Friday, August 31, 2018

Women in Trouble (2009) မြန်မာစာတန်းထိုး

Women in Trouble ဇာတ်ကားလေးကတော့
2009 ခုနှစ်မှာ Director,Writer: Sebastian Gutierrez
ရိုက်ကူးထားတဲ့ Comedy,Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဒီကားထဲမှာဆိုရင်တော့ နာမည်ကြီးမင်းသမီး ၆ ယောက်အထိ
ပါဝင်သရုပ်ဆောင်ထားတာကြောင့် ပုံမှန်ဇာတ်ကားတွေနဲ့မတူ
ဇာတ်လမ်းဇာတ်အိမ်ထူးဆန်းတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။
IMDb Rating ကလည်း 5.8 ရရှိထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားကတော့
အမျိုးမျိုးသော မိန်းကလေးတွေရဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့
ပြဿနာအမျိုးမျိုး နဲ့ ဘ၀နေထိုင်မှု့ပုံစံတွေကို
ဟာသဆန်စွာ အချိတ်အဆက်မိစွာ
ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
Porn Star,A flight Attendant မှအစ
အနှိပ်သည်မိန်းကလေးတွေအထိပါမကျန်
သူတို့ရဲ့ဘ၀တွေကို ပုံပေါ်အောင် ရိုက်ကူးထားတဲ့အပြင်
ပေးချင်တဲ့ messageကိုပါ တစ်ပါတည်းပေးသွားတဲ့
ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှု့သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
File size…(950 MB) and (300 MB)
Quality…BR-Rip 1080p
Format…mp4
Duration….01:35:22
Subtitle….Myanmar Subtitle (Hardsub)
Translated by CM Team
Encoded by Naing Aung Latt

Download Link
-------------------
Large Megaup.net Link 

Large Openload Link 

Small Megaup.net Link 

Thursday, August 30, 2018

Action Point (2018) မြန်မာစာတန်းထိုး

ဒီတစ်ခေါက်မှာလဲ Fan တွေကို ဟာသ ကားလေး တစ်ကားနဲ့
မိတ်ဆက်ပေးချင်ပါတယ် တစ်ကားလုံး ရယ်နေရလို့
စိတ်ညစ်တာတွေတောင် ပျောက်သွားပါလိမ့်မယ်
တစ်ခုရှိတာတော့ ညစ်ညမ်းအပြုအမှု နဲ့ ညစ်ညမ်းစကားလေးတွေ
အနည်းငယ်ပါတာကြောင့် မိသားစု နဲ့ ကြည့်ရင်တော့ သိပ်ပြီး
အဆင်ပြေမယ် မထင်ပါဘူး ဒါလေး တစ်ခုပါပဲ
ဇတ်လမ်း ပုံစံကတော့
ဒီစီ ဆိုတဲ့ လူဟာ သူ့ ဘ၀ ကြီးလို့ သက်မှတ်ထားတဲ့
ကစားကွင်းကြီး တစ်ခု ပိုင်ပါတယ် ကစားကွင်းလို့သာ
ပြောရတာ ကစားစရာ ပစ္စည်းက မစုံလင် ဘာမှ မခိုင်ခံ
ညစ်ပတ်စုတ်ပြတ်နေတဲ့ ကွင်းလေး တစ်ခုထဲမှာ
အဖြစ်သဘော လုပ်ထားတဲ့ ကစားကွင်းတစ်ခုဖြစ်ပြီး
ဘာမှ အထိန်းမကွပ်မရှိ လုပ်ချင်ရာလုပ်နေတဲ့ သူဖြစ်ပါတယ်
တစ်ရက်မှာတော့ ကွာရှင်းထားတဲ့ ဒီစီ မိန်းမဆီကနေ
သမီးလေး ဖြစ်သူ ဘိုဂီ လာလည်ပါတယ်
ဘိုဂီ လာလည်တုန်း တစ်ခဏ ဒီကစားကွင်းကို
အောင်မြင်အောင် လုပ်ဖို့ကြံရွယ်ရင်း
ဘဏ်က အကြွေးတွေလဲ ဆပ်ချင်နေတဲ့
ဒီစီ တစ်ယောက် ဘယ်လို ပေါက်တက်ကရတွေ
လုပ်ပြီး ကမောက်ကမ တွေ ဖြစ်မယ်ဆိုတာ
ဟား ဖို့ ပြင်ရင်း ကြည့်ရှုလိုက်ရအောင်
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့
Bommy Chan ဖြစ်ပြီး Thit San Khant မှ
တင်ဆက်ပေးထားပါတယ်

