Saturday, October 13, 2018

Love Just Come ( 2017 ) မြန်​မာစာတန်းထိုး

Series အရှည် အပိုင်း ၅၀ကျော် ဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။
ချင်းလင်လို့ခေါ်တဲ့ကောင်မလေးက ငယ်ငယ်ကတည်းက သူ့အဖေက အမွှေးရနံ့တစ်ခုကို တီထွင်ဖို့ကြိုးစားရင် ဓါတ်ခွဲခန်းမီးလောင်မှုနဲ့ အတူ သေဆုံးခဲ့ရသူ။
အမေဖြစ်သူကလဲ သူ့သမီးကို ထားခဲ့ပြီး နောက်ယောကျာ်းတစ်ယောက်ကိုယူခဲ့လို့ မိဘမဲ့တစ်ယောက် ဖြစ်ခဲ့ရပါတယ်။ အဲ့အချိန်မှာ အဖွားဖြစ်သူက လိုက်ရှာပေမယ့် မတွေ့ဆုံခဲ့ရပါဘူး။
အသက် အရွယ်ကြီးလာတော့ ဟွားချင်းလင်လို့ ခေါ်တဲ့ မင်းသမီးချောလေး (Jiang Kai Tong) ကတော့ မိဘမဲ့ဂေဟာကနေကြီးပြင်းလာပြီးဘွဲ့ရရှိခဲ့ပါတယ်။
အဲ့အချိန် အဖွားဖြစ်သူနဲ့ အမှတ်မထင်ဆုံတွေပြီး မြေးအဖွား အစစ်တွေဆိုတာ မသိကြပဲ အတူတူ နေထိုင်ပြီး အဖေဖြစ်ခဲ့သူရဲ့ ရေမွှေးကို ထပ်မံရှာဖွေခဲ့ပါတယ်။
တစ်ချိန်ထဲမှာပဲ မင်းသားဖြစ်သူ သွမ့်ထျန်းလန်ကတော့ ချင်းလင်ရဲ့ အမေဖြစ်သူကို မိထွေးနေရာက ဆက်ဆံထားရပါတယ်။
သွမ့်ထျန်းလန်ကို တစ်ဖက်သတ်ကြိုက်နေတဲ့ မိန်းကလေးကတော့ ရှန်းရှန်းလို့ခေါ်တဲ့ ချင်းလင်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပါပဲ။
ရှန်းရှန်းကလဲ သွမ့်ထျန်းလန်ကို ရဖို့အတွက်နဲ့ ချင်းလင်ကို ကောက်ကျစ်တဲ့စိတ်ထားခဲ့ပါတယ်။
ဒုတိယ မင်းသားနေရာကနေတော့ ဒင်းဟိုင်းလို့ ခေါ်တဲ့ ချင်းလင်ရဲ့ ချစ်သူအဖြစ်ရှိနေသူတစ်ယောက်ပါ။
ဒင်းဟိုင်းကလဲ သူ့စိတ်ထဲမှာ ချမ်းသာဖို့ အတွက် ချင်းလင်ကို လှေကားလို အသုံးချချင်သူတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
မိသားစု အရှုပ် အထွေးတွေ ဒင်းဟိုင်းရဲ့ ရက်စက်ပြီး ကောက်ကျစ်တဲ့ပုံစံတွေ ရှန်းရှန်းရဲ့ လှည့်ကွက်တွေ ရက်စက်တက်တဲ့ပုံစံတွေ ကို တွေ့မြင်ရမှာဖြစ်ပါတယ်။
***နောက်ဆုံးမှာ ဒင်းဟိုင်နဲ့ ချင်းလင် ဘယ်လိုဖြစ်မလဲ။
***သွမ့်ထျန်းလန်ကကော ရှန်းရှန်းရဲ့ လှည့်ကွက်တွေကို သိသွားမလား။
***သွမ့်ထျန်းလန်ရဲ့ မိထွေကကော ချင်းလင်ဆိုတာ သူ့သမီးဆိုတာ သိသွားမလား။
***ချင်းလင်တို့ မိသားစုတီထွင်လာခဲ့တဲ့ ရေမွှေးကရော အောင်မြင်မလား။
ဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးမို့လို့ MMATV ရဲ့ ပရိသတ်တွေ သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

No comments:

Post a Comment

Shopping King Louis (2016) မြန်မာစာတန်းထိုး Complete

❣️ အချစ်​အဝယ်​​တော်​❣️ ---------------------------------------- Director: Lee Sang-Yeob Writer: Oh Ji-Young  Network: MBC  Episodes...