Wednesday, October 31, 2018

[18+] Three Sexy Meals (2016) မြန်မာစာတန်းထိုး

Dark Side Production မှ တင်ဆက်သည်။

Three Sexy Meals (2016)
===================
ကိုရီးယား Erotic Drama ဇာတ်ကားပါ။ ဇာတ်လမ်းကတော့….
လူဆိုး​တွေဆီက​ ပိုက်​ဆံ​တွေ ဘုန်းပြီး ​ထွက်ပြေးလာတဲ့ စုံတွဲနှစ်​တွဲအ​ကြောင်း အဓိက ရိုက်​ကူးထားတာပါ
အိမ်​တစ်​အိမ်​မှာ ပုန်းခိုရင်း ညီဖြစ်​သူလုပ်​ရပ်​​ကြောင့်​ ပိုက်​ဆံထုပ်​​ပျောက်​သွားပြီး တိုင်ပတ်ကုန်ပါတယ်…
ဒါနဲ့ ပိုက်ဆံရပေါက်ရလမ်းရှာကြည့်တော့ Streaming Website ကနေ စံချိန်ဝင်ဖို့ လုပ်ရမယ့်အလုပ်တွေ့ရော…
စံချိန်ကဘာလဲဆိုတော့ လိင်အကြာဆုံးဆက်ဆံတဲ့စံချိန်…
သူတို့စုံတွဲတွေ အဲ့ဒီစံချိန်ကိုချိုးသွားနိုင်မလား…
လူဆိုးတွေကရော ဘယ်လို အနှောင့်အယှက်တွေ ပေးကြမလဲဆိုတာ………။


File size…(800 MB) and (300 MB)
Quality…HD-Rip 720p
Format…mp4
Duration….01:21:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….RGB

Translated by Dark Side Tartee

Download Link
-----------------
Large Openload Link

Small Openload Link

Large Megaup Link

Small Openload Link

 


Tuesday, October 30, 2018

[18+] Aroused by Gymnopedies (2016) မြန်မာစာတန်းထိုး

(Dark Side Production မှ တင်ဆက်သည်။)
အချစ်​အ​ကြောင်း ဒသန​တွေအပြည့်​နဲ့
ပိုက်​ဆံမရှိတဲ့ဒါရိုက်​တာကြီး…”ဖူရူကာ”
…………………………………………………

ဒါရိုက်​တာကြီးဟာ အချစ်​ရဲ့အဓိပ္ပာယ်​…
အချစ်ရဲ့အနှစ်​သာရ….
အချစ်​ရဲ့ သဘာဝအစစ်​အမှန်​ …..​တွေကို ထူးခြားတဲ့အ​တွေးအမြင်​​တွေနဲ့ အဓိပ္ပာယ်​ဖွင့်​ဆိုတတ်​သူပါ……
အဲ့ဒါ​ကြောင့်​ပဲလား​တော့မသိ…..
အချစ်​ငတ်​သူ​တွေ သူ့နားမှာ ဝိုင်းဝိုင်းလည်​​နေတယ်​ …..ဒါရိုက်​တာကြီးရဲ့ အချစ်​ကို
ငတ်​မွတ်​​နေတဲ့မိန်းက​လေး​တွေက​တော့ …..
၁)အိမ်​​ဘေးက​ကောင်​မ​လေး……၊
၂)တက်​သစ်​စ ရုပ်​ရှင်​မင်းသမီး​လေး အန်​ရီ ၊…..
၃)ချမ်းသာတဲ့ တပည့်​​ကျောင်းသူမ​လေး.ယူကာ ၊…..
၎)လုပ်​​ဖော်​ကိုင်​ဖက်​ ငယ်​သူငယ်​ချင်း​၊…
၅)ခင်​ပွန်း​ဟောင်း ​ငွေလိုတဲ့အတွက်
ခန္ဓာကိုယ်​ကိုပါ စ​တေးရဲတဲ့
ဒါရိုက်​တာကြီးရဲ့ ဇနီး​ဟောင်း​လေး….. ရင်​ကို
၆)​ဆေးရုံတက်​​နေရတဲ့ ဒါရိုက်​တာကြီးရဲ့
ဇနီးကို ​ပြုစု​စောင့်​​ရှောက်​​ပေး​နေတဲ့
သူနာပြုဆရာမ​လေး…..

ကဲ ဒါရိုက်​တာကြီးဟာ ဆင်းရဲပါတယ်​…..ဆင်းရဲရတာကလည်း ပိုက်​ဆံမမက်​လို့ပါ
“ဘတ်​ဂျက်​နည်း​ပေမယ့်​လဲ
စိတ်​ဓာတ်​မြှင့်​မြတ်​ရင်
ရုပ်​ရှင်​​ကောင်း​တွေ ထွက်​တယ်​”ဆိုတဲ့
သူ့ရဲ့​ဆောင်​ပုဒ်​​ကြောင့်​လဲ ဆင်းရဲ​နေတာ
ဖြစ်​မှာပါ


လူဆင်းရဲ​ပေမယ့်
အချစ်​​တော့ မဆင်းရဲပါဘူး….
အတ္တမပါပဲ ​ပေးဆပ်​တဲ့ အချစ်​ပဲဆိုပြီး​တော့လည်း သူ့ကိုယ်​သူ အဓိပ္ပာယ်
ဖွင့်​ဆိုလိုက်​ပါ​သေးတယ်


ကဲ ဒါရိုက်​တာကြီးကို
အားကျတယ်​ဆိုရင်​​တော့…….အရင်​ဆုံး ရုပ်​ရှင်​​လေးကို ကြည့်​လိုက်​ပါဦး…..ဒါရိုက်​တာကြီးရဲ့ အချစ်​အ​ပေါ် ခံယူချက်​ကို
ပြည့်​ပြည့်​စုံစုံသိရ​​စေချင်​လို့ပါ 😛😛😛
စာကြွင်း သို့ အရိပ်​အမြွက်​…….
ဇာတ်ညွှန်းထဲက စာရင်းမှာ မိန်းက​လေးသရုပ်​​ဆောင်
၆​ယောက်​ပါပါတယ်​…..ပရိသတ်​ကြီးလည်း အနည်းဆုံး ၆ခန်းကြည့်​ရမှာပါ…..။



File size…(800 MB) and (310 MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….01:23:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….RGB

Translated by Triple X

Download Link

------------------------

Large MegaupLink 

 

Small Megaup Link 

 

Large Openload Link 

 