Download Link
---------------------




Miami Vice (2006) မြန်မာစာတန်းထိုး

IMDb…6.0
စုံထောက် ဆိုနီနဲ့ ရီကာဒိုတို့ဟာ ဖလော်ရီဒါက မူးယစ်ဆေးမှောင်ခိုအဖွဲ့ကို ဖမ်းဆီးနိုင်ရေးအတွပ် သူလျှိုလုပ်ခဲ့ကြပါတယ်..
မူးယစ်လောကဟာ သူတို့ထင်ထားတာထက်ရှုတ်ထွေးနေသလို လျှို့ဝှက်မှုတွေလည်းရှိနေခဲ့တယ်…
ဒီကြားထဲ မှောင်ခိုမူးယစ်ခေါင်းဆောင်အမျိုးသမီးကလည်း လှသလောက် အလုပ်လုပ်တဲ့နေရာမှာတော်တယ်….
စုံထောက် ဆိုနီဟာ မှောင်ခိုဂိုဏ်းခေါင်းဆောင်ရဲ့ အမျိုးသမီးရဲ့အလှမှာ ယစ်မူးသွားခဲ့တယ်….
မူးယစ်ဆေးဝါးလောကရဲ့ အရှုပ်အထွေးတွေကြားမှာ စုံထောက်ဆိုနီနဲ့ ရီကာဒိုတို့  မူးယစ်အဖွဲ့ကို ဖမ်းဆီးနိုင်မလား….
အချစ်နွံထဲနစ်ပြီး ဆိုနီတစ်ယောက် ဗျာများနေမလား…. Action နဲ့ Crime ကြိုက်သူတွေအတွက်တော့ခံစားကြည့်လိုက်ပါဦး…
Miami Vice(2006)ဇာတ်ကားမှာ မင်းသားCollin Farrellနဲ့ Jamie Foxxတို့အဓိကသရုပ်ဆောင်ထားပြီး
တရုတ်မင်းသမီး ချောGaung Liလည်း ပါဝင်ထားပါတယ်…
.ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Hnin Amy Khineပဲဖြစ်ပါတယ်…
File Size : (853 MB) and (364 MB)
Quality : Blu-Ray 720p
Format…mp4
Duration…02:14:00
Genre : Action, Crime, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hnin Amy Khine
Encoded by Phyo Pyae

Download Link
---------------------




Wednesday, August 29, 2018

American Animals (2018) မြန်မာစာတန်းထိုး

ဒီရုပ်ရှင်ကား ကို မကြည့်ခင် သတိပေးချင်တာက
အတော် ခေါင်းရှုပ်ရလိမ့်မယ် မျက်စိတွေ နောက်ရလိမ့်မယ်
ဆိုတာပါပဲ ဒါပေမယ့် ကြည့်ရင်း ကြည့်ရင်း နဲ့
အကြောင်းအရာ တစ်ခုကို တစ်ဖြေးဖြေး သဘောပေါက်သွားပါမယ်
IMDb 7.1 ဆိုတော့ ဇတ်လမ်းမကောင်းမှာ စိတ်မပူရပါဘူး
အကြောင်းအရာလေးက ကန်တူကီ မှာ ၂၀၀၄ ခုနှစ်က
တကယ်ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာလေးကို ရိုက်ကူးထားတာပါ
ဇတ်လမ်းကို အညွှန်းပုံစံ မပြောပဲ စာအနေနဲ့ပဲ ပြောပြချင်တော့တယ်
ကျောင်းသားလေး ယောက်ဟာ အနုပညာ ပြတိုက်မှာ ရှိတဲ့ ဒေါ်လာ
သန်းချီတန်တဲ့ စာအုပ်တစ်အုပ်ကို ခိုးယူဖို့ ကြံစည်ကြတဲ့ အကြောင်းလေးပါ
သူတို့ အသက်ငယ်ငယ်လေးတွေ နဲ့ ဒီလိုအရာကို ခိုးယူဖို့ ဘာတွေက
သူတို့စိတ်ကို ညစ်ညမ်းစေခဲ့သလဲ ဘယ်အရာတွေ ကြောင့်လဲ
အတွေးပေါင်းများစွာ နဲ့ ကြည့်ရှုရမှာပါ မထင်မှတ်ထားလောက်တဲ့
ဇတ်ကြောင်းကို အဲ့ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၄ ယောက်က
ပြန်ပြောပြထားပါတယ်….
ပိုပြီး ထူးဆန်းတာက အဲ့ဒီလေးယောက်ဟာ ဘာရာဇ၀တ်မှုမှ
မကျူးလွန်ထားဘူးတဲ့ ရိုးရိုးအေးအေးလေးတွေပါပဲ
ဒီလိုည မိုးအေးအေးလေးနဲ့ ကြည့်ရှုခံစားလိုက်ကြပါအုံး
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့
May Thu ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးပါသည်။

Download Link
---------------------



Tuesday, August 28, 2018

Iravukku Aayiram Kangal (2018) မြန်​မာစာတန်းထိုး

Synopsis


ငွေညှစ်တယ်ဆိုတဲ့ ကိစ္စက
မြန်မာနိုင်ငံမှာတော့ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပေါ့။
တစ်စုံတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကို မိမိက ချုပ်ကိုင်ထားပြီး မိမိလိုရာကို တောင်းမယ်ပေါ့။ဒီလိုပြောလိုက်ရင် နည်းနည်းများ ဝေးနေဦးမလား၊အိုကေ ထပ်ရှင်းပြတာပေါ့။
ဥပမာ။ ။ သင် ငယ်ငယ်တုန်းက
သင်အမှားတစ်ခုခုလုပ်ထားလို့ အဲ့ဒိအမှားကို သင့်အမေ သင့်အဖေ သို့မဟုတ်
သင့်ဆရာမနဲ့ တိုင်ပြောမှာစိုးလို့ သင့်သူငယ်ချင်းကို မုန့်ဝယ်ကျွေးခဲ့ဖူးသလား၊
အဲ့ဒါဆိုရင် အဲ့ဒီလိုအလုပ်ခံရတာကို
blackmail အငယ်စား အလုပ်ခံရတယ်လို့ ပြောလို့ ရနိုင်တာပေါ့။
ဟုတ်ပြီ၊
ဒီဇာတ်လမ်းမှာလည်း
အိမ်ထောင်ရေးဖောက်ပြန်တဲ့ ယောက်ျားတစ်ယောက်ရယ်၊အသက်ကြီးမှ ကမြင်းကျောထတဲ့ အဖိုးကြီးတစ်ယောက်ရယ်၊ ရိုးသားတဲ့ တက္ကစီဒရိုင်ဘာလေးတစ်ယောက်ရယ်၊နပ်စ်မလေး တစ်ယောက်ရယ်ဟာ
တပြိုင်တည်းလိုလို blackmail အလုပ်ခံရတယ်။တစ်ယောက်နဲ့ တစ်ယောက် ပုံစံချင်းသာ မတူတယ်၊တစ်စုံတစ်ယောက်ရဲ့ သက်သက် ညစ်ပတ်တာကို ခံရတာချင်းတော့ အတူတူပဲ။ဇာတ်ကောင် နည်းနည်းလေးနဲ့
စိတ်ဝင်စားဖို့ ကောင်းလောက်အောင်
အက်ရှင်တွေနဲ့
ဇာတ်အိမ်တည်ဆောက်ထားပုံက အတုယူစရာပါ။ဒီနေရာလေးတော့
ဇာတ်လမ်းက ဒီလိုလာလိမ့်မယ်လို့ မခန့်မှန်းလိုက်ပါနဲ့၊တက်တက်စင်အောင် လွဲပါလိမ့်မယ်။
ကဲ
အဆုံးထိ အားပေးလိုက်ကြပါဦး
အညွှန်းနှင့် ဘာသာပြန်
Myint Thu(MLMC)
Encoded By John Burgoyne

