Synopsis
ဒီဇာတ်ကားကတော့ ပိုလန်နိုင်ငံက ထုတ်တဲ့ကားတစ်ကားဖြစ်ပြီး Crime Action ဇာတ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာ ရဲတစ်ယောက်အသတ်ခံရပြီးတဲ့နောက် အဲဒီအမှုကို စုံစမ်းဖို့အတွက် အတွေ့အကြုံရှိတဲ့ ရဲတွေကို တာဝန်ချပေးလိုက်ပါတယ်။
ရဲအသတ်ခံရတာဖြစ်တဲ့အတွက် အဲဒီအမှုသာ မပေါ်ဘူးဆိုရင် ရဲတွေသိက္ခာကျမှာ ဖြစ်ပါတယ်။
အဲဒီအတွက်ကြောင့် ဒီအမှုကိုလိုက်ဖို့အတွက် အရပ်ဝတ်အနေနဲ့ လူဆိုးဂိုဏ်းထဲမှာ လုပ်ရှားဖို့ အတွေ့ကြုံရှိတဲ့ ရဲတစ်ယောက်ကို သတ်မှတ်ပေးလိုက်ပါတယ်။
ဂုဏ်းဆိုတာကလည်း ဒီတိုင်း ဝင်ချင်တိုင်းဝင်လို့ မရပါဘူး။
သူတို့လည်း နောက်ကြောင်းရာဇဝင်တွေက လူဆိုးတစ်ယောက်အနေနဲ့ ကောင်းမှလက်ခံတာဖြစ်တဲ့အတွက် လူဆိုးနောက်ကြောင်းခိုင်ခိုင်လုံလုံရှိတဲ့ ရဲဇာတ်လိုက်မင်းသားကို တာဝန်ပေးလိုက်တာပါ။
အဲဒီကြားထဲ နိုင်ငံအတွင်းက လူဆိုးဂိုဏ်းနှစ်ခုကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကွက်တွေရွှေ့ရင်းက တိုက်ခိုက်မှုတွေ ဖြစ်လာပါတယ်။
အဲဒီ ဂိုဏ်းနှစ်ခုထဲက တစ်ခုထဲမှာ ဇာတ်လိုက်မင်းသားက လုပ်ရှားနေတာဖြစ်ပါတယ်။
အဲဒီအတွက် သူကကြားထဲကနေ လူဆိုးအလုပ်ကော ရဲအလုပ်ကိုပါ တစ်ပြိုင်ထဲလုပ်ရတာဖြစ်ပါတယ်။
အဲဒီလို ဗျာများတဲ့ကြားထဲကနေ အမှုကိုဘယ်လို ပြန်ဖော်မလဲဆိုတာကိုတော့ ဇာတ်အိမ်ခိုင်ခိုင် ရိုက်ထားတာဖြစ်လို့ ကြည့်ရူအားပေးလိုက်ပါဦး။

Review &Translated by Yarzar Htun
Encoded By John Burgoyne
Encoded By John Burgoyne
Download Link
==================
No comments:
Post a Comment