Small Openload Link 


Monday, October 29, 2018

Money Heist Season 2 - မြန်မာစာတန်းထိုး Complete

Synopsis of Money Heist {Season 2}

ကဲ အားလုံးစောင့်မျှော်နေတဲ့ Money Heist ခေါ်  La casa de papel ပြန်လာပါပြီ

ကျနော်ကတော့ နာမည်တွေ ဘယ်လိုရှိရှိ စက္ကုနန်းတော် လို့ ပဲ ခေါ်ချင်တယ်

သူတို့ ရောက်နေတာ ငွေသားစက္ကုနန်းတော်ကြီးပဲလေ 😀

ကဲ ဒီ အတွဲ ၂ မှာ အပိုင်း က ၉ ပိုင်းပဲ ရှိပါတယ်

တစ်ရက် ၂ ပိုင်း သို့ ၃ ရက်နဲ့ အပြီးတင်ပေးနိုင်အောင်

Translator တွေက ကြိုးစားနေပါတယ်

Season 2 ကို ဘာသာပြန်ပေးနေတာကတော့

Shain Htet Naing , Hein Thet Naing , Wai Zin တို့ ပဲ ဖြစ်ပါတယ်

ဒီ အတွဲ ၂ မှာတော့ ပရော်ဖက်ဆာ ကို စုံထောက် ရာကဲ က

လက်ရ ဖမ်းဆီးဖို့ နည်းနည်းလေးပဲ လိုပါတော့တယ်…

ပရော်ဖက်ဆာ ပျောက်နေလို့လဲ အထဲမှာ တိုကျို တို့ ဘာလင် တို့

အကျပ်ရိုက်နေကြပါပြီ…

ဇတ်လမ်းကတော့ ဘယ်လိုနေနေ လူတွေကို အဆုံးထိ

ဆွဲခေါ်နေတာပါပဲ….

ကဲ Fan တွေ ကြည့်မှာလား ?

Download Link
------------------------



Thursday, October 25, 2018

Mile 22 (2018) မြန်မာစာတန်းထိုး

ဒီရုပ်ရှင်ကားဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ
ရုံတင်သွားတဲ့ Mile 22 ဖြစ်ပြီး
မင်းသား Mark Wahlberg ရဲ့ အကြမ်းပတမ်း
အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ်
ဂျိမ်း ဟာ အင်မတန် ဒေါသကြီးသူဖြစ်ပြီး
ငယ်စဉ်ကတည်းက သူများနဲ့ တမူကွဲပြီး
ထူးချွန်တဲ့သူ ဖြစ်တယ် နောက်ပိုင်းမှာ
အမေရိကန် အစိုးရပိုင်းက သူ့ကို
သဘောကျသွားပြီး လျို့ဝှတ်စစ်ဆင်ရေးတွေမှာ
ဦးဆောင်ပါဝင်ခိုင်းခဲ့ပါတယ်…
သိပ်မကြာသေးခင်က ဂျိမ်း နဲ့ အဖွဲ့ဟာ
ဖောက်ခွဲပစ္စည်းတွေ နဲ့ လျို့ဝှတ်နေထိုင်တဲ့
သံသယရှိတဲ့ အိမ်တလုံးကို ရှာဖွေသုတ်သင်ခဲ့ပါတယ်
ရှိသမျှ လူ အားလုံးကို မျက်ခုံး တစ်ချက်မလှုပ်ပဲ
သတ်ပစ်ခဲ့ကြပြီး သူတို့ အချင်းချင်းပြသနာ တက်သလို
ပုံစံ သတင်းလွှင့်ခဲ့ကြပါတယ်…
ဒါပေမဲ့ ဂျိမ်း တို့ ရှာနေတဲ့ ဖောက်ခွဲပစ္စည်းတွေတော့
မတွေ့ခဲ့ရပါဘူး…
တစ်ရက်မှာတော့ လီ လို့ နာမည်တွင်တဲ့ လူငယ်တစ်ယောက်ဟာ
အစိုးရ ရုံးရှေ့မှာ လက်ဆောင်ပေးစရာ ရှိတယ်ဆိုပြီး ဟာ့ဒရိုက် တစ်ခုကို
ကိုင်လျက် ရောက်လာပြီး အဖမ်းခံခဲ့ပါတယ် လက်ဆောင်ပေးစရာရှိတယ်လို့လဲ
ပြောရင်း အေးဆေးပဲ အဖမ်းခံလိုက်တယ်…
အဲ့ဒီ ဒရိုက်ထဲမှာ ဗုံးတွေ ရဲ့ တည်နေရာပါတယ် လျို့ဝှတ်ကုဒ်နံပါတ်နဲ့
ခံထားပြီး ၈ နာရီအတွင်း ဒေတာတွေ အပြီးဖျက်မယ့် စစ်စတမ် တစ်ခုပါ
ထည့်သွင်းထားတော့ ဂျိမ်း တို့ အဖွဲ့ အကျပ်ရိုက်ကုန်ပါတယ်…
လီ ဆိုတဲ့သူ က နာမည်ပဲ သိရတယ် သူ့နောက်ကြောင်း ဘာတစ်ခုမှ
လိုက်မရခဲ့ဘူး ဘယ်နိုင်ငံက သူလျိုလဲ အေးဂျင့်လဲ ဘာညာ ခြေရာခံမရဘူး
လုံးဝ အစ အန ပျောက်နေတယ်…
ဒီတော့ကာ အကြမ်းအရမ်း အက်ရှင်ခန်းတွေ နဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့
မစ်ရှင် တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်…
ဒီရုပ်ရှင်ကားကို Hein Thet Naing နှင့် May Thu တို့မှ
ဘာသာပြန် တင်ဆက်ပေးထားပါတယ်…
ရုပ်ရှင်ကား ရဲ့ စာကြောင်းများဟာ ပြီးပြည့်စုံစွာ ထွက်ရှိလာခြင်း
မရှိသေးတာရယ် ဘာသာပြန်တဲ့ ကလေးတွေ ရဲ့ အားနည်းချက်
တစ်ချို့ ရှိခဲ့ပါက ဖြည့်စွတ်နားလည်ကြည့်ရှုပေးကြပါလို့
မေတ္တာရပ်ခံချင်ပါတယ် 😀
(ရုပ်ရှင်ကားဟာ Webrip အဆင့်သာ ရှိသေးပြီး
ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ ပိုမိုကောင်းမွန်တဲ့
ဘာသာပြန်မှု အသစ် ထွက်လာတဲ့အခါ
ထပ်ပြီး Update လုပ်ပေးပါ့မယ် )