Download Link
-------------------------

Large Openload Link (1.0GB) HDRip 


Small Openload Link (550MB) HDRip 


Mystic River(2003) မြန်မာစာတန်းထိုး


IMDb….8.3,,,,Rotten…88%[

{Director: Clint Eastwood}

ဒီဇာတ်ကားကတော့ စာအုပ်လဲထွက်ထားပါတယ် …..
ဇာတ်လမ်းကလည်း ၂နာရီလောက်ကြာပါတယ် …..
တော်တော်များများရုပ်ရှင်တွေက စာအုပ်ကိုမမှီဖူးလို့ဝေဖန်ခံရလေ့ရှိပါတယ် ….
ဒါပေမယ့်ဒီရုပ်ရှင်ကတော့ စာအုပ်ဖတ်ဖူးသူတိုင်းက ရုပ်ရှင်ကပိုကောင်းတယ် ပိုပြီးခံစားရတယ် ….
သာမန် Thriller ရုပ်ရှင်တွေထက်ကိုသာလွန်တယ်လို့ review ကောင်းတွေရထားတဲ့ဇာတ်ကားပါ…
Thriller fan တွေတကယ်ကိုလက်မလွတ်သင့်တဲ့ဇာတ်ကားပါပဲ..
ထောင်ထွက် Jimmy ရဲ့သမီးလေး အသတ်ခံရတော့ သူ့ရဲ့ငယ်သူငယ်ချင်း၂ယောက်ပါဒီကိစ္စထဲပါလာတယ်…
တစ်ယောက်က Daveက သာမန်အလုပ်သမား ဒါပေမယ့်အတိတ်ဆိုးနဲ့လူ ….
သူက Jimmy သမီးကိုမသေခင်နောက်ဆုံးတွေ့ခဲ့တဲ့လူဖြစ်နေတယ်..
နောက်တစ်ယောက်က Sean လူသတ်မှုတွေရဲ့စုံထောက်ပေါ့ သူကဒီအမှုကိုတာဝန်ယူထားရတဲ့လူ…
သူငယ်ချင်း၃ယောက်ပြန်ဆုံဖြစ်ကြတယ်ပေါ့ …
တဖြည်းဖြည်းနဲ့ အမှုနဲ့ပတ်သက်လို့သိလာရတာတွေရှိလာတော့ Jimmy က Dave ကိုသံသယ၀င်လာတယ်…
ဘယ်လိုဖြေရှင်းကြတယ် သူငယ်ချင်း၃ယောက်ရဲ့ဇာတ်လမ်းကဘယ်လိုလဲဆိုတာတော့ ဆက်ကြည့်ကြဖို့ပဲတိုက်တွန်းချင်ပါတယ်…
ဒါရိုက်တာ Clint Eastwood ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့Sean Penn,Tim RobbinsKevin Bacon တို့
ပါဝင်သရုပ်ဆောင်ထားပါတယ်…အညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ်Jthekoala ပဲဖြစ်ပါတယ်…
File Size : (950 MB) and (369 MB)
Quality : Blu-Ray 720p
Format…mp4
Duration…02:18:00
Genre : CrimeDramaMystery
Subtitle : Myanmar Subtitle (Hard Sub)
Translated by Jthekoala
Encoded by Phyo Pyae

