာတ်ရုပ်နဲ့ကွက်တိကျတာကြောင့် ဒီဇာတ်ကားဟာ Rating မြင့်မားပြီး ကြည့်ရှုသူတိုင်း ကြိုက်နှစ်သက်တဲ့ ဇာတ်ကားဖြစ်လာပါတယ်။

ကျွန်တော်တို့မှာ မပြုပြင်နိုင်ခဲ့တဲ့ အတိတ်တွေရှိကြပါတယ်…
ချစ်ခြင်းမေတ္တာရဲ့ ဆန်းကြယ်မှုမှာ မျက်စိသူငယ် နားသူငယ်ဖြစ်ဖူးခဲ့ကြမယ်…
အသက်အရွယ်နဲ့ ရူးမိုက်မှုတို့ အချိုးကျနေတုန်းမှာ ခပ်မိုက်မိုက် လေလွင့်ဖူးခဲ့မယ်..
ဒါတွေကို ကျွန်တော်တို့ မပြုပြင်နိုင်တော့ဘူး.. နောင်တဆိုတာပဲ ပွေ့ဖက်နေကြရတာမလား…။

ဒါပေမယ့် အတိတ်ကိုပြန်သွားလို့ရမယ်….ဒါတွေကို ပြုပြင်ဖို့ အခွင့်အရေးကို တစ်စုံတစ်ယောက်က ရခဲ့မယ်ဆိုရင်..
ကျွန်တော်တို့ မြင်တွေ့ရမယ့် အရာတွေက ငယ်ရွယ်ပျိုမြစ်မှုတစ်ခုထဲလို့ ခပ်လွယ်လွယ်မထင်လိုက်ပါနဲ့။
အစဉ်အဆက် ခမ်းနားခဲ့သလိုပဲ ချစ်ခြင်းက ဒေသမရွေး ကာလမရွေး ခမ်းနားနေခဲ့တာ ထင်ရှားပြခဲ့တယ်။

IMDb Rating (6.7/10) အထိရရှိထားတဲ့ ထိုင်းဇာတ်ကားကောင်းလေးပါ..ကြည့်ရှုခံစားပေးပါဦး။


File size…(999 MB) and (450 MB)
Quality…WEB-DL Rip 720p
Format…mp4
Duration….01:51:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by Suzy Jirakit Thawornwong 

Download Link
-----------------
Large Openload Link 

Small Openload Link 

Large Megaup.net Link 

The Ghost-Seeing Detective Cheo Yong Season 1 (2014) မြန်မာစာတန်းထိုး Complete

သဘာဝလွန်စုံထောက် 
=====================
သဘာဝလွန် စုံထောက်အက်ရှင်ဇာတ်ကားကြည့် ချစ်ပရိသတ်တို့အတွက် ရင်တထိတ်ထိတ်အသည်းတလှပ် လှပ်နဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ဆက်နွယ်နေတဲ့အမှုအခင်းတွေကို ကိုင်တွယ်ရင်း သူငယ်ချင်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် သာမာန်မြို့ငယ်လေးတစ်ခုမှာ စည်းကမ်းထိန်းသိမ်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာမှ ဆိုးလ်မြို့ မှုခင်းနှိမ်နှင်းရေးအဖွဲ့က မဖြေရှင်းနိုင်သော သဘာဝလွန်အမှုများကို ဖြေရှင်းပေးဖို့ ရဲဌာနချုပ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ပရလောကသားတွေကိုမြင်နိုင်စွမ်းရှိနေတာကို လျှို့ဝှက်ထားတဲ့ စုံထောက် ချောယောင်းဟာ လုပ်ဖော်ကိုင်ဖက် စုံထောက်မလေး ဟာဆွန်းဝူးနဲ့အတူ ရဲဌာနချုပ်ထဲမှာရှိနေတဲ့ ၀ိညာဉ်မလေး ဟန်နာယောင်းတို့နဲ့အတူ သဘာဝလွန်အမှုတွေကို ဖြေရှင်းခဲ့ကြပါတယ်။ တစ်ချိန်မှာတော့ သူ့သူငယ်ချင်းကို သတ်ခဲ့တဲ့ မိစ္ဆာဆိုးတစ်ကောင် ပေါ်ပေါက်လာတဲ့အခါမှာ ဘယ်လိုဖြေရှင်းမှာလဲဆိုတာ ဇာတ်လမ်းလေးကို ကြည့်ရှုပေးပါနော်။ သဘာဝလွန်မှုခင်းဇာတ်လမ်းတွေကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေ အကြိုက်ဖြစ်မှာ သေချာပါတယ်။

Review by: Waing Nay

Translate by: Gold Channel 

Download Link
--------------------
Episode 1 (Openload) / Episode 1 (Megaup)

Episode 2 (Openload)  / Episode 2 (Megaup)

Episode 3 (Openload)  / Episode 3 (Megaup)

Episode 4 (Megaup)  / Episode 4 (Openload)

Episode 5 (Openload)  / Episode 5 (Megaup)

Episode 6 (OPenload)  / Episode 6 (Megaup)

Episode 7 (OPenload) / Episode 7 (megaup)

Episode 8 (Openload)  / Episode 8 (Megaup)

Episode 9 (Openload) / Episode 9 (Megaup)

Episode 10 (Openload) END / Episode 10 (Megaup) END

Wednesday, September 19, 2018

The Walking Dead Season 2 မြန်မာစာတန်းထိုး

walking dead ဟာဆိုရင်ဖြင့် season 2 သို့ ရောက် ရှိလို့ လာပါပီ.........
ထွေထွေထူးထူး ညွန်းစရာတော့ လိုမယ်မထင်ပါဘူး.......
ကဲ......season 2 လေး ဆက်လိုက်အားပေးလိုက်ကြပါဦး

Download Link
-----------------
Episode 1 (Megaup) 300MB

Episode 2 (Megaup) 300MB

Episode 3 (Megaup) 300MB

Episode 4 (Megaup) 300MB

Monday, September 17, 2018

Final Score (2018) မြန်မာစာတန်းထိုး

Final Score(2018) ကတော့ Action ဇာတ်ကားတစ်ကားပါပဲ။ အရမ်းကြီးထူးခြားကောင်းမွန်နေတာမျိုးမဟုတ်ပေမယ့် အက်ရှင်ပရိသတ်တွေကတော့ ကြိုက်ကြမှာပါ။
IMDB Rating 5.5 သာရရှိထားပေမယ့် Rotten tomato 77% ရရှိထားပါတယ်။
WWE ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ Dave Bautista က အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပြီး နာမည်ကြီး Bond မင်းသား Pierce Brosnan ကလည်းပါဝင်အားဖြည့်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ ရဲဖော်ရဲဖက်တစ်ယောက် ဆုံးရှုံးသွားရတဲ့ Michael Knox တစ်ယောက် သူ့သူငယ်ချင်းရဲ့ မိသားစုဆီ သွားလည်ရာကနေ သူ့သူငယ်ချင်း သမီးဖြစ်တဲ့ Danni ကိုဘောလုံးပွဲသွားကြည့်ဖို့ခေါ်သွားပါတယ်။
ဘောလုံးကွင်းမှာ တူမပျောက်ရှာရာကနေ ဘောလုံးကွင်းကိုဖောက်ခွဲဖို့ကြိုးစားတဲ့ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့နဲ့ တွေ့မိသွားပါတယ်။
Konx ရဲ့ အကြမ်းဖက်သမားတွေ ကိုဘယ်လိုအကူအညီတွေယူပီး ဘယ်လိုမျိုးတားဆီးမလည်း ဆိုတာကြည့်လိုက်ကြပါဦးဗျာ။

(d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်)

File Size : (863 MB) and (380 MB)
Quality : AMZN WEB-DL 720p
Running Time : 1hr 44min
Format : Mp4
Genre : Action
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.AMZN.WEBRip.DDP5.1.x264-NTG
Translated by d3mon
Encoded by Thanhtike Zaw

