Friday, September 7, 2018

Your House Hepler (2018) မြန်မာစာတန်းထိုး

💕အိမ်တော်ထိန်း💕 
Your House Hepler 당신의 하우스헬퍼(2018)
ဒီတစ်ခါတော့ နာမည်ကျော် webtoon ကို
ပြန်လည်အသက်သွင်းထားပြီး rating မြင့်
ဟာသကားလေးတစ်ကားနဲ့ တင်ဆက်ပေးပါရစေ
Drinking Solo ,Something About 1 Percent,
Radiant Office ထဲကမင်းသား Ha Suk Jin
The Best Hits,Girl's Generation 1979,
Radio Romance ထဲကမင်းသမီး Bona
Eulachacha Waikiki ,Secret Queen Makers ထဲက
အသဲကျော်လေး Go Won Hee အပြင်
Lee Ji Hoon နဲ့Seo Eun Ah တို့ပါဝင်ထားပါတယ်
<<<<<<<<<ဇာတ်လမ်းအကျဉ်း >>>>>>>>
- အိမ်ကိုထိန်းသိမ်းရာမှာတော်လွန်းပြီး
နာရီပိုင်း လှပစွာပြင်ဆင်နိုင်သူ စကားပြောမချိုပေမယ့်
သဘောထားဖြူစင်ပြီး စိတ်ရှည်တဲ့သူ တခြားသူတွေကိုလဲ
အကြံဥာဏ်ကောင်းတွေပေးတတ်တဲ့ 
လူချော အိမ်တော်ထိန်းလေး ကင်ဂျီဝန်း
- အမေငယ်ငယ်ကတည်းကဆုံးသွားတော့ အဖေနဲ့နေခဲ့ရသူ
အဖေရုတ်တရက်ဆုံးတော့ အကြွေးပတ်လည်ဝိုင်းနေပြီး
ကြော်ငြာကုမဏ္ဏီတသ်ခုမှာအစမ်းခန့်ဝန်ထမ်းလုပ်နေရသူ
သူများအပြောခံ အလုပ်ရဖို့ အောက်ခြေသိမ်းအလုပ်ကအစ
လုပ်နေရပြီး ရုံး ဝန်ထမ်း အချင်းချင်းရဲ့ အခိုင်းခံလေး အင်ဒါယောင်း
- ဥစ္စာပေါရုပ်ချော မိန်းမအရှုပ်အရှင်းကင်းတဲ့
ရှေ့နေလေး ဂျင်ကွတ်
- နာမည်ကြီး ရတနာ ဒီဇိုင်နာ ချစ်သူ နိုင်ငံခြားသွားတုန်း
အလုပ်နဲ့ဝေးတဲ့ ချစ်သူ့ကို အိမ်ကို စောင့်ရှောက်ပေးရင်း
အလုပ်ပြုတ်ခဲ့ရပြီး ဘေထုတ်တန်းကရတနာ တွေကိုအချိန်ပိုင်း
လုပ်နေပြီး အမေကိုရှာကျွေးရတဲ့ မိန်းမချောလေး ယွန်းဆယ်အာ
- အမေဖြစ်သူနဲ့ အိမ်ခွဲနေ မောင်ဖြစ်သူနဲ့ အမေ့ကို
လက်သည်းအပြက်ဆိုင်လေးဖွင့်ကာ ထောက်ပံ့ပေးနေရတဲ့
ယောကျာ်းတွေကိုကြောက်တတ်တဲ့ ဟန်ဆိုးမီ
> အစပိုင်းမှာ ဘေးအိမ်ကိုအိမ်သန့်ရှင်းရေးလုပ်ပေးရင်း
အသန့်ကြိုက်တဲ့ကင်ဂျီဝန်း ညစ်ပတ်အိုးအင်ဒါယောင်း နဲ့
ကတောက်ကစလေးဖြစ်ပြီးအထင်လွဲကာမတည့်ခဲ့ကြပါဘူး