Download Link
-----------------
Large Megaup Link

Small Megaup Link

Large Openload Link

Monday, August 27, 2018

The 100 (2014) Season 1 - မြန်မာစာတန်းထိုး

၀၁၄ ခုနှစ်ကနေ စတင်ပြီး ထွက်ရှိခဲ့တဲ့ ဒီ Series ကတော့ "The 100" ဖြစ်ပါပြီး The CW ကနေပြီးတော့ ထုတ်လွှင့်တင်ဆက်နေတာဖြစ်ပါတယ် ... ဇာတ်လမ်းအကျဉ်းကတော့ ...
ကမ္ဘာကြီးဟာ Nuclearတွေကြောင့် ပျက်စီးပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတွေအကုန်လုံး သေဆုံးကုန်ပါတယ် ... ဒါပေမယ့် "The Ark" ဆိုတဲ့ အာကာသယာဉ်ကတော့ လူပေါင်းများစွာနဲ့အတူ အာကာသထဲကို ထွက်လာနိုင်ခဲ့ပါတယ် ... အဲ့ဒီယာဉ်ပေါ်မှာ ဘယ်ပြစ်မှုမဆို ကျူးလွန်တဲ့သူဟာ သေဒဏ်ပါ ...
ဖြစ်ချင်တော့ ကမ္ဘာကြီးပျက်ပြီး ၉၇နှစ်အရောက်မှာ ယာဉ်ပေါ်မှာ လူဦးရေ အခက်အခဲဖြစ်လာပါတယ် ... အဲ့ဒါကြောင့် တာဝန်ရှိသူတွေဟာ ထိန်းသိမ်းထားတဲ့ ၁၈နှစ်အောက် လူငယ်အယောက်တစ်ရာကို ကမ္ဘာမြေပေါ်ကို အင်အားသုံးပြီး စေလွှတ်ခဲ့ရာမှ ဒီ ဇာတ်လမ်းဖြစ်ပေါ်လာတာဖြစ်ပါတယ် ... အဲ့ဒီလို လွှတ်လိုက်တာကို တာဝန်ရှိသူတွေပဲ သိပါတယ် ... ကလေးတွေရဲ့ အုပ်ထိန်းသူတွေီ တစ်ယောက်မှ မသိလိုက်ပါဘူး ... လွှတ်ပြီလိုက်ကာမှ သိလိုက်ကြတာဖြစ်ပါတယ် ...
အဲ့ဒီ လူငယ် အယောက် ၁၀၀ဟာ ကမ္ဘာမြေပေါ်ကို ပြန်ပြီး အခြေချတဲ့အချိန် ဘယ်လို ပုံစံနဲ့ ကိုယ့်မြေကိုယ့်ရေမှာ ရင်ဆိုင်ရမလည်းဆိုတာ တင်ဆက်ပြသထားပါတယ် ...
ဒီစီးရီးမှာ ...
Eliza Taylor က Clarke Griffin အဖြစ်
Marie Avgeropoulos က Octavia Blake အဖြစ်
Bob Morley က Bellamy Blake အဖြစ် အသီးသီး ပါဝင် သရုပ်ဆောင်ထားကြပါတယ် ...
IMDb မှာ 7.8, Rotten Tomatoes မှာ 90% နဲ့ TV.com မှာ 8.5 Rating အသီးသီးရရှိထားတဲ့ စီးရီးပဲ ဖြစ်ပါတယ် ......
ဘာသာပြန်ဆိုထားတာ MMTV9 ကဖြစ်ပါတယ်
ဒေါင်း၇န် လင့် ကွန့် မန့် မှာနော်
KnKstore-Online မှ တင်ဆက်သည်။

Download Link
-------------------
Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6 

Episode 7

Episode 8

Longing Heart (2018) မြန်မာစာတန်းထိုး Complete

Synopsis of Longing Heart (2018)

ဇာတ်လမ်းအညွှန်း
——————–
လူတိုင်းမှာ ကိုယ်စီအချစ်ဦးဆိုတာတော့ ရှိတတ်ကြမှာပါနော် …
ထို အချစ်ဦးနဲ့ ချစ်ခွင့်ရသော်ရှိ , မရသော်ရှိ တစ်နည်းနည်းနဲ့တော့
” အချစ်ဦး ” ဆိုတာ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးသော နေရာတစ်
နေရာကနေ ရှိနေတတ်ကြတာချည်း … ဒါပေမဲ့လည်း ” အချစ်ဦး ”
ဆိုတဲ့ ဝေါဟာရလေးအတိုင်း ပထမဆုံးချစ်ခဲ့ရတဲ့သူပေါ့ …
လူတိုင်းမှာ ” အချစ်ဦး ” ဆိုတာရှိသလို လူတိုင်းနီးပါး
တော်တော်များများကလည်း အကြောင်းအမျိုးမျိုးကြောင့် ထို
” အချစ်ဦး ” နဲ့ ခွဲခွာခဲ့ရတာများတယ် …
ကိုယ့်ဘက်က မှားခဲ့တာတွေရှိနိုင်သလို …
သူ့ဘက်က မှားခဲ့တာတွေလည်း ရှိနိုင်တာပဲ …
အကယ်၍များ ထို ” အချစ်ဦး ” ရှိတယ့် အတိတ်ကာလတစ်ခုကို
ပြန်လည်ရောက်ရှိသွားပြီး ပြန်ပြင်ဆင်ခွင့်ရမယ်ဆိုရင် …
သင်တို့ ဘာတွေဘယ်လို ပြင်ဆင်ကြမလဲ ?
ဇာတ်လမ်းလေးကတော့ – ၁၀ နှစ်ကျော်ကြာတဲ့ အထိ အချစ်ဦးကို
မေ့ဖျောက်လို့မရနိုင်တဲ့ ကန်ရှင်းဝူး ဆိုတဲ့ အမျိုးသား
တစ်ယောက်အကြောင်းပေါ့ …
ကန်ရှင်းဝူး တစ်ယောက် ကံကြမ္မာက အကြောင်းဖန်လို့ မျက်နှာသာပေးလာတဲ့
တစ်နေ့ မမျှော်လင့်ပဲ သူ့ရဲ့အချစ်ဦး ဟန်ဂျီဆိုး ရှိရာ လွန်ခဲ့တဲ့ ၁၀ နှစ်ကို
ပြန်လည်ရောက်ရှိသွားသောအခါ …
ကန်ရှင်းဝူး တယောက် အတိတ်ကို ဘယ်လို ပြန်ပြင်ဆင် ဆေးချယ်
ပုံဖော်မလဲဆိုတာကိုတော့ Longing Heart ဆိုတဲ့ ဒီ ဒရာမာ
လေးမှာ ခံစားစီးမြောလိုက်ရအောင်နော် …
ဇာတ်လမ်းလေးကိုကြည့်ရင်း သင်တို့လည်း သင်တို့သိပ်ချစ်ရပြီး မေ့မရတဲ့
အချစ်ဦး နဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သံသရာတစ်ပတ်လည်ပြီး
အခွင့်အရေးနောက်တစ်ဖန် ပြန်လည်ကြုံလာခဲ့ရင်ဆိုတော့
အတွေးလေးကို ပုံဖော်ရင်း ဇာတ်ကားလေးနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရအောင်နော် …
၂၀၁၇ ရဲ့ ကန်ရှင်းဝူး အဖြစ် တောင်ကိုရီးယားနိုင်ငံရဲ့ Rock Band တစ်ခုဖြစ်တဲ့
CNBlue မှ အဖွဲ့ဝင် Lee Jung-Shin က ပါဝင်သရုပ်ဆောင်ထားပြီး …
လွန်ခဲ့တဲ့ ၁၀ နှစ် က ကန်ရှင်းဝူး အဖြစ် Seo Ji-hoon က သရုပ်ဆောင်ထားပါတယ် …
ဟန်ဂျီဆိုး အဖြစ် မင်းသမီးချောလေး Lee Yeol-eum မှ ပါဝင်သရုပ်ဆောင်ထားပါတယ်
Translators တွေကတော့ BS K-Pop Girls မှ
Khant Aeint Hmue Ko
Yin Yin Aye
Aye Charm May တို့ပဲဖြစ်ပါတယ်
Quality – HDTV 1080p
Running Time – 1h @episode
Format – mp4
Genre –  Comedy
Translator – BS K-Pop Girls
Encoded By – Sai Wunna [BS]