Download Link
-------------------------


Tuesday, October 23, 2018

Kill Me Heal Me (2015) မြန်မာစာတန်းထိုး

Synopsis

ပုံစံမတူသော ချစ်ခြင်းများ ပရိသတ်ကြီးကို ဒီတခေါက် ပြသမယ့် ဇာတ်လမ်းတွဲကတော့ ယောင်နုလို့ တခေတ်တခါက နာမည်ကြီးခဲ့တဲ့ မင်းသား Ji Sung ရယ်၊ ဒုဥက္ကဌလို့ နာမည်ကြီးနေတဲ့ Park Seo Joon ရယ် မင်းသမီး Hwang Jung Eun တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ ဟာသဇာတ်မြူး အချစ်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက MBC ရုပ်သံလိုင်းကနေ ပြသခဲ့ပြီး အပိုင်း ၂၀ ရှိပါတယ်။ စိတ်ပုံသဏ္ဍာန် ကွဲပြားခြားနားမှု ၇ ခုရှိတဲ့ အမျိုးသားတဦးနဲ့ စိတ်ရောဂါအထူးကုဆရာဝန်မလေးတို့ကြားက ထူးဆန်းတဲ့ ချစ်ခြင်းတရားကို ထင်ဟပ်ပြသမယ့် ဒရာမာဖြစ်ပါတယ်။ ချာဒိုဟွန်းဟာ ကိုရီးယားမှာ ကျိကျိတက်ချမ်းသာပါတယ်လို့ ဆိုတဲ့ချယ်ဘော မိသားစုရဲ့ တတိယမြောက် မျိုးဆက်ဖြစ်ပြီး ငယ်ငယ်က အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အထိ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် စိတ်အပြောင်းအလဲ ဖြစ်တဲ့ ဝေဒနာကို ခံစားနေရသူဖြစ်ပါတယ်။ တနေ့မှာ စိတ်ရောဂါကု ဆရာဝန်မလေး အိုရီဂျင်နဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့ အကူအညီနဲ့ သူခံစားနေရတဲ့ ဝေဒနာကို ပျောက်ကင်းအောင် ကုသပါတော့တယ်။ သူ့ခန္ဓာကိုယ်မှာ ရှိတဲ့ စိတ်ထဲကနေ လူပုံစံ ၇ မျိုးအဖြစ် ပြောင်းလဲနေတဲ့အတွက် ကုမ္ပဏီကို ဆက်ခံရေးမှာ အဟန့်အတားဖြစ်လာခဲ့ပြီး နေ့စဉ်လူမှုဘဝမှာပါ အရှုပ်အထွေးတွေ ဖြစ်လာခဲ့ပါတယ်။ ဆရာဝန်မလေး အိုရဲ့ အမြွှာအကို အိုရီအွန်ကတော့ ပါရမီရှင်စာရေးဆရာတယောက်ဖြစ်ပြီး ချာဒိုဟွန်းတို့ မိသားစု နောက်ကွယ်က လျှို့ဝှက်ချက်တွေနဲ့ ဇာတ်လမ်းအရှုပ်အရှင်းတွေကိုဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ သူတို့ ၃ ဦးကြားက ထူးဆန်းတဲ့ ချစ်ခြင်းမေတ္တာတရားကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး တခုဖြစ်ပါတယ်။

Reviewed by Y Nay
KnKstore-Online မှ တင်ဆက်သည်။
Download Link
---------------------

Incredibles 2 (2018) မြန်မာစာတန်းထိုး WED DL Version

Synopsis

Incredible 1 ကြည့်ဖူးတဲ့သူဆိုရင်တော့ Incredible 2ကိုကြိုက်မယ်ဆိုတာအသေအချာပါ ဒီဇာတ်လမ်းမှာတော့ Mr Incredibleတို့လို စူပါဟီးရိုးတွေဟာ တရားဝင်တဲ့စူပါဟီးရိုးတွေဖြစ်မလာသေးပါဘူး ဒီဇာတ်လမ်းအစမှာ တော့Mr Incredible တို့မိသားစုဟာ Underminer ဆိုတဲလူဆိုးကို လိုက်ဖမ်းစီးဖို့ကြိုးစားခဲ့ပေမယ့်လဲ မဖမ်းမိဘဲ မြိုထဲကို အထိအခိုက်အဆုံးအရှုံးတွေတာဖြစ်လာစေပါတယ် ကောင်းကျိုးထက်ဆိုးကျိုးတွေကိုဘဲမြင်တဲ့ ပြည်သူနဲ့ရဲတွေရဲ့ တွန်းအားပေးမှုတွေကြောင့် Mr Rick Dicker က Mr Incredible တို့ကို့တာဝန်မှရပ်စဲလိုက်ပါတယ် အဲ့နောက်မှာတော့Mr Incredible တို့မိသားစုဟာအလုပ်လက်မဲ့ဖြစ်သွားတဲ့အချိန် မမျှော်လင့်ဘဲ သူဌေးတစ်ယောက်ရဲ့ အလုပ်ကမ်းလှမ်းခြင်းကိုခံခဲ့ရဲပြီး Mrs Elastigirl ဟာထိုသူဌေးရဲ့ နည်းပညာအကူအညီတွေနဲ့ပေါင်းစပ်ပြီး စူပါဟီးရိုးတွေကို တရားဝင်နာမည်ပြန်ရလာဖို့ ဘယ်လိုကြိုးစားခဲ့တာလဲဆိုတာကိုတော့ ဟာသလေးတွေပါနှောပြီး စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုမှာဖြစ်ပါတယ်ဗျာ
Reviewed by Thet Naing Aung

File Size : (850 MB) and (380 MB)
Quality : WEB-DL 720p
Running Time : 1h 58min
Format : Mp4
Genre : Animation , Action , Adventure
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.WEB-DL.DD5.1.H264-CMRG
Translated by Zuel Khant Thwin
Encoded by Thanhtike Zaw

Download Link
------------------
Large Openload Link

Large Megaup Link

Small Megaup Link

Sunday, October 21, 2018

Athena Goddess of War (မြန်မာစာတန်းထိုး)


ဒီတစ်ခါတော့ အက်ရှင် စုံထောက်ကားမျိုးလေး တစ်ကားတင်ပေးလိုက်ပါမယ် .... Iris တို့ လို အက်ရှင်ကြမ်းကြမ်းလေးကို ကြိုက်ခဲ့မယ်ဆိုရင် အခုကားလေးလည်း ကြိုက်ကြမယ်ထင်ပါတယ် .... စုစုပေါင်း အပိုင်း (၂၀) ရှိပါတယ်.............ခင်ဗျားသာ Iris Series Fan ဆို ဒီကားကိုကြိုက်မှာသေချာပါတယ်

Translated By:Yangon Movie Store

Download Link
------------------------
Episode 1 (630MB)

Episode 2 (630MB)

Episode 3 (640MB)

Episode 4 (640MB)

Episode 5 (640MB)

Episode 6 (640MB)

Episode 7 (630MB)

Episode 8 (630MB)

Episode 9 (640MB)

Episode 10 (640MB)

Episode 11 (640MB)

Episode 12 (670MB)

Episode 13 (645MB)

Episode 14 (630MB)

Episode 15 (650MB)

Episode 16 (640MB)

Episode 17 (640MB)

Episode 18 (625MB)

Episode 19 (630MB)

Episode 20 (620MB) END

The Good Doctor {Season 2} မြန်မာစာတန်းထိုး

Synopsis of The Good Doctor {Season 2}

Fan တွေ အသဲစွဲ The Good Doctor TV Series ရဲ
Season 2 ကို ထပ်မံ တင်ဆက်လိုက်ပါပြီ
ဒေါက်တာ ရှောင်န်မာဖီ ရဲ့ ဘယ်လို သည်းထိတ်ရင်ဖို
ခွဲစိတ်ခန်း အတွေ့အကြုံတွေ နဲ့ ဘယ်လိုအလွဲတွေ
ထပ်ဖြစ်အုံးမလဲ ဆိုတာရယ်…
ရှောင်န် ရဲ့ ၀န်ခံချက်နဲ့ အတူ ဆေးရုံအုပ်ကြီး ဒေါက်တာ ဂလက်စ်မန်း
နုတ်ထွက်ပေးခဲ့ရပြီး ကတိအတိုင်း ဒေါက်တာ အန်ဒရူးက
ဆေးရုံအုပ်ကြီးဖြစ်လာခဲ့ပါတယ်…
ဒေါက်တာမယ်လန်ဒက်စ် နဲ့ အားပြိုင်မှုတွေ ရှိခဲ့ပြီး
ဆေးရုံအတွက် နာမည်ရအောင် ပိုမိုတိုးတက်အောင်
လုပ်ဆောင်မှု တွေ နဲ့ အတူ ရှောင်န် ရဲ့ ရှုးကြောင်ကြောင်
ချစ်စရာ ပုံစံလေးကို ထပ်မံမြင်တွေ့ရပါအုံးမယ်…