Download Link
--------------------
Large Openload Link 

Large Megaup.net Link 

Small Openload Link 

Hotel Transylvania 3: Summer Vacation (2018) မြန်မာစာတန်းထိုး

သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန်  ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။
ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့  ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။
ဒရက်အလစ်မှာ  အဲရစ်ကာက သင်္ဘောအောက်ထပ်မှာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။
ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် သင်ဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။
သည်တစ်ခါတော့ ရှေးဟောင်းရေ အောက်မြို့တော် အက်လန်းတစ် မှာ ရှိတဲ့ အဖျက်လက်နက်ကို ရယူပြီးရင် သတ္တဝါကောင်အားလုံးသတ်ဖို့ အကြံဖြင့် အဲရစ်ကာကို အဲဒါသွားယူခိုင်းပါတယ်။
ဒရက်ကို အလျင်စလိုမ သတ်ဖြတ်ဖို့ ဗင်က မှာတာ အဲရစ်ကာက မလိုက်နာဘဲ ၄င်းကို နည်းမျိုးစုံနဲ့သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင်ဘူး။
ဒရက်က ကျွန်းလေးပေါ်မှာ နှစ်ယောက်အတူချိန်းတွေ့ဖို့ ပြောတော့ အဲရစ်ကာက ၄င်းကို သတ်ခွင့်ရမယ်ထင်ပြီး လက်ခံကာ ညစာစားကြတယ်။
သိပ်မကြာခင်မှာ အဲရစ်ကာကို မေးဗစ္စက သံသယဝင်စပြုလာတယ်။
အက်လန်းတစ်မြို့ဟောင်း ကြီးဆီမှာ ဂယ်လက်ဇီသင်္ဘောဆိုက်တော့ အဲဒါကြီးကို ကာဆီနိုအသွင်ပြောင်းထားပုံတွေ့ကြရပြီး အဲရစ်ကာက မြေအောက်အုတ်ဂူ ထဲက အဖျက်လက်နက်ကို ရှာဖွေရယူတယ်။
သူမနောက် လိုက်ချောင်းတဲ့ မေးဗစ္စကိုတော့ ဘိုးဘွားအမွေပစ္စည်းပါလို့ လိမ်ပြောတယ်။
အဲရစ်ကာက အဖျက်လက် နက်ကို အဘိုးဖြစ်သူ ဗင့်လက်ထဲ ပေးအပ်ပြီး ဗင်က သီချင်းဖွင့်တဲ့ ဒီဂျေကို ဖယ်ရှားကာ အဖျက်လက် နက်ကို ဖွင့်လိုက်တဲ့အခါ သတ္တဝါ အားလုံးကို တိုက်ခိုက်သတ်ဖြတ်မယ့် ရေအောက်သတ္တဝါကောင် ကြီး ခရာကင်လည်း နှစ်ပေါင်းများစွာအိပ်ပျော်နေရာက နိုးလာပြီး ရေ ပြင်အထက် ဘွားခနဲ ပေါ်လာတဲ့ အခါမှာတော့
ဂျင်နဒီတာတာကော့ဗ်စကီးနဲ့ မိုက်ကယ်မက်ကူးလားတို့ရဲ့ ဇာတ် ညွှန်းကို ဂျင်နဒီက စီစဉ်ရိုက်ကူးပြီး အာဒမ်ဆင်းဒလား၊ ဆဲလီးနားဂိုး မက်ဇ်၊ကက်သရင်းဟန်းနဲ့ အင်ဒီဆင်းဘာ့ဂ်တို့က အသံဖြင့် သရုပ် ဆောင်ပေးထားကြတဲ့ သည်ဇာတ်ကားဟာ ၂၀၁၁ ခုနှစ်က စတင်အောင်မြင်မှုရခဲ့တဲ့ သရီးဒီကာ တွန်းဇာတ်ကားတွေရဲ့ အဆက် တတိယမြောက် ဇာတ်ကားဖြစ်ပြီး IMdb အဆင့် ၆.၃/၁၀ ရရှိကာ ဝေဖန်ရေးဆရာတချို့သာ ချီးမွမ်းထားပေမဲ့ ကာတွန်းရုပ်ရှင်ချစ်သူ အားလုံး နှစ်သက်မယ့် ကာတွန်း ဇာတ်ကားဖြစ်ပါတယ်။

(ဇာတ်လမ်းအညွှန်းကိုတော့ kumudranews မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ)

File Size : (757 MB) and (375 MB)
Quality : HCHDRip 720p
Running Time : 1hr 37min
Format : Mp4
Genre : Animation, Comedy, Family
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.KORSUB.HDRip.x264.AAC2.0-STUTTERSHIT
Translated by Zuel Khant Twin
Encoded by Thanhtike Zaw

Download Link
----------------------
Large Megaup.net LInk 

Small Megaup.net Link 

Large Openload Link 

The Meg (2018) မြန်မာစာတန်းထိုး

2018 ထဲက ရှားရှားပါးပါး ရုံတင်ထားတဲ့ ငါးမန်းရုပ်ရှင်
The Meg ကို HD Rip အဆင့် နဲ့ တင်ဆက်ပေးလိုက်ပါပြီ
ဒီရုပ်ရှင်ကားဟာ မကြာသေးခင် လ ကမှ ရုံချခဲ့တာ ဖြစ်ပြီး အစောဆုံး HD rip အဖြင့် ကြည့်နိုင်တာပါ
ရုပ်ရှင်တွင် ကိုရီးယား စာသားများ ပါရှိသဖြင့် မြန်မာစာကို နောက်ခံ အမဲ ဖြင့် တင်ဆက်ပေးထားလို့
မျက်စိနောက် သက်သာကြမှာပါ
The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဟာ
ရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်
လူတိုင်းချစ်ကြတဲ့ အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီး
တရုတ်မင်းသမီးချောလေး Bingbing Li လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇတ်လမ်း ပုံစံကတော့ မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာ
ရေအောက် အနက်ဆုံးကြမ်းပြင်သို့ လေ့လာရေး အဖွဲ့ကို စေလွှတ်ပြီး
မျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်…

ဒါပေမယ့် ကြောက်မက်ဖွယ်ကောင်းတဲ့ အနက်ဆုံးရေအောက်ကြမ်းပြင်မှာ
နှစ်ချို့ သတ္တ၀ါကြီးတွေ ကျတ်စားရာ ဒေသ ဖြစ်ပြီး အမျိုးအမည်မသိ
သတ္တ၀ါ အချို့ ရဲ့ တိုက်ခိုက်မှုကို ခံရပြီး ရေငုတ်ယဉ်ငယ် ဟာ
လေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်
ဒီနောက်မှာတော့ အားလုံးကို အဆက်ဖြတ်ပြီး
ထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူ
ဂျိုးနက်စ် ကို သွားပင့်ရပါတော့တယ်
အင်မတန် ချေနေတဲ့ ဂျိုးနက်စ် က ပိုက်ဆံဘယ်လောက်ပေးပေး
မလိုက်ဘူးဆိုပေမယ့် အဲ့ဒီ ပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယဉ်ငယ် တွင်
သူ့ Ex ပါ ပါသွားတာကို သိခဲ့ရပြီး ကယ်ဆယ်ဖို့ လိုက်သွားပါတော့တယ်…
ဂျိုးနက်စ် တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင် မှာ ဒုက္ခရောက်နေတဲ့သူတွေကို
ဘယ်လို ကယ်တင်နိုင်မလဲ မမြင်ရတဲ့ သတ္တ၀ါကြီးတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့
ဆက်လက်ကြည့်ရှုလိုက်ကြပါစို့လား….
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးသူကတော့ May Thu ဖြစ်ပြီး
Thit San Khant မှ တင်ဆက်ပေးထားပါတယ်

Download Link
-------------------------


Friday, September 14, 2018

Mr. Brooks(2007) မြန်မာစာတန်းထိုး

IMDb……7.3
အခုတစ်​ခါ တင်​ဆက်​​ပေးမှာက​တော့ 2007 ခုနှစ်​က ထွက်​ခဲ့တဲ့ Mr. Brooks ဆိုတဲ့ မှုခင်းဒရမ်​မာ ဇာတ်ကားပါ…
အားလ်​ဘရွတ်​ အမည်ရတဲ့ လူတစ်ယောက်ဟာ
 လူ​တွေ​လေးစားခံရလောက်အောင်​မြင်​​နေတဲ့ စီးပွား​ရေးလုပ်​ငန်းရှင်​တစ်​​​ယောက်ပါ…ဒါပေမယ့် သူ့မှာ ဘယ်​သူမှ ထင်​မထားတဲ့ စွဲလမ်းမှု
တစ်​ခုရှိ​နေခဲ့တယ်….အဲ့ဒါက​တော့ လူသတ်​ရကို နှစ်​ခြိုက်​​နေတာပါပဲ …သူ့ရဲ့ မ​ကောင်းတဲ့စိတ်​ကို
၂ နှစ်​​ကျော်​​အောင်​ ထိန်းချုပ်​ခဲ့ပေမယ့် တစ်နေ့မှာတော့ က​ချေသည်​စုံတွဲ ကို စိတ်​မထိန်းနိုင်​ဘဲ ပြန်​သတ်​မိရာက​နေ
ဇာတ်​လမ်းစလာပါတော့တယ်…
သိပ်မကြာခင်မှာပဲ သူ့ဆီကို ဓာတ်ပုံတစ်ချို့ရောက်လာတယ်…
ဒီဓာတ်ပုံတွေမြင်ပြီးတဲ့ သူသွေးပျက်သွားတယ်..
တစ်ချန်ထဲမှာပဲ ပြသနာတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျောင်းတက်တက်နေတဲ့သမီးဟာ ပြန်ရောက်လာတယ်…
ကိုင်း အားလ်ဘရွတ် တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ… ဓာတ်ပုံထဲမှာရော ဘာတွေများပါနေလို့လဲ…
ဒီကားထဲက မင်းသားကြီး Kevin Costner ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်…
ကိုင်း​ plot twist ​လေး​တွေနဲ့ စိတ်​ဝင်​စားစရာ​တွေ​ ရိုက်​ပြထားတဲ့ မှုခင်းဇာတ်​ကားတစ်​ကားပါ Imdb rating
ကလည်း 7.3 ထိရထားလေတော့
ခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ မိုက်ရူးဆန်စွာကြည့်သင့်ပါကြောင်း ညွှန်းဆိုပါရစေ….
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ် May Tharaphi Lwin ဖြစ်ပါတယ်….
File Size : (1GB) and (342 MB)
Quality : Blu-Ray 720p
Format…mp4
Duration…02:00:00
Genre : Crime, Drama, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by May Thaaphi Lwin
Encoded by Phyo Pyae

