Monday, September 3, 2018

See You Tomorrow ( 2016 ) - မြန်မာစာတန်းထိုး

တရုတ်ဇာတ်လမ်းကောင်းများကို ကြိုက်နှစ်သက်သူများအတွက် 2016 ခုနှစ် ထွက်ရှိခဲ့တဲ့ See You Tomorrow ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ …
ဝါရင့်မင်းသားကြီးတွေဖြစ်တဲ့ Tony Leung Chiu-Wai နှင့် Takeshi Kaneshiro တို့နှင့်အတူ Love O2O Movie Ver မှာ မြန်မာပရိသတ်တွေကြား လူသိများစေခဲ့တယ့် တရုတ်မင်းသမီးချောလေး Angelababy တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် …
ဇာတ်​လမ်းအကျဉ်း​လေးကို ​ပြောရမယ်ဆိုရင် –
သင်​၀မ်းနည်းစရာ ​ကြေကွဲစရာ စိတ်​ညစ်​စရာ ကြုံ​တွေ့​နေရပါသလား???
ဒါဆိုရင်​ ” မနက်​ဖြန်​​တွေ့မယ်​ ” ဘားကိုသာ သွားလိုက်​ပါ …
သင့်​ရဲ့စိတ်​ညစ်​ ၀မ်းနည်းမှု​တွေကို ​ဖြေ​ဖျောက်​နိုင်​​အောင်​ နှစ်​သိမ်​ပေးမယ့်သူက ” မနက်​ဖြန်​​တွေ့မယ်​ ” ဘားမှာ ရှိပါတယ် …
သူနာမည်​က ချန်​မို သူက​တော့ ” မနက်​ဖြန်​​တွေ့မယ် ” ဘားရဲ့ပိုင်​ရှင် … သူ လူ​တွေရဲ့ စိတ်​ညစ်​ ၀မ်းနည်းစရာ​တွေကို ​ပြေလည်​​အောင်​ နှစ်သိမ့်​​ပေးသူတစ်ယောက်လဲ ဖြစ်​ပါတယ် …
နောက်​တစ်​​ယောက်​က​တော့ ချန်​မိုညီအရင်းလို ချစ်​ခင်​ရတဲ့ ​ဂေါင်​ချန်း … ” နက်​ဖြန်​​တွေ့မယ် ” ဘားရဲ့ ရှယ်​ယာဝင်​တစ်​​ယောက်​ …
နောက်​ဆုံးတစ်​​ယောက်​က​တော့ ​ရှောင်​ယူ သူမက​တော့ ​အ​ကြောင်းတစ်​ခု​ကြောင့်ချန်​မိုရဲ့ နှစ်​သိမ့်​သူ ပညာကို သင်​ယူ​တဲ့ တပည့်​မ​လေး​ပေါ့ …
ဇာတ်​လမ်း​လေးထဲမှာ သူတိုသုံးဦးရဲ့ အချစ်​​ရေး​က​​​တော့ …
ချန်​မိုရဲ့ချစ်​သူ ဟီမူဇီ … သူတို့နှစ်​ဦးဟာ လက်​ထပ်​ဖို့အထိ ရည်​ရွယ်​ပြီးမှ ရုတ်​တရက်​ လမ်းခွဲခဲ့ရပါတယ်​ … ဒါပမယ့်​ ချန်​မို​က​တော့ ​မေ့မရခဲ့ပါဘူး ..
ချန်​မိုညီအရင်းလို ခင်​ရတဲ့ ​ဂေါင်​ချန်း ရဲ့အချစ်​ဦးဖြစ်​တဲ့ မိုမို … သူမက​တော့ မုန့်​လုပ်​တာ ​တော်​ပြီး ​ယောကျာ်း​လေးလို​နေသူတစ်​​ယောက်​လည်းဖြစ်​ပါတယ်​ … ဂေါင်​ချန်း နဲ့ မိုမိုဟာ ချစ်​သူ​တွေဖြစ်​ခဲ့ပြီး ၀မ်းနည်းဖွယ်​အ​ကြောင်း​ကြောင့် လမ်းခွဲခဲ့ရပါတယ်​ … ဒါ​ပေမယ့်​ တစ်​​နေ့​တော့ မိုမိုဟာ ပြန်​​ရောက်​လာခဲ့ပါတယ်​ … နောက်​ဆုံး ​ဂေါင်​ချန်း နဲ့မိုမိုဟာ ပြန်​အဆင်​​ပြေသွားမလား ဆိုတာက​တော့ ………
နောက်​ဆုံးတစ်​​ယောက်​က​တော့ ​ချန်​မိုရဲ့ တပည့်​​ကျော်​​မ​လေး ​​ရှောင်​ယူ … သူမဟာ ငယ်စဉ်ကတည်း​​​က တစ်​ဖက်​သတ်​ကြိုက်​ရတဲ့ အဆို​တော်​ မာလီ … မာလီလက်ထပ်ဖို့ ရည်ရွယ်ထားတဲ့​​​​​​ကောင်​မ​လေးက ​ဖောက်​ပြန်​သွားခဲ့ပါတယ်​ … ရှောင်​ယူ က မာလီရဲ့ ​ခံစားချက်​​တွေကို ကုသ​ပေးဖို့ကြိုးစားခဲ့ပါတယ် … နောက်​ဆုံးမှာ​တော့ မာလီ ကပဲ ရှောင်​ယူနဲ့ ကြိုက်သွားမလား ??? ဒါမှမဟုတ်​ မာလီရဲ့ ​ကောင်​မ​လေးနဲ့ပဲ ပြန်​အဆင်​​ပြေသွားမလားဆိုတာ​က​​တော့ ……
ဒီဇာတ်​လမ်း​လေးဟာ အချစ်​ဟာသ ​ရောစပ်​ထားတဲ့ ဇာတ်​ကား​လေးဖြစ်​တဲ့အတွက် လွမ်းရင်း​ဆွေးရင်း ရယ်​ရင်း​မောရင်း ကြည့်​ရှုရမယ့်​ ဇာတ်​လမ်း​ကောင်း​လေးဖြစ်​လိမ့်​မယ်​လို့ ယုံ ကြည်ပါတယ် …
Rating အရ IMDb မှာ 5.1/10 နှင့် Rotten Tomatoes မှာ 40% အသီးသီး ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ …
ပုံမှန်ဇာတ်ကားတွေထက် Running Time ပိုများတာကြောင့် File Size နည်းနည်း ကြီးသွားပါတယ် …


Translator : Chan Myae Thwe
Encoder : Ziven
Quality : 720p Blu-ray
File Size : 1.2 GB

Download Link
-----------------
Download Openload Link

Download Soliddrive Link

No comments:

Post a Comment

Shopping King Louis (2016) မြန်မာစာတန်းထိုး Complete

❣️ အချစ်​အဝယ်​​တော်​❣️ ---------------------------------------- Director: Lee Sang-Yeob Writer: Oh Ji-Young  Network: MBC  Episodes...