Download Link
------------------
Episode 1 - Megaup (1.15GB) / Openload (1.15GB)

Episode 2 - Megaup (0.92GB) / Openload (0.92GB)

Episode 3 - Megaup (890MB) / Openload (890MB)

Episode 4 - Megaup (900MB) / Openload (900MB)

Episode 5 - Megaup (1GB) / Openload (1GB)

Episode 6 - Megaup (885MB) / Openload (885MB)

Episode 7 - Megaup (0.94GB) / Openload (0.94GB)

Episode 8 - Megaup (870MB) / Openload (870MB)

Episode 9 - Megaup (870MB) / Openload (870MB)

Episode 10 End - Megaup (0.91GB) / Openload (0.91GB)
 

Another Soul (2018) မြန်​မာစာတန်းထိုး

Synopsis

ဒီတစ်ခါက 2018 မှအသစ်ထွက်ရှိထားတဲ့ Horror movie လေးတင်ဆက်ပေးလိုက်ပါတယ်
Conjuring ဇတ်လမ်းတွေ နှစ်သက်တယ်ဆိုရင် ဒီကားကိုလည်းသဘောကျမှာပါ။
ရောဘတ်နဲ့ဆူဇန် လင်မယားနှစ်ယောက်မှာ မယ့်ဂန်ဆိုတဲ့ ဆယ်ကျော်သက် သမီးလေးတစ်ယောက်ရှိပါတယ်။ ရောဘတ်ကဆေးရုံမှာ အသည်းအသန် ဖြစ်နေတဲ့အချိန် ဆူဇန်က သူ့ယောက်ျားကိုကယ်ဖို့ ပိုက်ဆံချေးခဲ့ပါတယ်။ ရောဘတ်ပြန်ကျန်းမာလာတော့ အကြွေးတွေမဆပ်နိုင်သေးတဲ့ သူတို့မိသားစုဟာ မြို့ငယ်လေးကိုပြောင်းရွှေ့ပြီး ရှောင်ခဲ့ပါတယ်။ အဲ့ဒီအိမ်ကလေးမှာ အဆင်မပြေတာကတော့ မယ့်ဂန်ပါ။ နေရာအသစ်ဖြစ်လို့ အသားမကျတဲ့အပြင် ညတိုင်းအိမ်မက်ဆိုးတွေမက်ပြီး သူ့အခန်းထဲမှာ မိန်းမတစ်ယောက်ရှိတယ်လို့ ပြောပြောနေတယ်။ ဆူဇန်ကတော့ မယ့်ဂန်က အိမ်အသစ်မှာမနေချင်လို့် သက်သက်လုပ်ကြံပြောတာ ဒါမှမဟုတ် နေရာအသစ်မှာမို့ စိတ်ဖိစီးပြီးထင်ယောင်ထင်မှား ဖြစ်နေတာလို့ ယူဆကြပါတယ်။
ဒါပေမယ့် ရောဘတ်ရောဆူဇန်ရောပါ အသံတွေကြားရတာတွေ၊ တစ်ယောက်ယောက်ဖြတ်သွားတာတွေပါမြင်ရချိန်မှာတော့ အကြောင်းရင်းကိုရှာဖွေခဲ့ကြပါတယ်။ CCTV တွေတပ်ထားပေမယ့်လည်း မနက်ရောက်ရင်ပြန်ကြည့်လို့မရတာတွေ
ဖြစ်လာခဲ့တယ်။ တစ်ရက်မှာ ရောဘတ်ကိုစုံတွဲတစ်တွဲလာတွေ့ခဲ့ပါတယ်။ အောက်လမ်းပညာရှင်တွေဖြစ်ပုံရပြီး ရောဘတ်တို့ရဲ့သမီးမှာ အန္တရာယ်ရှိနေလို့် ကူညီဖို့လာခဲ့ကြောင်းပြောခဲ့ပါတယ်။ ရောဘတ်ကမယုံကြည်ဘဲမောင်းထုတ်ခဲ့ပေးမယ့် လိပ်စာကတ်တော့ယူထားလိုက်တယ်။ မယ့်ဂန်အခြေအနေဆိုးလာလို့ ဘုန်းတော်ကြီးကိုပင့်ပြီး ကြည့်ခိုင်းရာမှာ မယ့်ဂန်ကိုမကောင်းဆိုးဝါးဝင်ပူးပြီး ခြောက်လန့်တာကြောင့် ဘုန်းတော်ကြီးပါ ထွက်ပြေးခဲ့ရယ်။ နောက်ဆုံး ကြံရာမရဖြစ်ပြီး ရောဘတ်ကိုလာတွေ့ခဲ့တဲ့ စကစ်နဲ့ဟယ်လီနာဆိုတဲ့ စုံတွဲဆီက အကူအညီယူဖို့ဖြစ်လာခဲ့တဲ့ အခါမှာတော့…….
ရောဘတ်တို့အိမ်မှာ ရှိနေတာကဘယ်သူလဲ
သူရဲ့ နောက်ကြောင်းကရော ဘာဖြစ်မလဲ
ဘာလို့ မယ့်ဂန်နဲ့ သူတို့မိသားစုကို ဒုက္ခပေးရတာလဲ
ဆူဆန်မှာလည်း သူ့မိသားစုကိုအသိမပေးထားတဲ့ လှို့ဝှက်ချက်တစ်ခုရှိသေးတယ် အဲ့တာကရောအခုဖြစ်ပျက်နေတာတွေနဲ့ ဘယ်လိုပတ်သတ်နေတာလဲ
စကစ်နဲ့ဟယ်လီနာကရော သူတို့ကိုအကူအညီပေးနိုင်မှာလားဆိုတာ ဇာတ်ကားလေးမှာ ဆက်ကြည့်ရအောင်
အညွှန်းနှင့်ဘာသာပြန် Yuzana Nyi
Encoded By John Burgoyne