Download Link
--------------------
Small Openload Link

Large Openload Link

Large Megaup.net Link

Yell for the Blue Sky ( 2016 ) - မြန်မာစာတန်းထိုး

Original Name – Aozora êru
ဒီတစ်ခါတော့ စိတ်ဓာတ်ခွန်အားလဲပေး … အချစ်လေးလဲ ရောထားတဲ့ ဇာတ်လမ်းလေးတစ်ခုလေးကို တင်ဆက်ပေးလိုက်တယ်နော် … ဇာတ်ကားလေးရဲ့ နာမည်လေးက (Aozora êru – Yell for the blue sky) တဲ့ …
Kazune Kawahara ရဲ့ Manga ကိုပြန်ရိုက်ထားတဲ့ ဒီဇာတ်ကားဟာ ဘေ့စ်ဘောနောက်ခံ ကျောင်းအချစ်ဇာတ်လမ်းဖြစ်ပါတယ် …
Orange နဲ့ My Brother Love Me Too Much ဇာတ်ကားတွေထဲက မင်းသမီး Tsuchiya Tao လေး ပါဝင်ထားတာပါ …
ဇာတ်လမ်းအကျဉ်းလေးကတော့ –
အိုနို ဆိုတဲ့ကောင်မလေး နဲ့ ဒအိစုခဲ ဆိုတဲ့ကောင်လေးနဲ့က Koishen ဆိုတဲ့ ပန်းတိုင် တစ်ခုကိုရောက်ဖို့ ရည်မှန်းထားသူလေးတွေပေါ့ …
အိုနို က ခရာအဖွဲ့ဝင်ဖြစ်ပြီး ဒအိစုခဲ ကတော့ ဘေစ့်ဘောအဖွဲ့ဝင်ဖြစ်ပါတယ် … နှစ်ယောက်လုံးရဲ့ပန်းတိုင်ကတော့ တူနေခဲ့ပါတယ် …
သူတို့နှစ်ယောက်က နှစ်ယောက်ပေါင်းမှ ပြီးပြည့်စုံမယ့် အနေအထားမှာရှိပါတယ် … ဘာကိုပြောချင်တာလဲဆိုရင် ဘေစ့်ဘောကစားပွဲတွေကို ခရာအဖွဲ့က ဘေးကနေ တီးမှုတ်ရင်းအားပေးရပါတယ် … အဲ့တော့ ကောင်မလေးက ဘေးကနေ ခရာမှုတ် ကောင်လေးက ဘေစ့်ဘောကစား အဲ့လိုပေါ့ …
ဒီတာ့ ဇာတ်လမ်းလေးက … သူတို့နှစ်ယောက်ရဲ့ပန်းတိုင်ကို ရောက်ဖို့ အခက်အခဲလေးတွေ စိတ်ဓာတ်ကျစရာလေးတွေ ရှိခဲ့တယ် … အဲ့အခက်အခဲတွေကို ခွန်အားအဖြစ် အသုံးချပြီး ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာတော့ ဇာတ်လမ်းလေးကို ရှုစားလိုက်ကြပါနော် …
Rating အရ IMDb မှာ 6.1/10 ရရှိထားတဲ့ ဇာတ်ကားလေး တစ်ခုပါ …

Translator : Kiddo
Encoder : Ziven
Quality : 720p Blu-ray
File Size : 900 MB

Download Openload Link

Download Soliddrive Link


Mara (2018) မြန်​မာစာတန်းထိုး

Synopsis

Mara (2018) သည် IMDb 5.1/10 Metacritic 81% Filmweb 5.6/10 Google users 83% ဒါရိုက်တာ Clive Tonge က ရိုက်ကူးထား၍  Jonathan Frank, Jonathan Frank တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Olga Kurylenko, Craig Conway, Javier Botet တို့ ပါဝင်သရုပ်ဆောင်ထားသော | Crime, Horror, Thriller ဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
စိတ်ရောဂါသည် ရာဇဝတ်ကောင် ကိတ်ဟာ သူ အိပ်ပျော်နေစဉ်အတွင်းမှာ သူ့မိန်းမကို သတ်တဲ့သူအဖြစ် တရားစွဲ ခံရာကာ တစ်ဦးတည်းသော မျက်မြင်သက်သေမှာ သူ့တို့ရဲ့ အသက် ၈ နှစ်အရွယ် သမီးလေး ဆိုဖီ ဖြစ်နေလသည် ကိတ်ဟာ သူ့အိပ်ပျော်နေစဉ် မကောင်းဆိုးဝါး ပူးကပ်က အိမ်မက်ဆိုးများရဲ့ မက်ပြီး ပူးကပ်ကာ နောက်ထပ်အိပ်ပျော်မှာကို စိုးရိမ်နေရာ ဘယ်လို ထိတ်လန့်တုန်လှုပ်စရာတွေ ဖြစ်မလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…..
Reviewed by Win Kyaw Thu
Translated by Aye Pyae Pyae Thant
Encoded by Win Kyaw Thu
1080p  Bluray 752.34 MB (Openload)


Dark World (2010) မြန်မာစာတမ်းထိုး

Synopsis

အခုတင်​ဆက်​​ပေးမယ့်​ Dark World (2010)ဟာဆိုရင်​ ရုရှားဘာသာစကားနဲ့ရိုက်​ကူးထားတဲ့ သည်းထိတ်​ရင်​ဖိုဇာတ်​ကား​လေးပဲ ဖြစ်​ပါတယ်
ဒီဇာတ်​ကားထဲမှာ ရုရှား​ကျောင်းသားလူငယ်​တစ်​စုဟာ ​နွေရာသီ​ကျောင်းပိတ်​ရက်​မှာ ​လေ့လာ​ရေးခရီးထွက်​ခဲ့ကြပါတယ်​ အဲ့ဒီခရီးမှာ မာရင်​ကာ ကြိတ်​crush​နေတဲ့​ကျောင်းသားနဲ့ သူ့ရဲ့ရည်းစားလဲ လိုက်​ပါလာခဲ့တယ်​ အဲ့လိုနဲ့ သွားစရာလမ်းဆုံးသွားတဲ့အခါ ​တောထဲ​ရောက်ပြီး စုန်းမအဖွားအိုအိမ်​ကို​ရောက်​သွားတယ်​ ခရီးလမ်းမှာပင်​ပန်းလာတာ​ကြောင့်​ စုန်းမအဖွားအိုရဲ့အိမ်​မှာတည်းဖို့ ဆုံးဖြတ်​လိုက်​ကြတယ်​​ပေါ့​နော်​ အဲ့ဒီညမှာ မာရင်​ကာတစ်​​ယောက်​ သူ့ရဲ့crushနဲ့ မဖြစ်​သင့်​တာဖြစ်​ကုန်​ပြီး လူမိသွားတဲ့အခါမှာ ရှက်​ရှက်​နဲ့ထွက်​​ပြေးရာက​နေ မထင်​မှတ်​ပဲ အ​ဆောက်​အဦးပျက်​တစ်​ခုကို​ရောက်​ရှိသွားပါတယ်​ မာရင်​ကာကို တစ်​ဖက်​သတ်​ကြိုက်​​နေတဲ့ ​ကော့စ်​တီးယား ဆိုတဲ့​ကောင်​​လေးကလဲ မာရင်​ကာ​နောက်​ကိုလိုက်​ရင်းက​နေ မာရင်​ကာနဲ့​ကော့စ်​တီးယား​ပေါင်းပြီး အ​ဆောက်​အဦးပျက်​ထဲမှာရှိ​နေတဲ့ နှစ်​​ပေါင်းများစွာကျိန်​စာသင့်​​နေတဲ့စုန်းကို လှုပ်​နှိုးမိသွားတဲ့အခါမှာ ဘာ​တွေဆက်​ဖြစ်​မလဲ??
ဇာတ်​ကားတစ်​ကားလုံးကို ရင်​တထိတ်​ထိတ်​နဲ့ ကြည့်​ရှုရမှာမို့ သည်းထိတ်​ရင်​ဖိုဇာတ်​ကား နှစ်​ခြိုက်​သူ​တွေအ​နေနဲ့ လုံးဝလက်​လွှတ်​မခံသင့်​ပါ​ကြောင်း ……….😁
Translated & Reviewed by Ei Ei Moe
Encoded by Lwin Naung
Quality Webdl
Size 750/440 MB
IMDB 4.7
Genres  Adventure, Fantasy, Mystery

Download Link
--------------------
Large Openload Link

Small Openload Link

Large G Drive Link

Thursday, September 13, 2018

The Possession (2012) မြန်​မာစာတန်းထိုး

Synopsis

ပစ္စည်းအဟောင်းဆိုင်တဆိုင်ကနေပြီးတော့ ထူးဆန်းတဲ့ သေတ္တာတလုံးကို ဝယ်ယူမိခဲ့တဲ့ clyde တို့မိသားစု… သေတ္တာ ဝယ်ပြီးနောက်ပိုင်းမှာတင် ထူးဆန်းတဲ့ ဖြစ်ရပ်တွေ တခုပြီးတခုကြုံလာရပါတော့တယ် … ဖြစ်ရပ်တွေအားလုံးက သေတ္တာကြောင့်လို့ သံသယဝင်သွားတဲ့ Clyde တယောက် သေတ္တာရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်ရာမှ မကောင်းဆိုးဝါး စွဲကပ်နေတဲ့အကြောင်းသိရှိသွားပါတော့တယ်… နောက် ဆုံးမှာတော့ သေတ္တာ အတွင်းက မကောင်းဆိုးဝါးက သမီးဖြစ်သူ Emily ကိုယ်ထဲ ပူးကပ်သွားပြီး မိသားစုကို ပြန်အန္တရာယ်ပြုလာတဲ့အခါမှာတော့…. ဘာတွေဆက်ဖြစ်ကြမှာလဲ .. Clyde တယောက် သမီးဖြစ်သူ ကိုယ်ထဲက မကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ရှားလိုက်နိုင်မှာလားဆိုတာတော့
The possession (2012) ကားလေးမှာ ဆက်လက်စောင့်ကြည့်ပေးကြပါ….
ဖြစ်ရပ်မှန်အပေါ်အခြေခံရိုက်ကူးထားတဲ့အတွက် သရဲကားကြိုက်တဲ့သူတွေအတွက် လက်မလွတ်သင့်တဲ့ကားကောင်းလေးတကားလို့ပြောပါရစေ😊
Translated and Reviewed by Min Khant
Encoded By John Burgoyne