ဒီ TV Series ကို ဘာသာပြန်ပေးသူတွေကတော့
Little Neo & May Thu တို့ပဲ ဖြစ်ပါတယ်

Good Doctor TV Series ဇတ်လမ်းတွဲ ဘာသာပြန်
တင်ဆက်ပေးလိုက်ပါတယ်

Download Link
-------------------------

 


Friday, October 19, 2018

On Your Wedding Day ( 2018 )မြန်မာစာတန်းထိုး

2018ကမှထွက်ရှိထားတဲ့ Movieအသစ်လေးပါ
ဒီဇာတ်ကားလေးကတော့ ကောင်လေးတစ်ယောက် သူ့ရဲ့ အထက်တန်းကျောင်းက အချစ်ဦးဆီက မင်္ဂလာဖိတ်စာ ရခဲ့တဲ့အကြောင်း အချစ်ဟာသ ဇာတ်မြူးကားလေးပေါ့
ပါဝင်သူတွေကတော့ D-Day , lookout, ခုလက်ရှိပြသနေတဲ့ room 9 ကားတွေနဲ့ နံမည်ကြီးနေတဲ့ မင်းသားချော kim young kwan နဲ့
မင်းသမီးကတော့ strong woman မှာ ဘုံဘုံ ကာရိုက်တာနဲ့ ချစ်စရာကောင်းတဲ့ park bo young ပဲ ဖြစ်ပါတယ်
ဒီနှစ်ယောက်ကတော့ hot young blood ကားမှာလည်း တူတူပါဝင်ထားပြီးတော့ လေးနှစ်ကြာမှ ပြန်လည်ပေါင်းထုတ်မိတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်
ဇာတ်ကားအညွှန်းကတော့
ကျောင်းမှာ စာညံ့ပြီး ဆိုးမိုက်နေတဲ့ ဟွမ်းဝူယောင်း ( kim young kwan ) တစ်ယောက်
တနေ့မှာ သူတို့ကျောင်းကို ကျောင်းသူသစ် ( park bo young ) ပြောင်းလာတဲ့ အခါမှာတော့
သူ့ဘဝဟာပြောင်းလဲသွားခဲ့တယ် ကျောင်းသူသစ်ကို လိုက်နှောက်ယှက်နေသူတွေကို အခွင့်ကောင်းယူပြီး ကျောင်းသူသစ်နဲ့ ဟန်ဆောင်တွဲခွင့်ရခဲ့ပြီး အခွင့်မကြုံခင်မှာ ခွဲခွာလိုက်ရတယ်
တနေ့ အဲကောင်မလေးက ဆိုးလ်တက္ကသိုလ်တခုမှာ တက်နေတဲ့ ဓာတ်ပုံကို တွေ့ခဲ့ပြီးနောက်မှာတော့ ဟွမ်းဝူယောင်းဟာ အပြင်းအထန် ကြိုးစားပြီး ဆိုးလ်တက္ကသိုလ် တက်ခွင့်ရခဲ့တယ်
သူရောက်သွားတဲ့အချိန်မှာတော့ ကောင်မလေးက ရည်းစားအသစ်ရနေခဲ့ပြီ
အဲဒီမှာပဲ ရည်းစားသစ်နဲ့ ဘယ်လိုလက်ရည်ယှဉ်ကြမလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ပြီးတော့ ခွီးလိုက်ကြပါ

Ratingမှာလည်း IMDb 8.1/10,TMDb 6.0/10 ,
Mydramalist. 8.7/10ထိရရှိထားပါတယ်

Translated by Phone Min Khant,Nan Thu Zar & Hnin Moh Moh Lwin
Encoded by Sandar Lwin

Download Openload Link (700MB)HD Rip





Wednesday, October 17, 2018

OUR TIMES (2015) မြန်မာစာတန်းထိုး

ပရိတ်သတ်တွေထဲမှာ
ငယ်ငယ်က ကြိတ်ကြွေခဲ့ရတဲ့ အချစ်ဦးလေးတွေနဲ့ပတ်သက်ပြီး သတိရလွမ်းနေရတဲ့သူလေးတွေရှိပါသလားA crazy little thing called love ဇာတ်လမ်းလေးလို ကြည်နူးစရာဇာတ်လမ်းတွေမှ ကြည့်ချင်တဲ့သူတွေအတွက် လာပါပြီနော်
ကျောင်းသားအရွယ်အချစ်ဇာတ်လမ်းလေး
ကိုယ်သဘောကျတဲ့သူနဲ့ တွေ့ပြီးမှ ထူးထူးခြားခြားပြောင်းလဲ လိမ္မာသွားကြတဲ့အကြောင်း
အချစ်ဆိုတာ ဘယ်အချိန်ဝင်လာလိုက်လဲမသိလိုက်ခင်မှာပဲ ကိုယ့်စိတ်ထဲသူရောက်နေတာကို သိလိုက်ရတဲ့အဖြစ်လေးတွေအကြောင်း
ချစ်စရာကောင်းတဲ့ ရိုမန်တစ်ဇာတ်ကားလေးတွေမှ ကြိုက်တတ်တဲ့သူတွေအတွက် Our Times ကားလေးတင်ပေးလိုက်ပါတယ်နော်
A crazy little thing called love လိုမျိုး ဘယ်သူ့အတွက် ဘယ်ဇာတ်ကောင်တွေက ဘယ်လိုtransformation ဖြစ်သွားမလဲ
ဘယ်လို dialogue လေးတွေ ရင်ထဲထိမလဲဆိုတာကို
ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ
IMDB : 7.4
Genre : Romance /Comedy /Melodrama
Run Time :134min
Size : 960 MB / 450MB
Translated by Uki
Reviewed by Uki
Encoded by Ar Ker Lin (14)