Download Openload Link (770MB)


Download Google Drive Link (1.0GB) 

 

The Ciambra (2017) မြန်မာစာတန်းထိုး

အခုတင်​ဆက်​မယ့်​ရုပ်​ရှင်​ကားက​တော့ A Ciambraဆိုတဲ့ Italyကား​လေးတစ်​ကားဘဲဖြစ်​ပါတယ်​။
ရုပ်​ရှင်​ဆု ၁၃ဆုထိရထားတဲ့ မိသားစုဒရမ်​မာ ဇာတ်​လမ်း​လေးတစ်​ပုဒ်​ဖြစ်​ပါတယ်​။
IMDb 7ထိရရှိထားပြီး Rotten Tomatoes 88% ရရှိထားတဲ့ ဇာတ်​ကား​လေးဖြစ်​ပါတယ်။
ဇာတ်​လမ်းထဲမှအကျဉ်းချုပ်​က​တော့ အီတလီမှာ ​ရွှေ့​ပြောင်း​နေထိုင်​​နေတဲ့ ရို​မေးနီးယားမိသားစု​လေးတစ်​စုထဲက ပီယိုဆိုတဲ့​ကောင်​​လေးတစ်​​ယောက်​ရဲ့ဘဝဇာတ်​လမ်းနဲ့ အာဖရိကလူမျိုး​တွေနဲ့​ရွှေ့​ပြောင်း​နေထိုင်​သူ​တွေကို ဖိနှိပ်​ချုပ်​ချယ်​တဲ့အ​ကြောင်းကို ရိုက်​ပြထားတာဖြစ်​ပါတယ်​။
ဇာတ်​လမ်းထဲမှာ​တော့ ​ရွှေ့​ပြောင်း​နေထိုင်​​နေတဲ့မိသားစု​တွေဟာ ဖိနှိပ်​ချုပ်​ချယ်​မှု​ကြောင့်​ ပညာ​ရေး​ခေါင်းပါး​နေပြီး က​လေးငယ်​များမှာပင်​ ​ဆေးလိပ်​နဲ့အရက်​ မကင်းတာကို​တွေ့ရပါတယ်​။
ထို့အပြင်​ ပီယိုရဲ့အစ်​ကိုကလည်း သူခိုးတစ်​​ယောက်​ဖြစ်​ပါတယ်​​။
ပီယိုဟာသူ့အစ်​ကိုဆီက​နေ ကားစက်​နှိုးတဲ့ပညာကို စတင်​သိရှိခဲ့ပါတယ်​။
ပီယို့ဆီမှာ အရိဗ်​ဗာဆိုတဲ့ သူ့အစ်​ကိုရဲ့သူငယ်​ချင်း အာဖရိကလူမျိုးသူငယ်​ချင်းတစ်​​ယောက်​လည်းရှိပါတယ်​။
တစ်​​နေ့သူ့အစ်​ကိုအဖမ်းခံလိုက်​ရပြီး သူတို့အိမ်​မှာ ​ငွေလိုလာတဲ့အချိန်​မှာ ပီယိုနဲ့သူ့အစ်ကို​သူငယ်​ချင်းတို့ဘယ်​လိုရှာကြမလဲ။
သူ့ကိုက​လေးလို့မြင်​တာမကြိုက်​ဘဲ လူကြီးလို့မြင်​​စေချင်​တဲ့ ပီယိုကဘာ​တွေလုပ်​မလဲ။
အာဖရိကလူမျိုး​တွေကိုဖိနှိပ်​တဲ့​​နေရာ​ဒေသမှာ ဘာ​တွေဆက်​ဖြစ်​လာမလဲဆိုတာက​တော့……….

