Synopsis
Dorm (2006) မြန်မာစာတန်းထိုး
Dorm
Ton ဆိုတဲ့ ကောင်လေးကို ရုပ်မြင်သံကြားကြည့်တာလျှော့ပြီး
စာကြိုးစားလာအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့အဖေက ကျောင်းအိပ်ကျောင်းစား
ဘော်ဒါကျောင်းတစ်ကျောင်းမှာ သွားအပ်လိုက်ပါတယ်။ တကယ်တော့ Ton အဖေဟာ
တခြားအမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်နေတာဖြစ်ပြီး အဲဒီအကြောင်းကို Ton
သိသွားတဲ့အတွက် သူ့အမေကိုပြန်မပြောအောင် အိမ်နဲ့ဝေးရာပို့လိုက်တာပဲ
ဖြစ်ပါတယ်။ ဘော်ဒါကျောင်းမှာ တစ်ကိုယ်တည်းအထီးကျန်ပြီး
မိသားစုနဲ့သူငယ်ချင်းတွေကို သတိရနေတဲ့ Ton ဟာ
အတန်းဖော်ကျောင်းသားတွေပြောပြတဲ့ သရဲပုံပြင်တွေကိုနားထောင်ပြီး
အရမ်းကြောက်လန့်နေခဲ့ပါတယ်။ အဲဒီ့ဘော်ဒါကျောင်းမှာ ရေကူးကန်ထဲ
ရေနစ်သေသွားတဲ့ ကျောင်းသားလေးတစ်ယောက်နဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့
ကိုယ်ဝန်သည်မိန်းကလေးတစ်ယောက်ရဲ့ ၀ိဉာဉ်တွေ ခြောက်လှန့်နေတယ်လို့
ကျောင်းသားတွေအကြား နာမည်ကြီးနေတာ ဖြစ်ပါတယ်။ ပိုဆိုးတာက
ကျောင်းသားလေးသေဆုံးရတဲ့အမှုမှာ ဘော်ဒါရဲ့ ကျောင်းအုပ်ကြီးကိုယ်တိုင်
ပါဝင်ပတ်သက်နေတယ်လို့ ကောလဟလတွေ ပျံ့နေတာပါပဲ။ ကြောက်လဲကြောက်
စိတ်လဲညစ်နေတဲ့ Ton တစ်ယောက် သူ့လိုပဲ အထီးကျန်နေတဲ့ Vichien ဆိုတဲ့
ကောင်လေးတစ်ယောက်နဲ့ ရင်းနှီးသွားခဲ့ပေမယ့်….. Vichien ဟာ လူစင်စစ်မဟုတ်ဘဲ
ရေကူးကန်ထဲ ရေနစ်သေသွားတဲ့ ကျောင်းသားတစ္ဆေလေးဖြစ်နေမှန်း Ton
သိသွားတဲ့အခါ….. Dorm (Dek Hor) လို့ အမည်ပေးထားတဲ့ ထိုင်း Horror/ Drama
ရုပ်ရှင်ဇာတ်ကားဟာ ထိတ်လန့်ခြောက်ခြားဖွယ် ပြကွက်တွေကို နောက်ခံထားပြီး
ဘ၀ချင်းခြားနေသူ သူငယ်ချင်းနှစ်ယောက်ရဲ့ သံယောဇဉ်ကို သဘောကျနှစ်သက်ဖွယ်
ဖော်ကျူးထားတာ ဖြစ်ပါတယ်။ တစ်ချို့ထိုင်းသရဲကားတွေလို ပြူးတူးပြဲတဲ
ပြီးစလွယ်ခြောက်ထားတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ စနစ်တကျ
ပုံဖော်တင်ဆက်ထားတာဖြစ်ပြီး IMBd 7/10 အထိ ရရှိထားတဲ့အပြင် အဓိကဇာတ်ဆောင်
Ton (Charlie Trairat) ရဲ့ ချီးကျူးလောက်စရာ သရုပ်ဆောင်မှုတွေကို
ကြည့်ရှုခံစားရမှာမို့ အခုပဲ down လိုက်ကြစို့နော်။
Reviewed by May Myat Thu
Translated by Wine Wyne
Encoded by Win Kyaw Thu
No comments:
Post a Comment