Thursday, September 27, 2018

Fanaa (2006) မြန်မာစာတန်းထိုး

IMDb…7.2
ကဲ … အခုလိုအေးချမ်းလှတဲ့ မိုးရာသီလေးမှာ ဆွတ်ပျံကြည်နူးစရာ
အချစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေဗျာ..
ဘောလီဝုဒ်ရဲ့ ခန်း(မ်) ၃ ခန်း(မ်)ထဲက နာမည်ကြီး တစ်ယောက်ဖြစ်တဲ့ အမီးရ်ခန်း(မ်)နဲ့ အခုချိန်ထိ ချောဆဲ လှဆဲ
မင်းသမီးတစ်လက်ဖြစ်တဲ့ ကာဂျိုလ်တို့က ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းတကားလည်း ဖြစ်ပါတယ်..
သူ့ခေတ်သူ့အခါမှာ နာမည်ကြီး အောင်မြင်မှုတွေရခဲ့တဲ့အပြင်
အခုထိလည်း လူကြိုက်များဆဲ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်…
ဇာတ်ဝင်တေးချိုချိုလေးတွေ၊မှိန့်မေားစရာ နောက်ခံတေးဂီတ ၊
ရိုက်ကွင်းရှု့ခင်း ခပ်လှလှလေးတွေနဲ့ ဆွေးစရာ၊ လွမ်းမောစရာ
ကြည်နူးစရာ အချစ်ဇာတ်ကားကောင်းလေး တစ်ကားလည်း ဖြစ်ပါတယ်…
ဆုတွေအနေနဲ့လည်း ဘောလီဝုဒ်ရဲ့ အကြီးမားဆုံးဆုပေးပွဲတစ်ခုဖြစ်တဲ့
Filmfare Awards မှာ
Best Actor (female) အဖြစ် ကာဂျိုလ်
Best Playback Singer (Male) အဖြစ် Shaan
Best Lyrics အဖြစ် Parsoon Joshi
Zee Cine Awards မှာလည်း
Best Actor (female) အဖြစ် ကာဂျိုလ်
Best Playback Singer အဖြစ် Shaan တို့နဲ့
Screen Awards (2006) မှာ
Best Playback Singer အဖြစ် Shaan
စသဖြင့် ဆုပေါင်းများစွာရရှိခဲ့ပါတယ်…
ရိုမှရိုချင်တဲ့သူတွေ ကြည့်လိုက်ကြပါဗျာ …. အကြိုက်တွေ့စေရမယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်
========================================
ဇူနီဆိုတဲ့မျက်မမြင်မလေးဟာ သူငယ်ချင်းတွေနဲ့အတူ ကရှ်မီးကိုယ်စားပြု
လွပ်လပ်ရေးနေ့အခမ်းအနားအတွက် ကပြဖျော်ဖြေဖို့ ဒေလီကို သွားခဲ့ပါတယ်…
ဒေလီရောက်တော့ ရီဟန်ဆိုတဲ့ ဧည့်လမ်းညွှန်တစ်ယောက်နဲ့ ဆုံခဲ့ပါတယ်
မျက်မမြင် ဇူနီအတွက်  ရီဟန် ရဲ့ပုံသဏ္ဍန်ကို သူငယ်ချင်းတွေဆီမေးခဲ့တယ်…
 သူငယ်ချင်းတွေ ပြောပြသလောက် ရုပ်ရည်ချောမောပြီး
ကဗျာတွေစာတွေဖွဲ့နွဲ့တတ်တဲ့ မိန်းကလေးတိုင်းကြွေဆင်းလောက်သူ…
ရှေရှည်မှာ အဆင်မပြေဘူးထင်ပြီး သူငယ်ချင်းတွေက ဇူနီရဲ့ ယိုင်နဲ့နေတဲ့ခံစားချက်ကိုသိလို့
တားခဲ့ကြတယ်…သူငယ်ချင်းတွေတားတဲ့ကြားထဲက ရီဟန်ကိုချစ်မိသွားခဲ့ပါတယ်…
“မိန်းကလေးဆိုတာ ငါ့အတွက်မြို့တွေလိုပဲ
မြို့တမြို့ကိုသွားလိုက်တယ် အကျွမ်းတဝင်ဖြစ်သွားရင်
နောက်တမြို့ကို ပြောင်းသွားလိုက်တယ်
ငါ့အနားကိုမလာပါနဲ့ ဇူနီ … ဒီမုန်တိုင်းက မင်းဘဝကိုဖျက်စီးပစ်လိုက်လိမ့်မယ်”
ဒါကတော့ အချစ်ကိုအယုံအကြည်မရှိ တဲ့ ရီဟန်ရဲ့ အယူအဆတွေပါဝင်တဲ့ ပြောစကားပါပဲ..ကိုင်း
သူတို့ အဆင်ပြေမလား…ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦးဗျို့
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko Zaw Htoo ပဲဖြစ်ပါတယ်….
File Size : (1GB) and (400 MB)
Quality : Blu-Ray 720p
Format…mp4
Duration…02:48:00
Genre : Crime Drama Romance 
Subtitle : Myanmar Subtitle (Hard Sub)
Translated by Zaw Htoo
Encoded by Phyo Pyae

Download Link
==============




No comments:

Post a Comment

Shopping King Louis (2016) မြန်မာစာတန်းထိုး Complete

❣️ အချစ်​အဝယ်​​တော်​❣️ ---------------------------------------- Director: Lee Sang-Yeob Writer: Oh Ji-Young  Network: MBC  Episodes...