Download Link
-----------------
Small Openload Link

Large Openload Link

Saturday, October 13, 2018

Love Just Come ( 2017 ) မြန်​မာစာတန်းထိုး

Series အရှည် အပိုင်း ၅၀ကျော် ဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။
ချင်းလင်လို့ခေါ်တဲ့ကောင်မလေးက ငယ်ငယ်ကတည်းက သူ့အဖေက အမွှေးရနံ့တစ်ခုကို တီထွင်ဖို့ကြိုးစားရင် ဓါတ်ခွဲခန်းမီးလောင်မှုနဲ့ အတူ သေဆုံးခဲ့ရသူ။
အမေဖြစ်သူကလဲ သူ့သမီးကို ထားခဲ့ပြီး နောက်ယောကျာ်းတစ်ယောက်ကိုယူခဲ့လို့ မိဘမဲ့တစ်ယောက် ဖြစ်ခဲ့ရပါတယ်။ အဲ့အချိန်မှာ အဖွားဖြစ်သူက လိုက်ရှာပေမယ့် မတွေ့ဆုံခဲ့ရပါဘူး။
အသက် အရွယ်ကြီးလာတော့ ဟွားချင်းလင်လို့ ခေါ်တဲ့ မင်းသမီးချောလေး (Jiang Kai Tong) ကတော့ မိဘမဲ့ဂေဟာကနေကြီးပြင်းလာပြီးဘွဲ့ရရှိခဲ့ပါတယ်။
အဲ့အချိန် အဖွားဖြစ်သူနဲ့ အမှတ်မထင်ဆုံတွေပြီး မြေးအဖွား အစစ်တွေဆိုတာ မသိကြပဲ အတူတူ နေထိုင်ပြီး အဖေဖြစ်ခဲ့သူရဲ့ ရေမွှေးကို ထပ်မံရှာဖွေခဲ့ပါတယ်။
တစ်ချိန်ထဲမှာပဲ မင်းသားဖြစ်သူ သွမ့်ထျန်းလန်ကတော့ ချင်းလင်ရဲ့ အမေဖြစ်သူကို မိထွေးနေရာက ဆက်ဆံထားရပါတယ်။
သွမ့်ထျန်းလန်ကို တစ်ဖက်သတ်ကြိုက်နေတဲ့ မိန်းကလေးကတော့ ရှန်းရှန်းလို့ခေါ်တဲ့ ချင်းလင်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပါပဲ။
ရှန်းရှန်းကလဲ သွမ့်ထျန်းလန်ကို ရဖို့အတွက်နဲ့ ချင်းလင်ကို ကောက်ကျစ်တဲ့စိတ်ထားခဲ့ပါတယ်။
ဒုတိယ မင်းသားနေရာကနေတော့ ဒင်းဟိုင်းလို့ ခေါ်တဲ့ ချင်းလင်ရဲ့ ချစ်သူအဖြစ်ရှိနေသူတစ်ယောက်ပါ။
ဒင်းဟိုင်းကလဲ သူ့စိတ်ထဲမှာ ချမ်းသာဖို့ အတွက် ချင်းလင်ကို လှေကားလို အသုံးချချင်သူတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
မိသားစု အရှုပ် အထွေးတွေ ဒင်းဟိုင်းရဲ့ ရက်စက်ပြီး ကောက်ကျစ်တဲ့ပုံစံတွေ ရှန်းရှန်းရဲ့ လှည့်ကွက်တွေ ရက်စက်တက်တဲ့ပုံစံတွေ ကို တွေ့မြင်ရမှာဖြစ်ပါတယ်။
***နောက်ဆုံးမှာ ဒင်းဟိုင်နဲ့ ချင်းလင် ဘယ်လိုဖြစ်မလဲ။
***သွမ့်ထျန်းလန်ကကော ရှန်းရှန်းရဲ့ လှည့်ကွက်တွေကို သိသွားမလား။
***သွမ့်ထျန်းလန်ရဲ့ မိထွေကကော ချင်းလင်ဆိုတာ သူ့သမီးဆိုတာ သိသွားမလား။
***ချင်းလင်တို့ မိသားစုတီထွင်လာခဲ့တဲ့ ရေမွှေးကရော အောင်မြင်မလား။
ဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးမို့လို့ MMATV ရဲ့ ပရိသတ်တွေ သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

Thursday, October 11, 2018

The Flash Season 5 - ( မြန်မာစာတန်းထိုး)

Synopsis of The Flash Season (5)

အားလုံးစောင့်မျှော်နေကြတဲ The Flash Season 5 ပြန်ပြီးစတင်ပါပြီ…
Season 4 မှာ အတွေးခေါ်စွမ်းအားရှင်ဖြစ်တဲ့ Thinker တဖြစ်လဲ ဒီဗိုးကို
အနိုင်ယူလိုက်ပြီးနောက်ပိုင်းမှာ Season 5 ပြန်လည်စတင်ဖို့အတွက်
ပြသနာအကြီးကြီးတစ်ခုဖြစ်လာပါတော့တယ်….
အားလုံးလည်းသိကြတဲ့အတိုင်းပဲ
CrossOver:Crisis On Earth X မှာ ဘယ်ရီတို့ရဲ့မင်္ဂလာပွဲမှာကောင်မလေးတစ်ယောက်
မထင်မှတ်ပဲပေါ်လာခဲ့ပါတယ်…
နောက်ပိုင်းတွေမှာလည်း အဲကောင်မလေးဟာ ဘယ်ရီတို့နားမှာ
အရိပ်တစ်ခုလိုပေါ်လာနေတတ်ပါတယ်…
နောက်ဆုံး ဒီဗိုးကိုအနိုင်ယူလိုက်တဲ့အခန်းမှာ
ဓာတ်ခွဲခန်းရဲ့ ဂြိုလ်တုကို ဖျက်ဆီးတဲ့အချိန်မှာ ဘယ်ရီနဲ့အတူနောက်ထပ်
အမြန်လူသားတစ်ယောက်ရှိနေခဲ့ပါတယ်….
ဘယ်သူလဲဆိုတာ လူတိုင်းစိတ်ဝင်စားခဲ့သလို Season 4 မှာလည်း
လူတိုင်းအဖြေထုတ်အငြင်းပွားခဲ့ပါတယ်…
ဒီအဖြေကို ဒီ Season 5 မှာ ပြန်လည်ဖြေရှင်းပေးလိုက်ပါတယ်…
အဲကောင်မလေးနာမည်ကတော့ နိုရာဝက်စ်အယ်လန် ဖြစ်ပြီးတော့
ဘယ်ရီအယ်လန် နဲ့. အိုင်းရစ်ဝက်စ်အယ်လန် တို့ရဲ့
အနာဂါတ်ကလာတဲ့ သမီးလေးဖြစ်ပါတယ်…
နောက်ပြီးတော့ ဒီကောင်မလေးကလည်း ဘယ်ရီကိုကိုယ်စားပြုတဲ့
အ၀ါရောင်အလင်းတန်းနဲ့ အိုင်းရစ်အမြန်လူသားဖြစ်ခဲ့စဉ်ကထွက်ရှိခဲ့တဲ့ 
ခရမ်းရောင်အလင်းတန်းပေါင်းစပ်ထားတဲ့ အမြန်လူသားတစ်ယောက်ဆိုတာပါပဲ….
ဒီကောင်မလေး ဘာလို့ သူ့မိဘတွေရှိတဲ့ အတိတ်ကိုပြန်လာခဲ့ရတာလဲဆိုတာကိုတော့
အားလုံးပဲ အတူတူခံစားကြည့်လိုက်ရအောင်လားဗျာ….