Download Link
------------------------



Mission: Impossible – Fallout (2018) မြန်မာစာတန်းထိုး

အားလုံး စောင့်စားနေကြတဲ့ MISSION IMPOSSIBLE – FALLOUT တင်ဆက်ပေးလိုက်ပါတယ်…
ဒီဇာတ်ကားဟာ အရင်ထွက်ရှိပြီးသားဇာတ်ကားတွေအတိုင်းပဲ တစ်ကားနဲ့တစ်ကား ကြည့်ရှုလို့ မရိုးနိုင်အောင် ဇာတ်အိမ်ဇာတ်ကွက် မထပ်ဘဲ စိတ်လှုပ်ရှားစရာကောင်းအောင် လှည့်ကွက်ပေါင်းစုံနဲ့ လက်သံပြောင်ပြောင် ရိုက်ထားတဲ့ ကားတစ်ကားဖြစ်ပါတယ်…
RATING တွေအနေနဲ့ဆိုရင်လည်း လှည့်ကြည့်စရာမလိုလောက်အောင်ကောင်းမွန်ပြီးသားပါ
( IMDb – 8.1/10 , ROTTEN TOMATOES – 97%, RE – 4/4)
ဒီဇာတ်ကားကို ၂၀၁၈ ရဲ့အကောင်းဆုံးနဲ့ CGI အသန့်စင်ဆုံး အက်ရှင်ကားတစ်ကားလို့ ဆိုကြပါတယ်…
ထွက်ပြီးသမျှ Mission impossibles ဇာတ်ကားတွေရဲ့ ဇာတ်ရှိန်အမြင့်ဆုံးကားတစ်ကားလည်းဖြစ်ပါတယ်…
ဇာတ်ကားထဲမှာ ရှုပ်ရှက်ခတ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ plot တွေရယ်..
ကွန်ပျူတာဖန်တီးမှုမပါတဲ့ စွန့်စားခန်းတွေရယ်…ချောမောလှပတဲ့ မင်းသမီးများရယ်က ဇာတ်ကားတစ်ကားလုံးကို ဆွဲဆောင်ခေါ်ယူသွားမှာပါ…
မုဆိုးကနေသားကောင်ဖြစ်လိုက်..မမျှော်လင့်တဲ့အချိန်မှာပဲ သားကောင်က မုဆိုးပြန်ဖြစ်လိုက်နဲ့
တစ်ယောက်ရဲ့ကျော့ကွင်းထဲကို တစ်ယောက်ကရောက်နေတဲ့အဖြစ်အပျက်တွေကိုမြင်တွေ့ရမှာပါ
အားလုံးပဲကြည့်ရှုခံစားတော်မူကြပါ….

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ)

File Size : (1.1 GB) and (450 MB)
Quality : HCHDRip 720p
Running Time : 2hr 27min
Format : Mp4
Genre : Action, Adventure, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.HC.HDRip.X264.AC3-EVO
Translated by Zuel Khant Twin
Encoded by Thanhtike Zaw

Download Link
------------------
Large Megaup.net Link 

Small Megaup.net Link 

Large Openload Link 

Small Openload Link 

Wednesday, September 12, 2018

Student A (2018) မြန်​မာစာတန်းထိုး

Synopsis

Student A (2018) သည် IMDb 6.5/10 Google users 96% ဒါရိုက်တာ Kyung-Sub Lee ရိုက်ကူးထား၍  Heo5Pa6 ရဲ့ ရုပ်ပြဇာတ်လမ်းကို ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် : Jung Da-Eun, Da-bin Jung, Hwan-hee Kim တို့ ပါဝင်သရုပ်ဆောင်ထားသော Drama ဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
Jang Mi-Rae (Kim Hwan-Hee) သည် အလယ်တန်းကျောင်းသူလေး တစ်ယောက် ဖြစ်သည် သူဟာ ကျောင်းမှာ အပယ်ခံလေးတစ်ယောက် ဖြစ်သည် သူရဲ့အိမ်မှာနေရတဲ့ဘဝက ပိုဆိုးလေသည် သူ့အဖက အချိန်ပြည့်မူးရူးနေရာသူ့ဘဝထွက်ပေါက်မှာ အွန်လိုင်ဂိမ်းကစားတာနဲ့ စာရေးသားခြင်းပင်ဖြစ်သည် သူ့ရဲ့ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ဘဝကို နာမည်ကြီးကျောင်းသား Baek-Hab (Jung Da-Bin) က သူငယ်ချင်းအဖြစ် ချဉ်းကပ်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြည့်ကြပါခင်ဗျ….

Reviewed by Win Kyaw Thu
Translated by Heather San
Encoded by Win Kyaw Thu

 Download Openload Link (820MB) HD Rip


Saturday, September 8, 2018

Jurassic World: Fallen Kingdom 2018 (မြန်မာစာတန်းထိုး)

အားလုံးသိကြတဲ့ Jurassic World:Fallen Kingdom ဟာ
စပိန်ဒါရိုက်တာ J.A Bayona က ရိုက်ကူးထားတာဖြစ်ပြီး
စိတ်ကူးယာဉ်သိပ္ပံဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်….
ဒီကားဟာ ဒိုင်နိုဆောတွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့
Jurassic Park ဇာတ်လမ်းတွေရဲ့  ၅ ကားမြောက်ဖြစ်ပြီးတော့
Jurassic World (2015) ရဲ့ နောက်ဆက်တွဲကားလည်းဖြစ်ပါတယ်…
Rating 7.8 ရရှိထားတဲ့ကားတစ်ကားဖြစ်ပါတယ်…
Jurassic World ပျက်စီးသွားပြီးသုံးနှစ်အကြာမှာ
ထိုအပန်းဖြေစခန်းဆောက်လုပ်ထားတဲ့ ကျွန်းမှာမီးတောင်ပေါက်ကွဲမှု့ကြောင့်
ဒိုင်နိုဆောများမျိုးတုန်းရတော့မယ့် အခြေနေကိုရောက်လာပါတယ်..
အစိုးရဘက်ကလည်း ပြည်သူတွေအတွက် ဒါကိုမျက်ကွယ်ပြုလိုက်ပေမယ့်
ဒုတိယဒိုင်နိုဆောတွေမျိုးတုန်းတော့မယ့် အခြေနေကို
ကယ်တင်မယ့်သူများပေါ်လာပါတယ်…
ဒါကတော့ Jurassic World (2015) မှာစတင်ပါလာတဲ့
Owen Grady နဲ့ Claire Dearing တို့ရဲ့ကယ်ဆယ်ရေးအစီစဉ်ပဲဖြစ်ပါတယ်..
သူတို့ဖန်တီးထားခဲ့တဲ့ ဒိုင်နိုဆောများကို သူတို့ကိုယ်တိုင်ကယ်ဆယ်ရမှာဖြစ်ပြီးတော့
ဒီဒိုင်နိုဆောတွေထဲမှာလည်း များပြားလှတဲ့ အရိုင်းကောင်တွေရှိနေတဲ့အတွက်
သူတို့ဘယ်လိုကယ်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်….

နောက်ပြီးတော့ Jurassic World (2015) မှာ
T-Rex ရဲ့ Raptor DNA တွေစုပြီးပေါင်းစည်းထားတဲ့ မျိုးစပ်အကောင်တစ်ကောင်
ပါဝင်ခဲ့သလို ဒီကားမှာလည်း မျိုးစပ်အကောင်တစ်ကောင်ပါဝင်လာမှာဖြစ်ပါတယ်…
အဲဒီအကောင်ကိုတိုက်ခိုက်ဖို့အတွက်လေ့ကျင့်ပေးထားတာဖြစ်ပြီးတော့
Raptor ရဲ့ DNA ကိုအခြေခံပြီး ဖန်တီးထားတဲ့အတွက်
အသိဥာဏ်ကြွယ်ဝမှု့အပိုင်းမှာ လူနဲ့တန်းတူညီမျှပါတယ်…
Jurassic World (2015) မှာ Raptor လေးကောင်ထဲက 
တစ်ကောင်တည်းသာကျန်ရစ်ခဲ့တဲ့ ဘလူး ဟာလည်း 
ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ်ပြန်လည်ပါဝင်လာမှာပါ…
ဒီကားရဲ့ထူးခြားချက်ကတော့ အရင်Jurassic Park ကားတွေလိုမျိုး
ဒိုင်နိုဆောတွေရဲ့ရန်ကို ကာကွယ်ရတော့မှာမဟုတ်ပဲနဲ့
တိရိစ္ဆာန်တွေမျိုးတုန်းပျောက်ကွယ်သွားမှာကြောက်တဲ့ လူတစ်စုရဲ့
တတ်နိုင်သမျှကယ်ဆယ်ရေးဆောင်ရွက်တာတွေကို
ခပ်မိုက်မိုက် ဖန်တီးမှု့အဆန်းများနဲ့ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်…
ဒီဇာတ်ကားကို ရုံမှာသွားကြည့်တဲ့အခါ တချို့လူတွေအဖို့ဇဝေဇ၀ါတွေ
ဖြစ်နေကြမှာဖြစ်ပြီးတော့ နားလည်ကြမှာလည်းမဟုတ်ပါဘူး…
ဒါကြောင့် မြန်မာစာတန်းထိုးနဲ့ ကြည့်ပြီးဇာတ်ကားရဲ့သဘောသဘာဝကို
နားလည်အောင် အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်….
File Size : (1 GB) and (542 MB)
Quality :BluRay 720p
Running Time : 2hr 08min
Format : Mp4
Genre : Action, Adventure,Sci-Fi
Subtitle : Myanmar Subtitle (Hard Sub)
Source : BluRay 720p
Translated by Hnin Kyi Thar Oo
Encoded by Moe Myint Lwin

Download Link 
-------------------




Moondraam Ullaga Por (2016) မြန်မာစာတန်းထိုး

Synopsis

အနာဂတ် တရုတ်-အိန္ဒိယစစ်ပွဲအတွင်း သုံ့ပန်းအဖြစ် အဖမ်းခံလိုက်ရတဲ့ အိန္ဒိယစစ်သုံ့ပန်းတစ်ယောက်အကြောင်းကို အဓိကထားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။
အထွေအထူးညွှန်းပြစရာ သိပ်မရှိပေမယ့် ဒီဇာတ်ကားထဲမှာပြောသွားတဲ့ ဒိုင်ယာလော့ခ်တွေက အတော်လေး စိတ်ဝင်စားဖို့ကောင်းသလို လက်ရှိ နိုင်ငံရေးအဖြစ်အပျက်တွေပါထင်ဟပ်နေတဲ့အတွက် တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။
Translated by Myo Khant
Encoded by Myo Khant
Review by Myo Khant

