Synopsis
“ကျွတ် ကျွတ် ကျွတ် ကျွတ်”
တိတ်ဆိတ်လွန်းလှတဲ့ညတစ်ညမှာ
အိမ်ခေါင်မိုး မျက်နှာကြပ်မှာ ကပ်တွယ်နေတဲ့
အိမ်မြောင်ဆီက စုတ်ထိုးသံ။
သိပ်မကြာဘူး၊
ခပ်လှမ်းလှမ်းက ခွေးအူသံက ပတ်ဝန်းကျင်ကို
လွှမ်းမိုးသွားပြန်တယ်။
ထိုအချိန်. . .
အိမ်ကြီးတစ်လုံးရဲ့ ဘေးက သစ်ပင်အောက်မှာ
တစ်စုံတစ်ယောက်၊
အိမ်ကြီးကို အတန်ကြာ အကဲခတ်နေဟန်နဲ့
စူးစူးစိုက်စိုက်ကြည့်တယ်၊
အခြေအနေ ကောင်းလောက်ပြီဆိုမှ အိမ်ကြီးရှိရာကို ဒရောသောပါး ပြေးလာတယ်၊ခြံစည်းရိုးကို လွှားကနဲ ခုန်ကျော်ပြီး အိမ်တံခါးနားကို နင်ဂျာတစ်ကောင်လို ဖက်ကနဲ ကပ်လိုက်တယ်၊ပတ်ဝန်းကျင်မှာ
ဘာမှထူးထူးခြားခြား လှုပ်ရှားသက်ဝင်တာမရှိတော့ ယုံကြည်စိတ်ချစွာနဲ့ အိမ်ပေါ်ကို ဝရံတာဘက်ကနေ တက်သွားတယ်။
ဟောတွေ့ ပြီ. . .။
အိပ်ခန်းထဲကို အရောက်
သူလိုချင်နေတဲ့ ပစ္စည်းကို တန်းတွေ့ပြီ၊
Youtube က “စားကြမယ်ဟေ့ ကောင်းကောင်း “အစီအစဉ်မှာ တင်ဆက်ပေးနေတဲ့ ရက်ရက်စက်စက်
လှရက်လွန်းတဲ့ ဗိုင်ရှ်နာဗီ ခေါ် ဗိုင်ရှူးလေး၊
သူကွန်းခိုရာ အိမ်ဂေဟာရဲ့ သလွန်ထက်မှာ
စိတ်ချလက်ချ အိပ်စက် အနားယူနေပုံက
မထိရက် မတို့ရက်စရာ၊
ကိုယ့်မလည်း သူလေးကို ဖန်သားပြင်မှာ မြင်တွေ့ပါများလာတော့ မသိစိတ်မှာ စွဲလန်းလာတယ်၊
တိုက်ဆိုင်တယ်လို့ပဲ ဆိုဆို
ကံကောင်းတယ်ပဲ ပြောပြော
အသေအချာ စုံစမ်းကြည့်တော့ သူလေးနဲ့ ကိုယ်က တစ်ရပ်ကွက်တည်းသားတွေ၊
ဒါကြောင့် အခုလို သူ့အိမ်ပေါ်တက်ပြီး
ဆင်ကြံကြံမိတဲ့အထိ ဖြစ်လာတာပါပဲ။
သူ ကုတင်နားကို ပိုပြီး တိုးကပ်လိုက်တယ်၊
ကြည့်ပါဦး၊အိပ်ပျော်နေတဲ့ ဗိုင်ရှ်နာဗီလေးက
အနီးကပ်ကြည့်လေ ပိုချစ်စရာ ကောင်းလေ၊
သူ့စိတ်ထဲမှာ စိတ်ရိုင်းတွေ ဗလောင်ဆူဝေနေတယ်၊
ဖြစ်ချင်ရာဖြစ် စိတ်အလိုကို လိုက်တော့မယ်လို့
ဆုံးဖြတ်ပြီး
လက်အလှမ်း. . .
“ဝုန်း”
အင်အားကြီးတဲ့ တစ်စုံတစ်ယောက်ရဲ့
ဆောင့်တွန်းခြင်း ခံလိုက်ရသလို သူအဝေးကြီးကို
လွင့်စင်သွားတယ်။
လွင့်စင်သွားတဲ့ အရှိန်ကြောင့် သူလည်း အတော်ကြီး အီစလံဝေသွားတယ်၊
ချက်ချင်း ပြန်မထနိုင်သေးခင်မှာပဲ ဗိုင်ရှ်ဗီကိုယ်ထဲကနေ သတ္တဝါတစ်ကောင်လား ဘာလား
အမျိုးအမည် မသိတဲ့ အနက်ရောင် သတ္တဝါကြီး သူ့ဆီကိုဆင်းလာတယ်။
အင်အားကြီးတဲ့ တစ်စုံတစ်ယောက်ရဲ့
ဆောင့်တွန်းခြင်း ခံလိုက်ရသလို သူအဝေးကြီးကို
လွင့်စင်သွားတယ်။
လွင့်စင်သွားတဲ့ အရှိန်ကြောင့် သူလည်း အတော်ကြီး အီစလံဝေသွားတယ်၊
ချက်ချင်း ပြန်မထနိုင်သေးခင်မှာပဲ ဗိုင်ရှ်ဗီကိုယ်ထဲကနေ သတ္တဝါတစ်ကောင်လား ဘာလား
အမျိုးအမည် မသိတဲ့ အနက်ရောင် သတ္တဝါကြီး သူ့ဆီကိုဆင်းလာတယ်။
“သရဲ သရဲ
ကယ်ကြပါဦးဗျာ”
ကယ်ကြပါဦးဗျာ”
ကြောက်အားလန့်အားနဲ့ ကြုံးအော်၊
ရှိသမျှ အားအင် အကုန်သုံးပြီး
အိမ်ပေါ်ကနေ လွှားကနဲ သူခုန်ဆင်း
ထွက်ပြေးသွားတော့တယ်။
ရှိသမျှ အားအင် အကုန်သုံးပြီး
အိမ်ပေါ်ကနေ လွှားကနဲ သူခုန်ဆင်း