Translator ….. Aye Mon Kyaw
Encoder ……. Moe Myint Lwin

Download Link
---------------------
Episode 1 - Openload LinkMegaup Link

Wednesday, October 10, 2018

ImaginationLand (2018) မြန်မာစာတန်းထိုး

Synopsis

ကာတွန်းကားကြိုက်​တတ်​တဲ့ က​လေးမကျလူကြီးမကျ ချစ်​ဖို့​ကောင်းတဲ့ ကာတွန်းကားfan​လေး ​တွေအတွက်​ သူငယ်​ပြန်​ဖို့အချိန်​ကျ​ရောက်​လို့လာပါပြီ…
Axel နဲ့ Scout ဟာ အ​ကောင်းတကာ့အ​ကောင်းဆုံး ပုံပြင်​​တွေကို လိုက်​လံပို့​ဆောင်​တဲ့ Horse Play အဖွဲ့​လေးဖြစ်​ပါတယ်​..တစ်​​နေ့မှာ​တော့ ဇီးကွက်​ကြီး Barney က ​တောအုပ်​ထဲမှာပျံသန်း​နေရင်းက​နေ ဆံပင်​အညို​ရောင်​နဲ့ က​လေး​လေးတစ်​​ယောက်​ဟာ သူ့ကိုလှမ်း​ခေါ်လိုက်​တာကိုကြားရပါတယ်​…
ကောင်​​လေးက ဇီးကွက်​ကြီး Barneyကို က​လေး​တွေ ပုံပြင်​အသစ်​လိုချင်​​နေတဲ့အ​ကြောင်း ပုံပြင်​အသစ်​ကိုရှာ​ပေးဖို့ ​တောင်းဆိုပါတယ်​…
ဒါနဲ့ပဲ ဇီးကွက်​ကြီး barney က Horseplay အဖွဲ့ကို ပုံပြင်​အရှာလွှတ်​လိုက်​ပါ​တော့တယ်​…
ပုံပြင်​ရဲ့ နိဒါန်း​လေးကို barney ကပဲ အစပျိုး​ပေးလိုက်​ပြီး ကျန်​တဲ့အပိုင်း​တွေအတွက်​ axel နဲ့ scout တို့ စိတ်​ကူးယဉ်​ကမ္ဘာ​လေးထဲမှာ ဘယ်​လိုစွန့်​စားခန်း​တွေဖွင့်​ပြီးဇာတ်​လမ်း​အသစ်​​တွေ ရှာပုံ​တော်​ဖွင့်​ကြမလဲဆိုတာကြည့်​ရှုရမှာဖြစ်​ပါတယ်​..
ချစ်​စရာanimation character​လေး​တွေနဲ့
တကယ့်​ကို က​လေးဆန်​ဆန်​ သူငယ်​ပြန်​လို့​ကောင်းတဲ့ ကာတွန်းကား​လေးဖြစ်​ပါ​ကြောင်း…

Imdb rating- N/A
Runtime – 1 hr 6 min
Genre – adventure/action/animation
Quality – Webdl
Size – 500/220 MB
Reviewed and translated by Soulsubs team
Encoded by Lwin Naung

Download Link
---------------------
Large Openload Link

Small Openload Link

Large Dropbox Link



Tuesday, October 9, 2018

The Chaser (2012) မြန်မာစာတန်းထိုး

ynopsis of The Chaser

Fan တွေကို ၂၀၁၂ ၀န်းကျင်က အောင်မြင်ခဲ့တဲ့
တီဗီဇတ်လမ်းတွဲလေး တစ်ခု နဲ့ မိတ်ဆက်ပေးပါမယ်
ဘတ်ဟွန်းဆော့ ဆိုတဲ့ ရဲ တစ်ယောက်ဟာ ရိုးသားပြီး
အများကို ကူညီတက်သလို မတရားမှုတွေကိုလဲ
လက်ပိုက် ကြည့်မနေတက်ပါဘူး သူ့မှာ ချစ်ရတဲ့
ဇနီး နဲ့ အထက်တန်း တက်နေတဲ့ သမီးလေး ရှိပါတယ်
တစ်ရက်မှာတော့ သမီးလေး Show ပွဲ တစ်ခုကြည့်ပြီးအပြန်
ကားတိုက် ခံလိုက်ရပါတယ်
ကားတိုက်ခံရတဲ့ အရှိန်နည်းနည်းလျော့လို့ သတိလည်နေသေးပေမယ့်
ကားနဲ့ တိုက်တဲ့ သူတွေက အမှုပတ်မှာ ဆိုးလို့ မသေမချင်း ကားနဲ့
နောက်ပြန်လှည့်ပြီး ဘီးနဲ့ ကြိတ်ပါတယ် မသေမချင်းပါ
ကလေးမလေးကတော့ ငိုပြီးသာ အကူအညီတောင်းနေခဲ့ရပါတယ်
နောက်မှာတော့ ကလေးမလေး မသေပဲ ဆေးရုံရောက်ခဲ့ပြီး
ဖခင်ဖြစ်သူကလဲ အမှု လိုက်စုံစမ်းတဲ့ အခါမှာ
ဒါပေမယ့် သူလိုက်နေတဲ့ တရားခံက ကိုရီးယားနိုင်ငံရဲ့
လက်တံရှည်တဲ့ အကြီးဆုံး ခရိုနီ ကြီး ရဲ့ သမီးဖြစ်ပြီး
ဝန်ကြီးချူပ်လောင်း ရဲ့ ဇနီး ဖြစ်နေတယ်ဆိုတာကိုတော့
သူ မသိခဲ့သော အခါ…..
ဒီဇတ်လမ်းလေးဟာ ငွေများတရားနိုင် ဥပဒေကို လက်တလုံးခြားလုပ်နိုင်တဲ့
ခရိုနီ တွေ နဲ့ မဲလိမ် မဲဆွယ် နောက်ကွယ်မှာ ငွေဖြူ ငွေမဲ တွေ ကစားတဲ့
အစိုးရ ၀န်ကြီးတွေ နဲ့ ခရိုနီတွေ လက်ဝါးရိုက်နေတဲ့ကစားကွက်တွေကို
မီးမောင်းထိုးပြလိုက်သလိုပါပဲ…
ကြည့်ရှုရင်း ဆက်တိုက်ကြည့်ချင်လာအောင် စွဲဆောင်နိုင်ပါတယ်
Fan တွေလဲ ဇတ်လမ်းကောင်းတစ်ခုမို့ လက်မလွှတ်ပဲ
ကြည့်ရှုလိုက်ကြပါအုံး
ဒီဇတ်လမ်းတွဲကို ဘာသာပြန်ပေးထားတာကတော့
Shain Htet Naing ဖြစ်ပြီး Thit San Khant မှ
တင်ဆက်ပေးထားပါတယ်။