Download Link
-----------------
Large Soliddrive Link (890MB)

Small Soliddrive Link (515MB)

Next Gen (2018) မြန်မာစာတမ်းထိုး

Synopsis

ကာတွန်းကားမှကြိုက်​တတ်​သူ​တွေအတွက်​ next genဆိုတဲ့ စက်​ရုပ်​ကာတွန်းကား​လေး​နဲ့မိတ်​ဆက်​​ပေးပါရ​စေ…
Maiဆိုတဲ့ ဆယ်​​ကျော်​သက်​က​လေးမ​လေးဟာ ငယ်​ငယ်​က သူ့မိဘ​တွေကွဲကွာသွားတာ​ကြောင့်​ စိတ်​ဒဏ်​ရာရပြီး ဂျစ်​ကန်​ကန်​ဖြစ်​​နေတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​ပါ…သူ့အ​ဖေ သူတို့ကိုထားသွားချိန်​မှာ Maiရဲ့အ​မေ Molly ဟာ သူ့ရဲ့အထီးကျန်​မှု​တွေကို ​ဖြေ​ဖျောက်​ဖို့ အိမ်​တွင်းအခိုင်းအ​စေ စက်​ရုပ်​​လေး​တွေ ဖြစ်​တဲ့ Q bot​လေး​တွေဝယ်​ရင်း သူ့သမီးကို ဂရုစိုက်​ဖို့​မေ့​နေခဲ့ပါတယ်​..
Mai ဟာသူ့အ​မေက သူ့ထက်​စက်​ရုပ်​​တွေကို ပိုဂရုစိုက်​​နေတာ​ကြောင့်​ စက်​ရုပ်​​တွေကိုတစ်​​နေ့တစ်​ခြားမုန်းတီး​နေခဲ့ပါတယ်​…
ဒီလိုနဲ့ IQ roboticလို့​ခေါ်တဲ့ စက်​ရုပ်​ထုတ်​လုပ်​​ရေး ကုမ္ပဏီက ​စက်​ရုပ်​ဖန်​တီးရှင်​ ​ဒေါက်​တာ ရိုက်​စ်​လျှို့ဝှက်​ဖန်​တီး​နေတဲ့စက်​ရုပ်​ကြီး မ​တော်​တဆလွတ်​သွားတဲ့အချိန်​မှာ စက်​ရုပ်​​တွေကိုမုန်း​နေတဲ့ Maiနဲ့အတူ ဘယ်​လို​သောင်းကျန်းကြဦးမလဲဆိုတာ ကြည့်​ရှုရမှာဖြစ်​ပါတယ်
Imdb rating လည်း 7/10အထိ ရထားတာဆို​တော့ လက်​မလွှတ်​သင့်​တဲ့ ဇာတ်​ကား​လေးဖြစ်​ပါတယ်
Reviewed and translated by SoulSubs team
Encoded by Lwin Naung
Quality Webdl
Size 910/280 MB
IMDB 7.0
Genres Animation, Action, Adventure

Download Link
-----------------
Small Openload Link

Large Openload Link 

I am the King(2012) မြန်မာစာတန်းထိုး

Synopsis

ဒီဇာတ်ကားဟာ ကိုရီးယားစာပေစတင်ဖြစ်ထွန်းလာစေတဲ့ ဘုရင်ဆယ်ဂျုံးနန်းမတက်ခင် အိမ်ရှေ့မင်းသားဘဝကာလကို ဇာတ်အိမ်တည်ထားတဲ့ ရသစုံဟာသကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့…
မင်းသားချွန်းယောင်းက ဘုရင့်သားတော်တွေထဲမှာ တတိယမြောက်သားတော်ဖြစ်ပြီး စာဂျပိုးလို့ခေါ်ရလောက်အောင် စာအုပ်တွေကိုပဲ ရူးသွပ်နေတဲ့မင်းသားတစ်ပါးပါ။ မင်းသားချွန်းယောင်းရဲ့
အစ်ကိုတော်ယန်းယောင်းကို ဘုရင်မင်းမြတ်က စိတ်သဘောမတွေ့လှပါဘူး။ ဒါကြောင့် ယန်းယောင်းကို အိမ်ရှေ့စံအရိုက်အရာကနေ ရုတ်သိမ်းပြီး တတိယမြောက်သားတော် မင်းသားချွန်းယောင်းကို
အိမ်ရှေ့စံအရိုက်အရာအပ်နှင်းလိုက်ပါတော့တယ်။ စာအုပ်စာပေတွေနဲ့သာ ပျော်မွေ့လိုပြီး အစ်ကိုတော်ကိုလည်းကြောက်တဲ့မင်းသားချွန်းယောင်းက အိမ်ရှေ့စံမဖြစ်လိုတာကြောင့် နန်းတော်မှ
ထွက်ပြေးခဲ့ပါတော့တယ်။ ပျောက်သွားတဲ့မင်းသားကိုရှာနေတဲ့ကိုယ်ရံတော်နှစ်ပါးက မင်းသားချွန်းယောင်းနဲ့တူတဲ့ဒေါ့ချီဆိုသူကိုတွေ့လိုက်ရတဲ့အခါ လတ်တလောပြဿနာကိုဖြေရှင်းဖို့ ဒေါ့ချီကို
မင်းသားချွန်းယောင်းအယောင်ဆောင်ခိုင်းပါတော့တယ်။
မင်းသားချွန်းယောင်းအယောင်ဆောင်ရတဲ့ဒေါ့ချီက နန်းတော်ထဲမှာ ပိပိရိရိဟန်ဆောင်နိုင်ပါ့မလား။ ထွက်ပြေးသွားတဲ့မင်းသားချွန်းယောင်းကလည်း
သာမန်ပြည်သူတစ်ယောက်အဖြစ်နေထိုင်ရတဲ့အခါ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ရမှာလဲ။ မင်းသားချွန်းယောင်းနဲ့ဒေါ့ချီတို့ရဲ့ ဘဝအလှည့်အပြောင်းကို ဟာသတွေနှောရင်း ကြည့်ကြရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာ မင်းသားချွန်းယောင်းနဲ့ဒေါ့ချီအဖြစ် Ju Ji-hoonက စရိုက်နှစ်မျိုးနဲ့သရုပ်ဆောင်ထားပြီး ပရိသတ်တို့ရဲ့အချစ်တော် Kim So-hyunလေးလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။
Review and translated by GC

Download Link
-------------------
Small Openload Link (132MB)

Large Openload Link (1GB)

The Heirs (2013) မြန်မာစာတန်းထိုး

Synopsis of The Heirs (2013)

တောင်ကိုရီးယားနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အားပေးမှု့အပြည့်ဝရရှိထားတဲ့

မင်းသားလီမင်ဟို နဲ့ မင်းသမီးပတ်ရှင်ဟေးတို့ရဲ့

အကောင်းဆုံးတွေထဲက အကောင်းဆုံးစီးရီးတစ်ခုဖြစ်ပါတယ်…

ဒီစီးရီးလေးဟာ

Rating 7.6/10 အထိရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်

American Digital Distribution Platform ‘Dramafever’ နဲ့

Korean Production တို့က ပထမဆုံး Co Produced ပြုလုပ်ထားတဲ့

Drama အမျိုးအစားဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာလည်း တော်တော်လေး Hit ဖြစ်ခဲ့ပြီး

Asia မှာလည်း အရမ်းလူကြိုက်များခဲ့ပါတယ်…..

ဒီစီးရီးလေးဟာဆိုရင်

နာမည်ကြီးစာရေးဆရာမ ( Decendents of the Sun , Goblin) တို့ကို ရေးတဲ့

စာရေးဆရာမ Kim Eun Seok ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေထဲကတစ်ခုဖြစ်ပါတယ်

Hallyu လောကမှာ နာမည်ကြီး ပရိသတ်အခိုင်အမာရထားတဲ့

Lee min ho နဲ့ Park Shin Hye ကိုတွဲပေးထားပြီး

အရံ ဇာတ်ပို့တွေကအစ နာမည်ရထားတဲ့သူတွေပဲ သုံးထားလို့

မထွက်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားခဲ့တဲ့စီးရီးလေးလည်းဖြစ်ပါတယ်…

ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်

ချမ်းသာပြီးအထီးကျန်ဆန်နေရတဲ့သူဌေးသားလေး ကင်တန်နဲ့

သူဆင်းရဲမလေး ချားအွန်ဆန်းတို့ လူငယ်နှစ်ယောက်ရဲ့

မိုးနဲ့မြေ မဖြစ်နိုင်တဲ့ အချစ်ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်…

တကယ်တော့ အချစ်ဆိုတာ ပကာသနတွေမလိုပါဘူး…

တကယ်ချစ်လာကြတဲ့ အချိန်ကျရင်တော့ တစ်ယောက်နဲ့တစ်ယောက်

ပင်လယ်ပြင်ကြီးနဲ့ကောင်းကင်ကြီးလောက်ပဲ ဝေးဝေး

နှလုံးသားချင်းထပ်တူကျသွားမှာပါ……..