ထွက်ပြေးသွားတော့တယ်။
စူးစူးဝါးဝါး အသံနက်ကြီးကြောင့်
ဗိုင်ရှ်နာဗီ နိုးလာတယ်။
ခုန အော်သွားတဲ့အသံနက်ကြီးကတော့
တဖြည်းဖြည်းဝေးသွားပြီ။
အိမ်ကို သူခိုးကပ်နေမှာပါလို့ ခပ်ပေါ့ပေါ့ပဲ တွေးလိုက်တယ်။
အိမ်အောက်ကို ငုံ့အကြည့်မှာ နတ်ဝင်သည်လိုလို
စုန်းမ လိုလို
အဝတ်အစားအထူးအဆန်းတွေ ဝတ်ထားတဲ့
မိန်းမကြီးတစ်ယောက်က သူ့ကိုလက်ညှိုးထိုးပြီး
တတွတ်တွတ် ပြောနေတယ်
ဗိုင်ရှ်နာဗီ နိုးလာတယ်။
ခုန အော်သွားတဲ့အသံနက်ကြီးကတော့
တဖြည်းဖြည်းဝေးသွားပြီ။
အိမ်ကို သူခိုးကပ်နေမှာပါလို့ ခပ်ပေါ့ပေါ့ပဲ တွေးလိုက်တယ်။
အိမ်အောက်ကို ငုံ့အကြည့်မှာ နတ်ဝင်သည်လိုလို
စုန်းမ လိုလို
အဝတ်အစားအထူးအဆန်းတွေ ဝတ်ထားတဲ့
မိန်းမကြီးတစ်ယောက်က သူ့ကိုလက်ညှိုးထိုးပြီး
တတွတ်တွတ် ပြောနေတယ်
” သူ ပြန်လာလိမ့်မယ်
လက်စားချေဖို့ သူပြန်လာလိမ့်မယ်၊
လူတွေအများကြီး သေရလိမ့်မယ်၊
နင်နဲ့ ပဌာန်းဆက်ရှိတဲ့ သူမို့ နင့်ကို သူ့ဆီရောက်အောင် ခေါ်ပြီး
သူလုပ်စရာရှိတာတွေကို လုပ်လိမ့်မယ်….”
. . . .
လက်စားချေဖို့ သူပြန်လာလိမ့်မယ်၊
လူတွေအများကြီး သေရလိမ့်မယ်၊
နင်နဲ့ ပဌာန်းဆက်ရှိတဲ့ သူမို့ နင့်ကို သူ့ဆီရောက်အောင် ခေါ်ပြီး
သူလုပ်စရာရှိတာတွေကို လုပ်လိမ့်မယ်….”
. . . .
. . . . .
. . . . .
အထက်မှာရေးပြခဲ့တာက
ဒီဇာတ်လမ်းရဲ့ အဖွင့်ဇာတ်ဝင်ခန်းပါ
ဒီဇာတ်လမ်းရဲ့ အဖွင့်ဇာတ်ဝင်ခန်းပါ
ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောရရင်
သူငယ်ချင်းကောင်မလေးကို
အိမ်ထောင်ပြုဖို့ ကူညီပေးလိုတဲ့
စားဖိုမှူးလေး ဗိုင်ရှ်နာဗီတစ်ယောက်
အိန္ဒိယကနေ လန်ဒန်မှာ ရှိတဲ့
စားသောက်ဆိုင်တစ်ခုမှာ အလုပ်သွားလုပ်ရင်း
အမှောင့်ပယောဂတွေ
မကောင်းဆိုးဝါး ဝိဥာဉ်တွေနဲ့ ကြုံတွေ့ရပုံကို
ခမ်းခမ်းနားနား ရိုက်ပြထားတာပါ။
Horror ကား ကြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် မင်းသမီးချောချောလေး Trisha Ksishnan ကိုယ်တိုင်
ခေါင်းဆောင်ရိုက်ကူးထားတဲ့ ဒီကားလေးကို
အားပေးသင့်ပါတယ်လို့ ပြောရင်း. . .
သူငယ်ချင်းကောင်မလေးကို
အိမ်ထောင်ပြုဖို့ ကူညီပေးလိုတဲ့
စားဖိုမှူးလေး ဗိုင်ရှ်နာဗီတစ်ယောက်
အိန္ဒိယကနေ လန်ဒန်မှာ ရှိတဲ့
စားသောက်ဆိုင်တစ်ခုမှာ အလုပ်သွားလုပ်ရင်း
အမှောင့်ပယောဂတွေ
မကောင်းဆိုးဝါး ဝိဥာဉ်တွေနဲ့ ကြုံတွေ့ရပုံကို
ခမ်းခမ်းနားနား ရိုက်ပြထားတာပါ။
Horror ကား ကြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် မင်းသမီးချောချောလေး Trisha Ksishnan ကိုယ်တိုင်
ခေါင်းဆောင်ရိုက်ကူးထားတဲ့ ဒီကားလေးကို
အားပေးသင့်ပါတယ်လို့ ပြောရင်း. . .
Translated by Nyi Nyi Koe ft. Myint Thu
Review -Myint Thu (MLMC)
Encoded By John Burgoyne
Review -Myint Thu (MLMC)
Encoded By John Burgoyne
Download Link
=================
No comments:
Post a Comment