Download Link
---------------------



Monday, October 8, 2018

Let's Eat (3) မြန်မာစာတန်းထိုး

식샤를 합시다 3 (2018)
အအခုတစ်ခါတင်ဆက်ပေးမှာတော့ အစားအသောက်
ကြိုက်သူများအတွက် သီးသန့် ဟာသကားလေးဖြစ်ပါတယ်
အစကတော့မတင်ဘူးဆုံးဖြတ်ထားပေမယ့်
လာတောင်းနေကြတာရယ် sis တယောက်ကလည်း
ကူပေးမယ် ဆိုတာနဲ့တင်ဖြစ်သွားတာပါ
အဓိကသရုပ်ဆောင်များအနေဖြင့်
Splash Splash Love ,Radio Romance ထဲက
မင်းသားချော Yoon Doon Joon
Jugglers ,I Summon You, Gold! ထဲက
မင်းသမီးချော Baek Jin Hee.
Strong woman Do Bonng Son,Circle,
Good Witch ထဲကမင်းသားချော Ahn Woo Yeonအပြင်
Eulachacha Waikiki ထဲက
မင်းသမီး Lee Joo Woo  တို့ကအဓိကပါဝင်ထားပါတယ်
<<<<<<<<<ဇာတ်လမ်းအကျဉ်း >>>>>>>>
ကျောင်းနေရင်း  အဆောင် အခက်အခဲကြောင့်
ဈေးသက်သာပြီး သင့်တော်တဲ့အခန်းလေး ဌားနေဖြစ်ခဲ့တယ်
အများကိုကူညီပေးတတ်ပြီး အဖေတူ အမေကွဲ အမထောက်ပံ့
ပေးရင်း သူနာပြုသင်တန်းတက်ရတဲ့ကျောင်းသူလေး
အခန်း ချင်းကပ်ရက် နေရင်း ရင်းနှီး လာခဲ့တယ်
ဖွင့်မပြောပေမယ့် အချစ်ဦးရယ်ပါ
အမှတ်မတက်ခွဲခွာရပြီး 14နှစ်အကြာ 
အိမ်ချင်းကပ်ရက်ပြန်လည်စုံတွေ့သောအခါ.....
သူတို့အချစ်တွေပြန်လည်ပေါက်ဖွားနိုင်ပါ့မလား..,
ကောင်လေးမှာရှိနေတော့ ဘယ်လိုတွေဆက်ဖြစ်မလဲ......
* အထူးသတိပေးချက် အစားတလိုင်းဖြစ်ပြီး စားသောက်ခန်း
 များစွာပါဝင်တာကြောင့် ဗိုက်ဆာနေချိန်မကြည့်သင့်ပါ *

Download Link
-----------------------







Sunday, October 7, 2018

Egon Schiele: Death and the Maiden မြန်မာစာတန်းထိုး

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့
ဥရောပရုပ်ရှင်ပွဲတော်မှာ Egon Schiele ဆိုတဲ့
ရုပ်ရှင်ကားကို ဆင်ဆာအကြောင်းပြပြီး
ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ပိတ်ပင်ခဲ့တယ်၊
Nude Art,Erotic Art ကို ရေးဆွဲတဲ့ ပန်းချီဆရာ
Egon Schiele ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့
ဒီဇာတ်ကားမှာ Egon ရဲ့ Nude Art ပန်းချီဆွဲတဲ့နေရာမှာ
ဘယ်လိုအနုပညာဈန်ဝင်စားလည်းဆိုတာကို
ရိုက်ပြထားတာဖြစ်တာကြောင့် အဖော်အချွတ်တွေ
ပါတယ်ဆိုပြီး ဒီကဆင်ဆာအဖွဲ့က ပိတ်ပင်လိုက်တာပဲ
ဖြစ်ပါတယ်၊
ပန်းချီဆရာ Egon ဘဝက ထူးဆန်းဖွယ်ကောင်းတယ်၊
အသက် ၂၈ အရွယ်မှာ အပြင်းဖျားရောဂါကြောင့်
သေဆုံးသွားခဲ့ပေမယ့် ယနေ့အချိန်ထိ သူရေးဆွဲခဲ့တဲ့
ပန်းချီကားတွေက နာမည်ကျော်လူကြိုက်များပြီး
ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိနေပါပြီ၊
သူ့ရဲ့ အနုပညာအပေါ်မှာ ဘယ်လောက်ရူးသွပ်လည်းဆိုတာကို
ဒီဇာတ်ကားထဲမှာ တွေ့ရမှာပါ၊

လွမ်းဆွေးဖွယ်ကောင်းသော နောက်ခံတီးလုံးနဲ့အတူ
၁၉၀၀ ပြည့်နှစ် သြစတေးလျနောက်ခံဇာတ်လမ်းက
သင့်ကို ထိုင်ရာမထဆွဲခေါ်သွားမှာပါ၊Egon ရဲ့
အနုပညာဈာန်ဝင်စားမှု၊ သူ့ရဲ့နှလုံးသားရေး၊သူ့ရဲ့
နောက်ဆုံးနေ့ရက်တွေအကြောင်းကို ရိုက်ကူးထားပြီး
ကမ္ဘာကျော်ပန်းချီဆရာရဲ့ ဘဝကိုသိရှိနားလည်စေမှာပါ၊

Sex ခန်းတွေမပါဝင်ပေမဲ့ nude အခန်းတွေပါဝင်တာ
ကြောင့် မိသားစုနဲ့တော့ ကြည့်ဖို့အဆင်မပြေပါဘူး၊

ဒီရုပ်ရှင်ကားကို Shain Htet Naing မှ ဘာသာပြန်ပေးထားပြီး
Movie ရဲ့ Review ကိုတော့ ကို Zin Ko Ko မှ ရေးပေးထားပါတယ်