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Zaya Phyoe  ဖြစ်ပါတယ်)


File Size : (900 MB) and (340 MB)
Quality : Blu-Ray 720p
Running Time : 1hr 58min
Format : Mp4
Genre : Crime, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.BluRay.x264-DEPTH
Translated by Zaya Phyoe
Encoded by Thanhtike Zaw

Download Link
-------------------
Large Openload Link 

Small Openload Link 

Large Megaup Link 

Small Megaup Link 

The Limit of Sleeping Beauty (2017) မြန်မာစာတန်းထိုး

ဒီဇာတ်ကားအကြောင်း ညွှန်းရမှာနည်းနည်းတော့လန့်ပါတယ်။
ဒီဇာတ်ကားမှာ သီအိုရီသဘောတွေ အများကြီးတွေ့ရပြီး လူကြိုက်နည်းနိုင်တဲ့ ဇာတ်ကားဖြစ်ပေမယ့် ကျွန်တော်တော့သဘောကျမိပါတယ်။
အဲဒါကြောင့်လန့်မိတာပါ။
ကျွန်တော်ပြန်ဖူးတဲ့ Mad Genius(2018) လိုဇာတ်ကားမျိုးပါပဲ။
ဒီကားက၁၈+ ဇာတ်ကားတစ်ကားမဟုတ်သလို အညှီအဟောက်မပါတာမျိုးလည်းမဟုတ်ပါဘူး။
ဒီတစ်ကားလုံးမှာ ဇာတ်လမ်းကိုကြည့်ပြီးနောက်ဆုံးပိုင်းထိ အူလည်လည်ဖြစ်နေနိုင်ပါတယ်။
ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ ရှင်းရှင်းလေးပါပဲ။
ဇာတ်လမ်းအကျဉ်းကိုရေးလိုက်ရင်တော့ စာတစ်ကြောင်းလောက်နဲ့ပြီးသွားမှာပါ
ဒါပေမယ့် တင်ပြသွားတဲ့ပုံစံတွေက လူတစ်ယောက်ရဲ့စိတ်ခံစားချက်တွေကို အပိုင်းပိုင်းအစစလုပ်ပြီးတော့ နေရာအနှံကျဲချထားတဲ့ပုံစံမျိုးတင်ပြထားတာပါ။
အဲဒီအချက်ကဒီဇာတ်ကားကို ကျွန်တော်သဘောကျမိတဲ့အချက်ဖြစ်နိုင်ပါတယ်။
ပြီးတော့ ကျွန်တော် မထင်ထားမိတာက ဒီကားရဲ့ IMDB Rating က 5.6 ဖြစ်နေတာပါပဲ။
တကယ်ကိုလူကြိုက်မများလောက်တဲ့ဇာတ်ကားလို့ကျွန်တော်ထင်ထားတာက ဘာလို့ အဲ့လောက် Rating ထိရောက်နိုင်ရတာလဲပေါ့။
ကျွန်တော်ကပဲ ဒီဇာတ်ကားရဲ့ တင်ပြပုံတွေကိုဥာဏ်မမှီတာလားလားဆိုတာ CM ပရိတ်သတ်ကြီးပဲ ပြောပေးကြပါဦးဗျာ။
အချိန်ဆိုတာ ပုံရိပ်ယောင်တစ်ခုပါပဲ။
အတိတ် ပစ္စုပ္ပန် အနာဂါတ် သုံးမျိုးစလုံးက တစ်ချိန်တည်းသင့်မှာရှိနေတာကြောင့် သင်ဆိုပြီးဖြစ်လာတာပါ။
သင်ဟာအတိတ်မှာနေလို့မရသလို အနာဂါတ်မှာနေလို့မရတဲ့အချိန်မှာ သင့်ရဲ့ပစ္စုပ္ပန်ကအခုသင့်ဆီမှာမရှိတော့ပါဘူး။

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)

File Size : (765 MB) and (350 MB)
Quality : Blu-Ray 720p
Running Time : 1hr 30min
Format : Mp4
Genre : Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p BluRay x264 AC3-WiKi
Translated by d3mon
Encoded by Thanhtike Zaw

Download Link
-------------------
Large Megaup.net Link 

Small Megaup.net Link 

Large Openload Link 

Rx 100 (2018) မြန်မာစာတန်းထိုး

အချစ်ဟာ နူးညံ့တယ် သိမ်မွေ့ တယ်..နှစ်လိုဖွယ်အတိနဲ့ သူ့ အကြောင်းလေး တွေးနေရရင်ကို အိပ်မပျော်တဲ့ညတွေ…အရာရာကို မေ့လျော့သွားတဲ့ အခိုက်အတန့် တွေ ရှိတယ်။
အချစ်ဦးဆိုရင် ပိုလို့ တောင် ရင်ဖိုဖို့ ကောင်းသေး၊ဒါကြောင့်လည်း ရှေးလူကြီးတွေက “အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူး”လို့ ဆိုရိုး ထားခဲ့ပုံပါပဲ….။
ဒါက ဒီကားထဲက ဇာတ်ကောင်ဖြစ်တဲ့ဆီဗာ့ကိုယ်စား ကျွန်တော် ခံစားမိတာလေးပေါ့။
တစ်ဖက်က ကြည့်တော့ကိုယ့်ဘက်က ဘယ်လောက်ပဲ ချစ်ချစ်အချစ်ဆိုတာ ခဏတာအထိအတွေ့ ကို ယစ်မူးရုံလောက်သာ သဘောထားပြီး ယောက်ျားဆိုတာ သူ့ အတွက် ကစားစရာလို့  သတ်မှတ်ထားတဲ့အင်ဒူးလို မိန်းကလေးတွေလည်း ရှိနေသေးတယ်။
ဘယ်ယောက်ျားကို ဘယ်လိုပဲ ကစားကစားပြသနာမရှိပေမယ့် သူ့ ကို ရူးခါနေအောင် ချစ်နေတဲ့ဆီဗာလို အချစ်ရူးတစ်ယောက်နဲ့ တွေ့ တော့အချစ်ဟာ အပျက်အပျက်နဲ့ နှာခေါင်းသွေး ထွက်လာနိုင်တဲ့အနေအထားကို ရုတ်ချည်း ပြောင်းလဲသွားတယ်။
အများကြီး မညွှန်းလိုတော့ပါဘူး၊ကျွန်တော်ကတော့ ဒီကားကို လူငယ်တွေရဲ့ အချစ်ရေးနဲ့ ပက်သက်ပြီးပညာယူသင့်တဲ့ကားလို့ မြင်မိပါတယ်။
ကျွန်တော့်ရင်ဘတ်ကို တည့်တည့်ကြီး ထိမှန်သွားတဲ့အချစ်ရူးတစ်ယောက်ရဲ့  အတ္ထုပတ္တိဆိုရင်လည်း မမှားဘူးပေါ့။
(Telugu စကားပြော ဇာတ်ကားရဲ့ English စာဖိုင်ကို ဘာသာပြန်ဆိုခြင်း ဖြစ်တဲ့အတွက်လိုအပ်ချက်များ ရှိခဲ့ပါက ဘာသာပြန်ဆိုသူရဲ့ လိုအပ်ချက်သာ ဖြစ်ပါကြောင်း….)