Quality …… HDTV 720p
  Running Time …… 55 minutes
 Translators …. The Heirs Translators Team & Hnin Kyi Thar Oo
 Encoder …… Moe Myint Lwin

Download Link
----------------------







Aliens vs Predator: Requiem (2007) မြန်မာစာတမ်းထိုး

Synopsis

2004 ကထွက်​ခဲ့တဲ့ Alien vs Predator ရဲ့ အဆက်​ကား​လေးပါ
Alien ​တွေအကုန်​ကို
ရှင်းထုတ်​နိုင်​လိုက်​တဲ့ Predator ​တွေဟာ
သူတို့ဂြိုဟ်​ကိုပြန်​ကြပါ​တော့တယ်
ကံဆိုးစွာနဲ့ သူတို့အထဲက တစ်​​ယောက်​ဟာ
Alien ​တွေရဲ့ မျိုးရိုးဗီဇ ကူးစက်​ပြီး
Predalien လို့​ခေါ်တဲ့မျိုးစိတ်​သစ်​တစ်​ခု ​ပေါ်​ပေါက်​ခဲ့တယ်
Alien နဲ့ Predator နှစ်​မျိုးစပ်​ရဲ့
တိုက်​ခိုက်​မှု​တွေ​ကြောင့်​ရုန်းရင်းဆန်​ခတ်​ဖြစ်​ပြီး
Predator​ အာကာသယာဉ်​ဟာ
မြို့ပြင်​တစ်​ခုကို ပျက်​ကျသွားပါ​တော့တယ်
Predalien ကိုယ်​တိုင်​ဦး​ဆောင်​ပြီး
Alien တပ်​ဖွဲ့ ကြီးကို လူ​တွေရဲ့
ခန္ဓာကိုယ်​ကို အသုံးချရင်း ပွားများ​အောင်​ လုပ်​​ဆောင်​​နေခဲ့တယ်
အာကာသယာဉ်​မပျက်​ကျခင်​ အ​ရေး​ပေါ်အချက်​ပြမှု လက်​ခံရရှိတဲ့
Predator သူရဲ​ကောင်းဟာ တစ်​ကိုယ်​​တော်
ချေမှုန်းဖို့ ကမ္ဘာထိ လိုက်​လာပါတယ်
သူတစ်​ပြန်​ကိုယ်​တစ်​ပြန်​သတ်​ဖြတ်​ကြရင်း တို​က်​ပွဲဟာ
မြို့​လေးထဲထိ ကူးစက်​လာပါ​တော့တယ်
Alien သတ္တဝါဆိုး​တွေရဲ့ မျိုးပွားသတ်​ဖြတ်​မှု ,
Predator ကြီးရဲ့ ရက်​စက်တဲ့ လက်​နက်​​တွေ​ကြောင့်
မြို့ထဲက အရာရှိ အက်​ဒီ , သူ့​သူငယ်​ချင်း ဒဲလစ်​,
ဒဲလစ်​ရဲ့ညီ ရစ်​ကီ နဲ့ ​သူ့​ကောင်​မ​လေး ဂျက်​စီ ,
တာဝန်​က​နေ မိသားစုဆီ ပြန်​လာတဲ့ စစ်​သမီး,
လင်​​ရောသားပါ ​ပျောက်​ဆုံးလို့ ပူ​ဆွေး​နေတဲ့ ဒါစီ နဲ့
မြို့သူ မြို့သား​တွေ ​မြေစာပင်​ အဖြစ်​က ရှင်​သန်​နိုင်​မလား?
အ​မေရိကန်​ စစ်​တပ်​ရဲ့ မြို့​လေးအ​ပေါ်ကူညီကယ်​ဆယ်​မှုနဲ့
ဆုံးဖြတ်​ချက်​က​ရောဘယ်​လိုလဲ?
ဆိုတာကို ဒီကားထဲ ရင်​ထိတ်​သည်းဖို ရှုစားရမှာပါ
Translated and Reviewed by Shine Kyaw Kyaw
Encoded by Lwin Naung
Quality – Bluray
Size – 870/230 MB
IMDB – 4.7
Genres – Action , Horror ,Sci-fi

Download Link
-------------------
Large Openload Link

Small Opeload Link

Large G Drive Link

Book Club (2018) မြန်မာစာတမ်းထိုး

Synopsis

The Book Club ဇာတ်ကားကိုMay 18 2018တွင်စတင်ပြသခဲ့ပါတယ် Director Bill Holderman ကရိုက်ကူးခဲ့ပါတယ် လူတိုင်းလူတိုင်းမှာအချစ်ဆိုတာမျိုးကရှိပါတယ် အသက်အရွယ်မရွေးသလိုအချစ်မှာမျက်စိမပါပါဘူး အချစ်ဆိုတာအရမ်းနူးညံသိမ်မွေ့ပါတယ် introဝင်နေတာနဲ့လိုရင်းမရောက်တော့ဘူး Diane (Diane Keaton),ကအသက်လေးဆယ်ပြီးမှလက်ထပ်ထားတာ Vivian(Jane Fonda)က တော့ဘယ်ယောက်ျားကိုမှမတွယ်တာဘူး Sharon(Candice Bergen)ကအလုပ်လုပ်ရင်းအသက်ကြီးသွားတယ် Carol’s (Mary Steenburgen)ကတော့ အသက်၃၅နှစ်ပြီးမှ လက်ထပ်တဲ့အမျိုးသမီးပါ သူတို့လေးယောက်ကအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေပါ သူတို့ရဲ့တနေ့တာတွေကိုသွားလာလှုပ်ရှားနေရင်းနဲ့ပဲ သူတို့ရဲ့ကမ္ဘာတွေထဲကိုလက်တွဲဖော်အသီးသီးကဝင်လာကြတဲ့အခါ အဆင်မပြေကတောက်ကဆဖြစ်နေတဲ့အကဝါသနာပါတဲ့အတွဲကလဲရန်တွေဖြစ်ကြရင်းပြန်တည့်တဲ့အချိန်မှာတော့ရိုမန့်ပေါ့…တခြားလေယာဉ်မှူးနဲ့တွဲဖြစ်တဲ့အတွဲကလဲ ပျော်ရွှင်မြူးထူးနေရင်းသားသမီးတွေကမိသွားတော့သူတို့တွေဝေးသွားကြပါတယ် နောက်တော့သားသမီးတွေကိုဖျောင်းဖျရင်းပြန်တည့်သွားကြတော့ အချစ်တွေပိုကြတာပေါ့ အွန်လိုင်းကနေဆုံဖြစ်တဲ့Derek တို့အတွဲကလဲ အပြင်မှာဆုံတဲ့အခါ Vivian ရဲ့ဘဲဟောင်းနဲ့တွေ့ပြီးတော့ ပြသနာတွေတက်ပြီး နောက်တော့လဲမခွဲနိုင်တော့ပြန်တွဲကြတာပေ အသက်ကြီးကြီး သရုပ်ဆောင်တွေပေမယ့်ဖန်စီဆန်ဆန်ကိုသရုပ်ဆောင်ထားကြပါတယ် ရယ်လဲရယ်ရပါတယ် ကြည့်ရတာပျော်ဖို့လဲကောင်းတဲ့ဇာတ်ကားတစ်ကားပါ ဆက်ကြည့်လိုက်ကြပါနော်
Translated & Reviewed by Ei Kyaw Zin
Encoded by Lwin Naung
Quality Bluray
Size 960/250 MB
IMDB 6.1
Genres  Comedy, Drama, Romance

Download Link
--------------------
Large Openload Link

Large G Drive Link

Small Openload Link

Friday, September 7, 2018

Luis & the Aliens (2018) မြန်​မာစာတန်းထိုး

Synopsis

Animation ချစ်သူများအတွက် ၂၀၁၈ ကားသစ်လေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်…
Luis & the Aliens (2018) သည် IMDb 6.1/10 Common Sense Media 3/5 Google users 83%  : ဒါရိုက်တာ Christoph Lauenstein, Wolfgang Lauenstein တို့က ရိုက်ကူးထား၍  Wolfgang Lauenstein, Christoph Lauenstein တို့က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ အသံသရုပ်ဆောင် Callum Maloney, Dermot Magennis, Ian Coppinger တို့ ပါဝင်သရုပ်ဆောင်ထားသော Animation, Adventure, Comedy ဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
၁၁ နှစ်အရွယ်ကောင်လေးတစ်ယောက် သူ့အိမ်ကို ပန်းကန်ပြားပျံပျက်ကျလာပြီးတဲ့နောက် ဂြိုလ်သားလေးသုံးယောက်နဲ့ သူငယ်ချင်းဖြစ်ကာ ဘယ်လို စွန့်စားခန်းဟာသတွေ တွေ့ရမလဲ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါခင်ဗျာ…
Reviewed by Win Kyaw Thu
Translated by Tulip

Download Google Drive Link (500MB) 


The Blind Side(2009) မြန်မာစာတန်းထိုး

IMDb….7.7
Imdb (7.7) အထိရရှိခဲ့သော ဇာတ်ကားဖြစ်ပါသည်။Michael Oher ၏ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားသည့်
Biography , Drama , Sport ဇာတ်ကားတစ်ကားဖြစ်သည်။
Michael Oher (Quinton Aaron) သည် အိမ်ခြေမဲ့ လူမည်းကလေးငယ်တစ်ဦးဖြစ်သည်။မိဘမဲ့ကျောင်းမှခေါ်ယူခြင်းခံရပြီး
မွေးစားမိဘအိမ်များမှလည်း ထွက်ပြေးလာသည်။ အကြိမ်ပေါင်းများစွာ လမ်းဘေးတွင် နေထိုင်ပြီး အိမ်ယာမဲ့ဘဝနှင့်ရှင်သန်သည်။
သူငယ်ချင်း၏ အဖေဖြစ်သူသည် ကျောင်းတစ်ကျောင်းမှ ဘောလုံးအသင်းနည်းပြဖြစ်ပြီး Michael ၏ လှုပ်ရှားမှူ့များကိုမြင်တွေ့ကာ
ကျောင်းအသင်းအတွက်ခေါ်ယူသွားခြင်းခံရသည်။ကျောင်းသင်ခန်းစာများတွင်လည်း ဆရာများက စာသင်မရသော
ကလေးဟုမှတ်ချက်ပြုခံရသည်။
Michel အတွက် နွေးထွေးသောမိသားစုတွင် နေထိုင်ခွင့်ရခဲ့သည်။ ပညာသင်ခွင့်ရခဲ့သည်။
ကစားပွဲများတွင်
ဝင်ရောက်ကစားရန်အခွင့်အရေးများရခဲ့သည်။
The Blind Side ဇာတ်ကားထဲတွင် Michel သည် မည်သို့မည်ပုံ ကြီးပြင်းရင့်ကျက်လာမည်နည်း ၊
ကစားပွဲများကြားထဲမှ
အခက်အခဲများ ၊ တစ်ဘဝလုံးတွင်ရရှိသော ဒုတိယအခွင့်အရေးဖြစ်သည့် ကျောင်းအသင်းကရွေးချယ်ခံရမည်လား။
အမေရိကန်နိုင်ငံ၏ လူဖြူ လူမည်း ခွဲခြားမှူ့များကို Michel တစ်ယောက်မည်ကဲ့သို့ ကြံ့ကြံ့ခံမည် ၊
မျှော်လင့်ချက်မဲ့နေသော အိမ်ယာမဲ့ လူမည်းကလေးငယ် ဘဝမှ မည်ကဲ့သို့အောင်မြင်အောင် ပြောင်းလဲပစ်ခဲ့သည်များကို
The Blind Side ရုပ်ရှင်တွင် ဆက်လက်ရှူ့ စားပါ ခင်ဗျာ။
(ဇာတ်လမ်းအညွှန်းကိုတော့ မေမြတ်နိုးကရေးသားပေးထားတာပါ)
File Size : (1013 MB) and (370 MB)
Quality : Blu-Ray 720p
Format…mp4
Duration…02:09:00
Genre : BiographyDramaSport
Subtitle : Myanmar Subtitle (Hard Sub)
Translated by Ha Des
Encoded by Kyaw Ye Aung