Download Link
----------------------------



Tuesday, October 2, 2018

The Little Mermaid (2018)) မြန်​မာစာတန်းထိုး

Synopsis

ဟိုးရှေးရှေးတုန်းကပေါ့….. နက်ရှိုင်းတဲ့ ပင်လယ်အဏ္ဏ၀ါကြီးထဲမှာ ရေဘုရင်ကြီး၊ ဘုရင်မကြီးနဲ့ ရေသူမမင်းသမီးလေး ၆ပါး နေထိုင်ခဲ့ကြတယ် ရေသူမလေးတွေဟာ သူတို့ရဲ့ အသက် ၁၅နှစ်ပြည့်မွေးနေ့မှာ ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် ပင်လယ်ရေမျက်နှာပြင်ပေါ် တစ်ရက်တိတိ လည်ပတ်ခွင့်ရကြသတဲ့ ဒီလိုနဲ့ တစ်နေ့ကျတော့ ၆ယောက်မြောက် အငယ်ဆုံးရေသူမလေးရဲ့ ၁၅နှစ်ပြည့်မွေးနေ့ ရောက်လာခဲ့ပါရော တိုက်ဆိုင်တယ်လို့ဆိုရမလား….. အဲဒီ့နေ့မှာပဲ အငယ်ဆုံးရေသူမလေးဟာ သင်္ဘောပျက်ပြီးရေထဲကျလာတဲ့ မင်းသားလေးတစ်ပါးကိုကယ်တင်ရင်း တမ်းတမ်းစွဲချစ်မိသွားခဲ့တယ် ဘယ်လောက်ထိချစ်မိသွားလဲဆိုရင် မင်းသားလေးရှိရာ ကုန်းမြေပေါ်ကိုလိုက်သွားဖို့ မှော်ဆရာကြီးတစ်ယောက်ကို အကူအညီတောင်းမိပြီး လူသားတွေလို ခြေထောက်နှစ်ဖက်ရလာအောင် သူ့ဝိဉာဉ်နဲ့ အလဲအထပ်လုပ်ပါ့မယ်လို့ ကတိပေးခဲ့မိတယ် အကယ်၍ သူမသာ မင်းသားလေးနဲ့မဆုံဆည်းဖြစ်ခဲ့ရင် နောက်ထပ်အချစ်စစ်အချစ်မှန် မတွေ့မချင်း သူမရဲ့ဝိဉာဉ်က မှော်ဆရာကြီးရဲ့ ထာဝရအကျဉ်းသားအဖြစ် နေပေးပါ့မယ်တဲ့ ဒါပေမယ့်….. ရေသူမလေး ကုန်းပေါ်ရောက်လာချိန်မှာ မင်းသားလေးက ချစ်သူရှိနှင့်ခဲ့ပြီလေ သနားစရာရေသူမလေးခမျာ ချစ်ဦးသူကိုဆုံးရှုံးရတဲ့အပြင် သူမရဲ့ဝိဉာဉ်ကို မှော်ဆရာကြီးဆီ ထာဝရ အပ်နှင်းလိုက်ရတော့တာပေါ့ ကဲ….. အချစ်ကိုဦးစားပေးခဲ့တဲ့ ရေသူမလေးရဲ့ဘ၀ကံကြမ္မာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ပရိသတ်ကြီး သိချင်နေရောပေါ့ The Little Mermaid (2018) ဟာ ကြားဖူးကြည့်ဖူးနေကျ ရေသူမပုံပြင်တွေ၊ ဇာတ်လမ်းတွေနဲ့ မတူကွဲထွက်နေတဲ့အပြင် သားသားမီးမီးတွေ၊ တူတူမလေးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် ကြည့်ရှုအားပေးနိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် အခုပဲ ကြည့်လိုက်ကြစို့နော်
Translated And Reviewed By May Myat Thu
Encoded by John Burgoyne
 

Ant-Man and the Wasp(2018) မြန်မာစာတန်းထိုး

Imdb… 7.4
Rotten Tomatoes 88%
ဒီတစ်​ခါ​တော့  ​စောင့်​စား​မျှော်​လင့်​​နေကြတဲ့
Antman and The Wasp ကို တင်​ဆက်​လိုက်​ပါတယ်​။
ဓာတ်​ပြား​ဟောင်းကြီး ပြန်​ဖွင့်​ရ​တော့မယ်​ဆိုရင်​ဖြင့်
Marvel Cinematic Universe ရဲ့ Phase 3
ကုန်​ဖို့ ၂ကားအလို ကားပါ။
Civil War ကာလအပြီးမှာတော့  ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး Ant-Man ဟာ​ခြေချုပ်​ကျလို့​နေပါတယ်​။
ဟန့်​ပမ်​ က​တော့ သူ့သမီးနဲ့အတူတစ်​ခါတုန်းက ကွမ်​တမ်​ နယ်​​မြေအမှုန်​​အောက်​​သေးငယ်​တဲ့ ရပ်​ဝန်းမှာ
ပိတ်​မိသွားခဲ့တဲ့ သူ့ဇနီးကို ပြန်​ကယ်​ဖို့ ကြိုးစား​နေပါတယ်​။
ခြေချုပ်​ကျ​နေတဲ့ စ​ကော့ ဟာကွမ်​တမ်​နယ်​​မြေထဲက ဟန့်​ခ်​ မိန်းမ
ဆက်​သွယ်​သံ ကြားရ​ကြောင်း ဟန့်​ကို ​ပြောတဲ့အခါ
Size up လုပ်​ထားတဲ့ ပုရွတ်​ဆိတ်​တစ်​​ကောင်​နဲ့အစားထိုးပြီး ​ခေါ်ထုတ်​သွားခဲ့ပါတယ်​။
ဟန့်​ မိန်းမနဲ့ ဆက်​သွယ်​နိုင်​မဲ့ ချုံ့ထားတဲ့ အိတ်​​ဆောင်​ ဓာတ်​ခန်းခွဲအတွက်
လိုအပ်​တာ​တွေ ဝယ်​ရင်း သူ့တို့လိုပဲ ဓာတ်​ခွဲခန်းကို လိုအပ်​​နေဆဲ့
Ghost ဆိုတဲ့ သရဲတ​စ္ဆေလို အစွမ်းရှိတဲ့Villain တစ်​​ယောက်​နဲ့ ကြုံလာရပါတယ်​။
Marvel Fan ​တွေအကြိုက်​ Crdit Scene ချိုချို​လေး​တွေ
ပါပါ​သေးတယ်​။ နှစ်​ခုပါ။ တစ်​ခုက​တော့ IW နဲ့ဆက်​စပ်​​နေပြီး Antman အမှုန်​အဖြစ်​မလွင့့်ပြယ် သွားရတဲ့ အ​ကြောင်းအရင်း​လေးလည်း
ဖြစ်​နိုင်​ပါ​သေးတယ်​။ ​နောက်​တစ်​ခုက​တော့
Deadpool မမှီတဲ့ စခွက်​​ပြောင်​ Crd Sceneပါ။
အဆုံးနားမှာ ​ခေတ္တခဏ​လေးမို့
သတိထားကြည့်​သင့်​ပါတယ်​။
Marvel မှာ Antman ဟာသူရဲ​ကောင်းစင်​စစ်​ မဖြစ်​ခဲ့သလို
လူဆိုးလည်း မဟုတ်​ခဲ့ပါဘူး။လူသားဆန်​လွန်းတဲ့
သူ့ Character​ကြောင့်​ပဲAntman ဟာ မာဗယ်​ကား​တွေထဲ
တစ်​မျိုးတစ်​မည်​ မတူတဲ့ ခံစားမှု ရပါတယ်​။ ဘာသာပြန်တွေကတော့ CMရဲ့ ​ဂေါ်မစွံ Fa များဖြစ်​တဲ့
D3MoN, Jake(NNL),WiRa Aung နဲ့
LDRSကြီး ကိုHein Min Tun တို့မှ
ဘာသာပြန်​​ပေးထားပြီး
အညွှန်းကို​တော့  WiRa Aung မှရေးသားပေးထားပါတယ်…
File Size : (1GB) and (388 MB)
Quality : WEB-DL 720p
Format…mp4
Duration…01:58:00
Genre : Action Adventure Sci-Fi 
Subtitle : Myanmar Subtitle (Hard Sub)
Translated by  D3MoN, Jake(NNL),WiRa Aung and Hein Min Tun
Encoded by Phyo Pyae

Download Link
--------------------
Large Megaup.net Link

Small Megaup.net Link

Large Openload Link

Small Openload Link

Shopping King Louis (2016) မြန်မာစာတန်းထိုး Complete

❣️ အချစ်​အဝယ်​​တော်​❣️ ---------------------------------------- Director: Lee Sang-Yeob Writer: Oh Ji-Young  Network: MBC  Episodes...