> ယွန်းဆယ်အာတစ်ယောက် ကျပန်းအချိန်အလုပ်တွေလုပ်နေရင်း
သူ့ချစ်သူ အိမ်ကိုသန့်ရှင်းမလုပ်မိတာတော်တော်ကြာပါလို့
ညစ်ပတ်ရှုပ်ပွလွန်းတဲ့ အိမ်ဖြစ်နေပါပြီ ချစ်သူက နောက်မိနိးမနဲ့
နိုင်ငံခြားဖောက်ပြန်နေတာသိသော်လည်း မျက်စိစုံမှတ်ပြီး
သည်းခံပေးခဲ့တဲ့သူမ  တစ်နေ့ သူ့ချစ်သူ ပြန်လာမယ်ဆိုတော့
ညစ်ပတ်နေတဲ့အိမ်ကြီးနဲ့သူမအကြပ်ရိုက်ပါတော့တယ်
သူငယ်ချင်းတယောက်ပြောပြသဖြင့် အိမ်တော်ထိန်းလေး
ကင်ဂျီဝန်းကိုအကူအညီတောင်းခဲ့ရပါတယ်
အိမ်သန့်ရှင်းတာကိုဝိုင်းကူနေရင်း မထင်မှတ်ဘဲ
တွေ့ရှိခဲ့တဲ့ သူရည်းစားဖောက်ပြန်တဲ့ဓာတ်ပုံတွေကြောင့် 
ဝမ်းနည်းနေတဲ့သူမကို နှစ်သိမ့်ပေးရင်းဂျီဝန်းနဲ့
ခင်မင်ရင်းနှီးသွားတဲ့သူမ
> အင်ဒါယောင်း တယောက် အကြွေးတွေက ပတ်လည်ဝိုင်း 
လက်ရှိအစမ်းခန့်အလုပ်ကလည်း မသေချာ အဖေကိုယ်တိုင်
ဒီဇိုင်းဆွဲထားတဲ့အိမ်လေးကိုလည်းမရောင်းချင်တာကြောင့်
အိမ်ဌားတင်ဖို့ဆုံးဖြတ်ခဲ့တယ် အိမ်ဌားတွေလာကြည့်ကြပေမယ့်
နဂိုထဲကညစ်ပတ်အိုး ကြွက်သိုက်လိုဖြစ်နေတဲ့ အိမ်ကိုလည်း
ဘယ်သူကမှမဌားချင် နောက်ဆုံးမှာ ကင်ဂျီဝန်းကို
အကူအညီတောင်းပြီး အိမ်သန့်ရှင်းဖို့လုပ်ပါတော့တယ်
> ချစ်သူကိုစိတ်နာကာအိမ်ကိုထားပြီး ထွက်လာတဲ့
ယွန်းဆယ်အာ ငယ်ငယ်ကအချစ်ဆုံး
သူငယ်ချင်း အင်ဒါယောင်း အိမ်မှာနေဖို့ဖြစ်လာတဲ့အခါ
> ဟန်ဆိုးမီတစ်ယောက် ဆိုင်ခန်းနဲ့နီးပြီး ဈေးသက်သာတဲ့
အိမ်ဌားဖို့လိုက်ရှာရင်း အချစ်သူငယ်ချင်း အင်ဒါယောင်း
အိမ်မှာနေဖို့ဖြစ်လာတဲ့အခါ....
သူငယ်ချင်း(3) ယောက်တအိမ်ထဲစုနေရင်း
ဘာတွေဘယ်လိုဆက်ဖြစ်မယ်ဆိုတာတော့.....
 
Download Link
--------------------
 
 
 



1 comment:

  1. 3+4 links ေ သ ေ န လို ့ျ ပ င္ ေ ပး ပါ ဦး

    ReplyDelete

Shopping King Louis (2016) မြန်မာစာတန်းထိုး Complete

❣️ အချစ်​အဝယ်​​တော်​❣️ ---------------------------------------- Director: Lee Sang-Yeob Writer: Oh Ji-Young  Network: MBC  Episodes...