Download Link
--------------------
Large Openload Link

Small Openload Link

Large Megaup Link

Unbeatable(2013) မြန်မာစာတန်းထိုး

IMDb….7.2
MMAဖိုက်တာတစ်ယောက်….အရွယ်ကောင်းအချိန်ကောင်းဆိုတော့ နိုင်ပွဲတွေဆက်နေတယ်…သို့ပေမယ့်
သူက အနိုင်ဆိုတာထက် ငွေကြေးဘက်ကိုလိုက်ပြီး လုပ်ပွဲတွေကိုပဲ လုပ်မိနေတယ်…ဒါပေမယ့် ကြာကြာမခံပါဘူး..လုပ်ပွဲတွေကြောင့်
အရေးယူခံရသလို သူလည်းဘ၀ပျက်သလိုဖြစ်သွားတယ်…နာမည်ဆိုးရှိနေတဲ့သူဟာ ဘ၀ကိုဖြစ်သလိုနေထိုင်နေတယ်…
နောက်ပိုင်းသူဟာ အိမ်လေးတစ်အိမ်မှာငှါးနေတယ်…အဲ့ဒီမိသားစုကို ခင်တွယ်ခဲ့တယ်…
လူငယ်လေးတစ်ယောက်ကလည်း သူ့ကိုနည်းပြပေးဖို့တောင်းဆိုလာတော့သူလက်ခံလိုက်တယ်….
မိသားစုလေးကိုခင်တွယ်ပြီးနောက်မှာတော့ သူ့နာမည်ကိုဘယ်လိုအဖတ်ဆယ်မလဲ..သူ့တပည့်ကရော MMAပြိုင်ပွဲမှာ
ချန်ပီယံဖြစ်မလား…အသက် ၄၀ကျော်ရှိပြီဖြစ်တဲ့သူကရော ကြိုးဝိုင်းထဲကိုပြန်ဝင်ဦးမှာလားဆိုတာကိုတော့
ခံစားကြည့်လိုက်ပါဦး….
MMA  Fight Scence  တွေကြည့်ရတာ တော်တော်လန်းတယ်ဗျို့….
File Size : (1GB) and (380 MB)
Quality : Blu-Ray 720p
Format…mp4
Duration…02:02:00
Genre : ActionDrama
Subtitle : Myanmar Subtitle (Hard Sub)
Encoded by Phyo Pyae

Download Link
---------------------
Small Megaup Link

Large Megaup Link

large Openload Link

Bad Milo (2013) မြန်​မာစာတန်းထိုး

Bad Milo ဇာတ်ကားလေးကတော့
Director:Jocob Vaughan ရိုက်ကူးထားသမျှဇာတ်ကားတွေထဲမှ
ထူးခြားတဲ့ ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။
> IMDb Rating 5.7/10
ဒီဇာတ်ကားထဲမှာဆိုရင်တော့ Duncan ဟာဆိုရင်တော့ အစာအိမ်ရောဂါကြောင့် အမြဲစိတ်ဖိစီးနေတတ်သူဖြစ်ပါတယ်။
တစ်နေ့မှာတော့ သူ့ရဲ့ရောဂါဟာပိုဆိုးလာတာကြောင့်
Gastroenterologist နဲ့ပြသဖို့ ရက်ချိန်းယူခဲ့ပါတယ်။
ဆရာဝန်များက စမ်းသပ်ရှာဖွေစဉ်မှာဆိုရင်တော့
polyp လို့ခေါ်တဲ့ ကြီးမားတဲ့အရာကြီးကို သူ့အူလမ်းကြောင်းမှာ
တွေ့ခဲ့ရပါတယ်။
ထိုသို့တွေ့သည့်နောက်မှာပဲ အရွယ်အစားနှစ်ပေလောက်ရှိသော
အကောင်တစ်ကောင်က သူ့စအို မှထွက်လာကာ
ဆရာဝန်ကို တိုက်ခိုက်ခဲ့ပါတယ်။
အဲ့သတ္တ၀ါလေးဟာဆိုရင်တော့ သူ့ရဲ့ဗိုက်ထဲမှာ
ထူးဆန်းစွာ ကပ်တွယ်နေတာဖြစ်ပါတယ်။
အဲ့သတ္တ၀ါလေးရဲ့နာမည်ကတော့ မိုင်လို ဖြစ်ပါတယ်။
အဲ့သတ္တ၀ါလေးက တစ်ကယ်ကော အန္တရာယ်ရှိတာလား
ဒါမှမဟုတ် သနားဖို့ကောင်းလားဆိုတာကတော့
ဇာတ်လမ်းလေးထဲမှာဆက်လက်ရှု့စားကြပါတော့…။
ဒီဇာတ်ကားလေးကတော့ ၂၀၁၃မှာ ထွက်ရှိခဲ့တဲ့
Comedy, Horror ဇာတ်ကားလေးတစ်ကားဖြစ်သည့်အပြင်
IMDb ကလည်း 5.7 ရရှိထားတာဆိုတော့ ကြည့်ရှု့သင့်တဲ့
ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
File size…(800 MB) and (350 MB)
Quality…BR-Rip 720p
IMDb Rating… 5.7/10
Format…mp4
Duration….01:24:09
Subtitle….Myanmar Subtitle (Hardsub)
Encoded by Naing Aung Latt

Download Link
------------------------
Small Openload Link 

Large Openload Link 

Large Megaup Link 

The Seasoning House(2012) မြန်မာစာတန်းထိုး

IMDb…..6.1
၁၉၉၆ မှာတော့ ဘော်လ်ကန်ဒေသမှာ မြို့ငယ်တစ်မြို့စာလောက်ရှိတဲ့ လူတွေကို စစ်တပ်တစ်တပ်က သတ်ဖြတ်ခဲ့ပါတယ်..
တစ်ချို့အမျိုးသမီးတွေတော့ အသက်ရှင်ကျန်ခဲ့ကြတယ်…
အသက်ရှင်ကျန်ခဲ့တဲ့ အမျိုးသမီးတွေအတွက်လည်း ငရဲခန်းပါပဲ…..
အိမ်လေးတစ်အိမ်ထဲမှာ အားလုံးကို အကျဉ်းချထားတယ်… ဆေးတွေထိုးတယ်..
မုဒိမ်းလည်းကျင့် တယ်…ထွက်ပြေးတဲ့ သူတွေကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်တယ်…
စည်းကမ်းဖောက်တဲ့သူကို ဘယ်လိုခံစားရမလဲဆိုတာကို ဥပမာပေးတဲ့အနေနဲ့ တောင် သတ်ပြစ်တဲ့ အဖွဲ့အောက်မှာ
မိန်းကလေးတွေဘ၀က တကယ်ကိုသွေးပျက်စရာပဲ….
ဒီမိန်းကလေးတွေ ဘာလို့ဒီလိုအခက်အခဲနဲ့ရင်ဆိုင်နေရတယ်..သူတို့တွေထဲက ဘယ်သူတွေများထွက်ပြေးလွတ်မြောက်ကြမလဲ..
.ဒီမိန်းကလေးတွေကို
ဖျက်ဆီးမှုတွေပြုလုပ်နေတာကရော ဘယ်သူတွေများလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး
ကိုင်း Horrorကား သွေးထွက်သံယိုကားတွေသဘောကျတဲ့သူတွေအတွက်…
File Size : (900 MB) and (330 MB)
Quality : Blu-Ray 720p
Format…mp4
Duration…01:30:00
Genre : DramaHorrorThriller
Subtitle : Myanmar Subtitle (Hard Sub)
Encoded by Phyo Pyae

