Wednesday, September 5, 2018

The Himalayas (2015) မြန်မာစာတန်းထိုး

Synopsis

The Himalayas (2015) မြန်​မာစာတန်းထိုး
===========================
ဖြစ်​ရပ်​မှန်​အ​ပေါ်အ​ခြေခံပြီး 2015 မှာ ထွက်​ရှိထားတဲ့ The Himalayas (Imdb 6.5/10) ရရှိထားတဲ့ ရုပ်​ရှင်​​​ကား​ကောင်း​လေးနဲ့ မိတ်​ဆက်​​ပေးချင်​ပါတယ်​..
တောင်​တက်​တဲ့​နေရာမှာ ဆရာတစ်​ဆူဖြစ်​တဲ့ ​တောင်​တက်​​အဖွဲ့​ခေါင်း​ဆောင်​ အမ်​ဟုန်းဂီက ဟိမဝန္တာရဲ့ ​တောင်​ထိပ်​ ၁၆ခုလုံးကို တက်​ဖို့ အိမ်​မက်​ရှိသူတစ်​​ယောက်​ပါ.. တ​စ်​​နေ့​တော့ သူက ​တောင်​​ခြေမှာရှိ​နေတဲ့အချိန်​ ဒယ်​​မြောင်းတက္ကသိုလ်​ ​တောင်​တက်​အဖွဲ့​တွေ ပိတ်​မိ​နေတဲ့သတင်းကြားပြီး သွားကယ်​ဆယ်​ခဲ့ပါတယ်​..
ဟုန်းဂီ ကယ်​ခဲ့တဲ့ ဂျူနီယာ ပတ်​မိုထက်​နဲ့ ​ပတ်​ဂျောင်​ဘို့ နှစ်​​ယောက်​ဟာ ၃နှစ်​​လောက်​ကြာတဲ့အခါ ဟုန်းဂီတို့ ​တောင်​တက်​အဖွဲ့ရဲ့ အငယ်​တန်း အဖွဲ့ဝင်​အဖြစ်​ ပါဝင်​လာခဲ့ပါတယ်​.. အစမှာ​တော့ မတည့်​​ပေမယ့်​ သူတို့အဖွဲ့ရဲ့ ပထမဆုံး​တောင်​တက်​ခရီးစဉ်​မှာ အခက်​အခဲ​တွေကို အတူတူ ဖြတ်​​ကျော်​ခဲ့ပြီး ပတ်​မိုထက်​ဟာ ​ခေါင်း​ဆောင်​အမ်​ဟုန်းဂီရဲ့ အားအထားရဆုံးတွဲဖက်​အဖွဲ့ဝင်​ ဖြစ်​ပြီး နှစ်​​ပေါင်းများစွာ အတူလုပ်​ကိုင်​လာခဲ့ကြတယ်​..
အမ်​ဟုန်းဂီရဲ့ အိမ်​မက်​​တွေမပြည့်​​မြောက်​​သေးခင်​ သူ့ေ​ခြ​ထောက်​ကျန်းမာ​ရေး​ကြောင့်​ ​တောင်​တက်​အသင်းက နှုတ်​ထွက်​ဖို့ဆုံးဖြတ်​တဲ့အခါ ပတ်​မိုထက်​ဟာ သူ့​ခေါင်း​ဆောင်​မပါဘဲ ပထမဆုံးခရီးစဉ်​ကို စတင်​ရပါ​တော့တယ်​.. အဲ့ဒီ ခရီးစဉ်​မှာပဲ မ​တော်​တဆမှုဖြစ်​ပြီး ပတ်​မိုထက်​ ပတ်​​ဂျောင်​ဘို့နဲ့ အငယ်​တန်းအဖွဲ့ဝင်​ ​ဂျောင်​ဂျယ်​ဟွန်းတို့ ၃​ယောက်​စလုံး ​တောင်​​ပေါ်က ဆင်းမလာနိုင်​​တော့တဲ့အခါ….
သူအရမ်းအားထားရတဲ့တွဲဖက်ရဲ့ ​​နောက်​ဆုံး​ခေါင်းချသွားတဲ့ ​နေရာကို ​ရောက်​ဖို့ အမ်​ဟုန်းဂီတစ်​​ယောက်​ ဘယ်​လို​တွေ တိုက်​ပွဲဝင်​မလဲ… မပြည့်​ဝ​သေးတဲ့သူ့ရဲ့ အိမ်​မက်​​ဆီကို​ရော အဆုံးထိ သွားနိုင်​ပါ့မလားဆိုတာ…
ဒီရုပ်​ရှင်​ကား​လေးမှာ မဆုတ်​မနစ်​ အားထုတ်​မှု​တွေ၊ ဆရာ တပည့်​ကြားက သံ​ယောဇဉ်​​တွေ နဲ့ ​ရေခဲ​တောင်​ရှုခင်း​တွေကို တစ်​ဝကြီး မြင်​ရမှာမို့ ကြည့်​သင့်​တဲ့ကား​လေးအဖြစ်​ တိုက်​တွန်းချင်​ပါတယ်​​နော်​…
Review & Translated by Heather San
Encoded By John Burgoyne

Download Link
-----------------------


No comments:

Post a Comment

Shopping King Louis (2016) မြန်မာစာတန်းထိုး Complete

❣️ အချစ်​အဝယ်​​တော်​❣️ ---------------------------------------- Director: Lee Sang-Yeob Writer: Oh Ji-Young  Network: MBC  Episodes...