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MLMC Team မှ ကိုမြင့်သူဖြစ်ပါတယ်)

File Size : (1.2 GB) and (540 MB)
Quality : AMZN WEB-DL 720p
Running Time : 2h 33min
Format : Mp4
Genre : Action
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p AMZN WEB-DL DD+ 5.1 H.264-AJP69
Translated by Myint Thu (MLMC)
Encoded by Thanhtike Zaw

Download Link
-------------------
Large Openload Link 

Large Megaup.net Link 

Small Megaup.net Link 

The Walking Dead TV Series (မြန်မာစာတန်းထိုး) Season 1 Complete

Walking Dead ဆိုတာ ပရိသတ်တွေ ရင်းနှီးပြီးသား
TV series တစ်ခုဖြစ်မှာပါ
IMDb Rate 8.6/10 ရထားတဲ့ ဇတ်လမ်းတွဲပါ
ဒါပေမဲ့ အခုမှ စကြည့်သူတွေလည်း ဇာတ်လမ်းအသွားအလာကို
သိရှိနိုင်ဖို့ အတွက် အခုလို Season 1 အတွက် ဇာတ်ညွှန်းလေး
ရေးပေးလိုက်ပါတယ်
ရဲအရာရှိ ရစ်(ခ်)ဂရိုမ်း(စ်) က တရားခံလိုက်လံဖမ်းစီးနေစဉ်
သေနတ်ဒဏ်ရာရရှိပြီး လတော်တော်များများ ကိုမာ ရောဂါခံစားခဲ့ရတယ်
သူပြန်ပြီးသတိရလာတဲ့ အချိန်မှာတော့ ဆေးရုံကတော်တော်လေးကို
ပျက်စီယိုယွင်းနေပြီ
ရစ်(ခ်) တစ်ယောက် ဆေးရုံကထွက်လာတဲ့ အချိန်မှာတော့
ဖုတ်ကောင်တွေနဲ့ စပြီးရင်ဆိုင်ရပါတော့တယ်
သူ အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ သူ့ ဇနီးသည်နဲ့ သားလေး
အိမ်မှာမရှိတော့တာကို သိလိုက်ရတယ်
နောက်ပိုင်းမှာတော့ ရစ်(ခ်)တစ်ယောက်
အဲ့ဒီမြို့ မှာနောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့
မောဂန်ဂျုံး(စ်) နဲ့ သူ့ သား ဒွိန်းတို့ နဲ့ ဆုံတွေ့ ခဲ့တယ်
ဒီ့နောက်မှာတော့ မြို့ မှာဘာတွေဖြစ်ခဲ့လဲဆိုတာ မော်ဂန်တို့ သားအဖနှစ်ယောက်
ရစ်(ခ်)ကို ရှင်းပြကြတယ်
နောက်ပိုင်းမှာတော့ ရစ်(ခ်)ဟာ သူ့ မိသားစုကိုရှာဖို့ 
အတ္တလန်တာ ကိုထွက်လာခဲ့တယ်
မြို့ ထဲမှာ ဂလင်း(န်) တို့  မာရယ်(လ်) တို့ နဲ့ တွေ့ ဆုံပြီး
အန္တရာယ်အမျိုးမျိုးကို ဖြတ်ကျော်ကာ သူ့ မိသားစုနဲ့ 
ပြန်လည်ဆုံတွေ့ ခဲ့တယ်
ဒါပေမဲ့ သူတို့ အဖွဲ့ လေးရှေ့ ဆက်နိုင်ဖို့ အတွက်
တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့
ရောဂါ ထိန်းချုပ်ရေးစင်တာ CDC ကိုသွားရောက်ခဲ့ပေမဲ့
ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ ရမလဲ
ရစ်(ခ်)တစ်ယောက် ဒီအဖွဲ့ ကို အကောင်းဆုံးဦးဆောင်နိုင်ပါ့မလားဆိုတာ
ဆက်လက်စောင့်ကြည့်ရပါမယ်
ဒီဇတ်လမ်းတွဲလေးကို ပရိတ်သက်တွေအတွက် Carey Nyein မှ ဘာသာပြန်ပေးထားတာဖြစ်ပြီး
အညွှန်းကိုလဲ သူကိုယ်တိုင်ရေးပေးထားတာပါ....
Season 1 ကို CM ဘာသာပြန်ထားတာပါ
.................................................
KnKstore-Online မှ တင်ဆက်သည်။

Download Link
-------------------
Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6 END

Shopping King Louis (2016) မြန်မာစာတန်းထိုး Complete

❣️ အချစ်​အဝယ်​​တော်​❣️ ---------------------------------------- Director: Lee Sang-Yeob Writer: Oh Ji-Young  Network: MBC  Episodes...