Download Link
-------------------
Large Openload Link

Small Megaup Link

Large Megaup Link

Your House Hepler (2018) မြန်မာစာတန်းထိုး

💕အိမ်တော်ထိန်း💕 
Your House Hepler 당신의 하우스헬퍼(2018)
ဒီတစ်ခါတော့ နာမည်ကျော် webtoon ကို
ပြန်လည်အသက်သွင်းထားပြီး rating မြင့်
ဟာသကားလေးတစ်ကားနဲ့ တင်ဆက်ပေးပါရစေ
Drinking Solo ,Something About 1 Percent,
Radiant Office ထဲကမင်းသား Ha Suk Jin
The Best Hits,Girl's Generation 1979,
Radio Romance ထဲကမင်းသမီး Bona
Eulachacha Waikiki ,Secret Queen Makers ထဲက
အသဲကျော်လေး Go Won Hee အပြင်
Lee Ji Hoon နဲ့Seo Eun Ah တို့ပါဝင်ထားပါတယ်
<<<<<<<<<ဇာတ်လမ်းအကျဉ်း >>>>>>>>
- အိမ်ကိုထိန်းသိမ်းရာမှာတော်လွန်းပြီး
နာရီပိုင်း လှပစွာပြင်ဆင်နိုင်သူ စကားပြောမချိုပေမယ့်
သဘောထားဖြူစင်ပြီး စိတ်ရှည်တဲ့သူ တခြားသူတွေကိုလဲ
အကြံဥာဏ်ကောင်းတွေပေးတတ်တဲ့ 
လူချော အိမ်တော်ထိန်းလေး ကင်ဂျီဝန်း
- အမေငယ်ငယ်ကတည်းကဆုံးသွားတော့ အဖေနဲ့နေခဲ့ရသူ
အဖေရုတ်တရက်ဆုံးတော့ အကြွေးပတ်လည်ဝိုင်းနေပြီး
ကြော်ငြာကုမဏ္ဏီတသ်ခုမှာအစမ်းခန့်ဝန်ထမ်းလုပ်နေရသူ
သူများအပြောခံ အလုပ်ရဖို့ အောက်ခြေသိမ်းအလုပ်ကအစ
လုပ်နေရပြီး ရုံး ဝန်ထမ်း အချင်းချင်းရဲ့ အခိုင်းခံလေး အင်ဒါယောင်း
- ဥစ္စာပေါရုပ်ချော မိန်းမအရှုပ်အရှင်းကင်းတဲ့
ရှေ့နေလေး ဂျင်ကွတ်
- နာမည်ကြီး ရတနာ ဒီဇိုင်နာ ချစ်သူ နိုင်ငံခြားသွားတုန်း
အလုပ်နဲ့ဝေးတဲ့ ချစ်သူ့ကို အိမ်ကို စောင့်ရှောက်ပေးရင်း
အလုပ်ပြုတ်ခဲ့ရပြီး ဘေထုတ်တန်းကရတနာ တွေကိုအချိန်ပိုင်း
လုပ်နေပြီး အမေကိုရှာကျွေးရတဲ့ မိန်းမချောလေး ယွန်းဆယ်အာ
- အမေဖြစ်သူနဲ့ အိမ်ခွဲနေ မောင်ဖြစ်သူနဲ့ အမေ့ကို
လက်သည်းအပြက်ဆိုင်လေးဖွင့်ကာ ထောက်ပံ့ပေးနေရတဲ့
ယောကျာ်းတွေကိုကြောက်တတ်တဲ့ ဟန်ဆိုးမီ
> အစပိုင်းမှာ ဘေးအိမ်ကိုအိမ်သန့်ရှင်းရေးလုပ်ပေးရင်း
အသန့်ကြိုက်တဲ့ကင်ဂျီဝန်း ညစ်ပတ်အိုးအင်ဒါယောင်း နဲ့
ကတောက်ကစလေးဖြစ်ပြီးအထင်လွဲကာမတည့်ခဲ့ကြပါဘူး
> ယွန်းဆယ်အာတစ်ယောက် ကျပန်းအချိန်အလုပ်တွေလုပ်နေရင်း
သူ့ချစ်သူ အိမ်ကိုသန့်ရှင်းမလုပ်မိတာတော်တော်ကြာပါလို့
ညစ်ပတ်ရှုပ်ပွလွန်းတဲ့ အိမ်ဖြစ်နေပါပြီ ချစ်သူက နောက်မိနိးမနဲ့
နိုင်ငံခြားဖောက်ပြန်နေတာသိသော်လည်း မျက်စိစုံမှတ်ပြီး
သည်းခံပေးခဲ့တဲ့သူမ  တစ်နေ့ သူ့ချစ်သူ ပြန်လာမယ်ဆိုတော့
ညစ်ပတ်နေတဲ့အိမ်ကြီးနဲ့သူမအကြပ်ရိုက်ပါတော့တယ်
သူငယ်ချင်းတယောက်ပြောပြသဖြင့် အိမ်တော်ထိန်းလေး
ကင်ဂျီဝန်းကိုအကူအညီတောင်းခဲ့ရပါတယ်
အိမ်သန့်ရှင်းတာကိုဝိုင်းကူနေရင်း မထင်မှတ်ဘဲ
တွေ့ရှိခဲ့တဲ့ သူရည်းစားဖောက်ပြန်တဲ့ဓာတ်ပုံတွေကြောင့် 
ဝမ်းနည်းနေတဲ့သူမကို နှစ်သိမ့်ပေးရင်းဂျီဝန်းနဲ့
ခင်မင်ရင်းနှီးသွားတဲ့သူမ
> အင်ဒါယောင်း တယောက် အကြွေးတွေက ပတ်လည်ဝိုင်း 
လက်ရှိအစမ်းခန့်အလုပ်ကလည်း မသေချာ အဖေကိုယ်တိုင်
ဒီဇိုင်းဆွဲထားတဲ့အိမ်လေးကိုလည်းမရောင်းချင်တာကြောင့်
အိမ်ဌားတင်ဖို့ဆုံးဖြတ်ခဲ့တယ် အိမ်ဌားတွေလာကြည့်ကြပေမယ့်
နဂိုထဲကညစ်ပတ်အိုး ကြွက်သိုက်လိုဖြစ်နေတဲ့ အိမ်ကိုလည်း
ဘယ်သူကမှမဌားချင် နောက်ဆုံးမှာ ကင်ဂျီဝန်းကို
အကူအညီတောင်းပြီး အိမ်သန့်ရှင်းဖို့လုပ်ပါတော့တယ်
> ချစ်သူကိုစိတ်နာကာအိမ်ကိုထားပြီး ထွက်လာတဲ့
ယွန်းဆယ်အာ ငယ်ငယ်ကအချစ်ဆုံး
သူငယ်ချင်း အင်ဒါယောင်း အိမ်မှာနေဖို့ဖြစ်လာတဲ့အခါ
> ဟန်ဆိုးမီတစ်ယောက် ဆိုင်ခန်းနဲ့နီးပြီး ဈေးသက်သာတဲ့
အိမ်ဌားဖို့လိုက်ရှာရင်း အချစ်သူငယ်ချင်း အင်ဒါယောင်း
အိမ်မှာနေဖို့ဖြစ်လာတဲ့အခါ....
သူငယ်ချင်း(3) ယောက်တအိမ်ထဲစုနေရင်း
ဘာတွေဘယ်လိုဆက်ဖြစ်မယ်ဆိုတာတော့.....
 
Download Link
--------------------
 
 
 



Witch's Love (2018) မြန်မာစာတန်းထိုး Complete

💖စုန်းမလေးရဲ့ချစ်ပုံပြင်💖
Witch's Love (2018)
စုန်းမတွေ လူ့လောကထဲမှာရှိနေသေးတယ်ဆိုတာယုံလား
တကယ်တော့ လူတွေကြားထဲမှာ ပုန်းကွယ်နေလို့
လူတွေမသိခဲ့ကြတာပါ
အဖွားကြီးတစ်ယောက် အမျိုးသမီးကြီးတစ်ယောက်
မိန်းမပျိုလေးတစ်ဦး အိမ်အိုကြီးတစ်လုံးမှာနေထိုင်ကြပြီး
စွပ်ပြုတ်ဆိုင်လေး ဖွင့်ထားတယ်
စွပ်ပြုတ်ဆိုင်ကို ရပ်ကွက်ထဲမှာဖွင့်ထားပေမယ့်
မီးခိုးမထွက် တစ်ခါစားမိရုံနဲ့ အမြဲတမ်းလာစားချင်စိတ်ဖြစ်လို့
စွပ်ပြုတ်လာစားသူတွေတန်းစီပြီး ရပ်စောင့်နေရတဲ့အထိပဲ....
မာဆောင်းထယ် ကုမဏ္ဏီ ဥကဋ္ဌ သူဌေးလေးတစ်ယောက်
အမြဲတမ်း အိမ်မက်ထဲမှာ အိမ်အိုကြီးတစ်လုံးကိုမက်ပြီး
အိမ်မက်ဆိုးတွေနဲ့ နိုးထရတယ် 
လွန်ခဲ့တဲ့ 25 နှစ် ကလေးဘဝကအဖြစ်ပျက်တွေကို
မမှတ်မိတော့တဲ့သူ ငယ်ငယ်ကအကြောင်းမှတ်မိစေဖို့
အိမ်မက်ထဲက အိမ်အိုကြီးကို လိုက်ရှာနေခဲ့တယ်....
တစ်နေ့စုန်းပျိုမလေး ဟန်ချိုဟွန်းကိုမာဆောင်းထယ်ကားနဲ့
တိုက်မိခဲ့တယ် ကားတစ်ခုလုံး ပိန်ချိုင့် သွားခဲ့လို့
လျော်ကြေးပေးဖို့ စုံစမ်းပေမယ့်စုံစမ်းမရခဲ့ဘူး
အတိတ်ကအကြောင်းကိုသိချင်လို့ အိမ်အိုကြီးဝယ်ခဲ့ပြီး
အိမ်အိုကြီးမှာ ဟန်ချိုဟွန်းနဲ့ပြန်လည်စုံတွေ့တဲ့အခါ.....
အတိတ်ကဘာတွေဖြစ်ခဲ့တာလဲ...
စုန်းမဆိုတဲ့လျှူိ့ ဝှက်ချက်တွေကောသိသွားမလားဆိုတာ...

Download Link
-------------------------












Shopping King Louis (2016) မြန်မာစာတန်းထိုး Complete

❣️ အချစ်​အဝယ်​​တော်​❣️ ---------------------------------------- Director: Lee Sang-Yeob Writer: Oh Ji-Young  Network: MBC  Episodes...